Local News Peace Web TV

ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မ တော် ကို ကရင်တိုင်းရင်းသား ဒေသခံ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ(ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်တွင် တပ်မတော်ကို ကရင်တိုင်းရင်းသား ဒေသခံ ထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ(ရုပ်/သံ)
ရန်ကုန်၊ ဇူလိုင် ၂၈
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ကျေးရွာသူ အသက် ၄၀ နှစ်အရွယ် နော်မူနော်ကို ဇူလိုင်လ ၁၆ ရက်နေ့ တပ်မတော်သား ၂ ဦးက ရွှေဆွဲကြိုးနှင့် ပစ္စည်းများ လုယက်ပြီး ပစ်ခတ်သတ်ဖြတ်မှုအတွက် တရားမျှတမှုရရှိရေး ၊ တပ်မတော်တပ်စခန်းများ ရုပ်သိမ်းရေးအတွက် ရွာပေါင်း ၁၁၄ ရွာမှ လူဦးရေ ၄၆၅၀ သည် တောင်သုံးလုံးမှ ကမမောင်းသို့ တောင်းဆိုမှုများဖြင့် ယနေ့ ချီတက်ဆန္ဒပြလျက်ရှိကြောင်း ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက်များက သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ တောင်သုံးလုံး မှ ကမမောင်း ၊ဖာပွန်အထိ ချီတက်ဆန္ဒပြကြကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts