interview political news

NLD အစိုးရခေါင်းဆောင်များ အာဏာရှိချိန် မြေကွက်ရယူမှု လုပ်ပိုင်ခွင့် အသုံးချသော အစဉ်အလာဆိုး ဆက်ခံမှု အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

NLD အစိုးရခေါင်းဆောင်များ အာဏာရှိချိန် မြေကွက်ရယူမှု လုပ်ပိုင်ခွင့် အသုံးချသော အစဉ်အလာဆိုး ဆက်ခံမှု အဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်ခံရ

By ရန်ကုန်ခေတ်သစ်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရခေါင်းဆောင်များ၊ ဝန်ကြီးများနှင့် အရာရှိကြီးများအတွက် မြေကွက်များကို နေပြည်တော်စည်ပင်က သတ်မှတ်သော ဈေးနှုန်းဖြင့် ရယူကြခြင်းမှာ လုပ်ပိုင်ခွင့်အသုံးချပြီး ရှေ့က အစိုးရ အဆက်ဆက် အသုံးပြုခဲ့သော အစဉ်အလာကို ကျင့်သုံးမှုအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြသည်။ ပြည်သူများ ဆင်းရဲနေချိန်တွင် လူထုက ရွေးကောက်တင်မြှောက်ထားသော အစိုးရအနေဖြင့် ယင်းကဲ့သို့ မဆောင်ရွက်သင့်ကြောင်း ဝေဖန်မှုများရှိနေရာ ရန်ကုန်ခေတ်သစ်သတင်းဌာနက နိုင်ငံရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ အမြင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

ဒေါ်နော်အုန်းလှ (အမျိုးသမီးအခွင့်အရေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)

သူတို့ပြောတာတော့သူတို့ကတော့ နိုင်ငံတော်ကပေးတယ်ပြောတာပဲ။ နိုင်ငံတော်မှာအာဏာရှိတဲ့ တာဝန်ရှိတဲ့ သူတွေကနိုင်ငံတော်ရဲ့နိုင်ငံသားတွေဆီကပေါ့နော်။နိုင်ငံတော်ရဲ့သူတို့ဟာမှမဟုတ်တာ တကယ်တန်းကျတော့ လေအဲဒီတော့ ယူပြီးတော့ သူတို့ ဘယ်လိုယူတယ်။ ဘယ်လိုရောင်းတယ်ဆိုတာမသိဘူးနော် အန်တီပြော ချင်တာကလေ အရင်အစိုးရက ဒီလိုပဲလုပ်တာလေ အခုလည်း ဒီလိုပဲ လုပ်ခဲ့တာလေအဲပဲမြင်တယ်လေ။

ဦးအောင်လိူင်ဝင်း (မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဒါကတော့လုပ်ပိုင်ခွင့်ကိုသုံးပြီးတော့ အခွင့်အရေးဖော်တာပေါ့နော်။ ကျန်တဲ့လူမပါဘဲနဲ့ ကိုယ့်အတွက်ကိုယ်ဖော် တာတော့မလုပ်သင့်ဘူးပေါ့။ အဲဒီတော့ကျန်တဲ့ ဥပမာ ပြည်သူတွေ အတွက်ဖော်ဆောင်တဲ့နေရာမှာ ကိုယ်ရဲ့ လစာနဲ့ဝင်ဝယ်တာမျိုးပေါ့။ ဥပမာ ဈေးချိုရင်လည်း ချိုမယ်ပေါ့။ ဒါမျိုးကတော့ မပြောလိုပါဘူး။ အခုကဝယ်ခွင့် ရတဲ့လူကလည်း သူတို့ပဲ၊ အဲဒီဝယ်ခွင့်ပေးတဲ့လူကလည်း သူတို့ပဲ။ အဲဒီလိုမျိုးပုံစံမျိုး လုပ်ထားတာတော့ဒါကတော့ မဆီလျှော်ဘူးပေါ့။

ဆိုလိုတာက နိုင်ငံတော် အဆင့်ဆိုတော့ လစာတွေရနေတာပဲလေ။ လခတွေလည်း မြန်မာနိုင်ငံမှာ အမြင့်ဆုံးလစာတွေရနေကျတဲ့ပုဂ္ဂိုလ်တွေ။ အဲဒီတော့ အဲဒီပိုက်ဆံတွေ စုဆောင်းပြီးတော့ နိုင်ငံ တကာမှာလည်း ဒီလိုပါပဲ။ ဥပမာ အမေရိကန်မှာဆိုရင် Obama ဆိုရင် ပင်စင်ယူသွားတဲ့အခါမှာ ဒီဝါရှင်တန်မှာ နေဖို့အိမ်သမ္မတအငြိမ်းစားယူပြီးမှ သူ့လခလေးတွေ စုပြီးတော့ ပြန်လိုက်ရှာရတယ်ပေါ့နော်။ ဒါက နိုင်ငံတော် အကြီးအကဲတွေက နေစရာမရှိတာဆိုတာက တစ်ခြားနိုင်ငံတွေမှာလည်းရှိတယ်။

အမေရိကန် နိုင်ငံ မှာတောင် သမ္မတကရာထူးယူစဉ်အခါမှာ မြေကွက်ယူသွားတယ် ဘာတို့ဆိုတာမရှိဘူးပေါ့။ သူတာဝန်ထ မ်းဆောင်တဲ့ ကာလအတွင်းမှာရှိတဲ့ ပိုက်ဆံတွေကိုစုဆောင်းပြီးတော့ ရတဲ့ပိုက်ဆံလေးနဲ့ သင့်တော် တဲ့အိမ်လေး ဝယ်ကျတာ ပေါ့။ဒါသဘာဝပဲတစ်ကမ္ဘာလုံးမှာ ဒီအတိုင်းပဲသွားနေတာ မြန်မာနိုင်ငံကျမှ ထူးထူးခြားခြား ဒီမြေကွက်ကိုအစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ဖြစ်စေဒါမှမဟုတ် အစိုးရလက်အောက်ခံအဖွဲ့ အစည်းတစ်ခုရဲ့ ဆုံးဖြတ်ချက် ဖြစ်စေ မြေကွက်ကိုဖော်တယ်။

ကျန်တဲ့ပြည်သူတွေအတွက် ဝယ်ခွင့်မရဘူး။ ငါတို့ပဲ ဝယ်မယ်။ ငါတို့ပဲ ယူမယ်ဆိုတဲ့ဟာမျိုးကတော့ ဒါမဖြစ်သင့်တဲ့ ကိစ္စပေါ့။ တိုင်းပြည်ကလည်းဆင်းရဲနေတဲ့အချိန်ကျွန်တော်တို့ ရန်ကုန်မှာဆိုလည်းဒီလိုမြေ ကွက်တွေမရှိဘူးပေါ့နော်။ ဖော်ပေးတာတွေမရှိဘူး။ အားလုံးတန်တူ ဖြစ်သင့် တာပေါ့နော် အဲဒါကို အခွင့်ထူးခံ ယူတာတော့မသင့်လျှော်ဘူးပေါ့။

ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)

ပွင့်လင်းမြင်သာမှုတော့ရှိပါတယ်။ ခိုးချောင်ခိုးဝှက် ဧကပေါင်းမြောက်များစွာကို ခိုးချောင်ခိုးဝှက်နဲ့ သူများမြေကြီး တွေကိုသိမ်းပြီးတော့ ယူတဲ့ဟာထက် စာရင်တော့ သူက အဲဒီလောက်ကြီးတော့ မရှိပါဘူး။ ဒါပေမယ့်လို့ သူများ မြေကြီးတွေလည်းဖြစ်သေးယူသေးတယ်။ ခိုးချောင်ခိုးဝှက်နဲ့ ယူသေးတယ်။ ပိုက်ဆံလည်းမပေးဘူး ဆိုတာ ထက်စာရင်တော့ဒါကတော့ ဥပဒေဘောင်အတွင်းကနေပြီးတော့ ယူတယ်လို့ ဒီလိုတော့ သူတို့ ဘက်တင် ပြတာပေါ့။

သို့သော်လည်း ကျွန်တော်တို့ကတော့ တိုင်းသူပြည်သားတွေကတော့ ဘယ်လိုဖြစ် နေလည်းဆိုတော့ ဘယ်လိုအကြောင်းတရားထဲမှာဖြစ်ဖြစ် အာဏာရပြီဆိုရင် လူတွေက ရပိုင်ခွင့်တွေ ယူလုပ်တာပဲ အသိပေါ့။ အဲဒီလိုမျိုးဟာတွေဖြစ်သွားတာတော့တိုင်းသူပြည်သားတွေတော့ စိတ်အနှောက်အယှက်ဖြစ်တာပေါ့နော်။ ပြီးတော့ အစဉ်အလာရှိလို့ယူတယ်။ စကားလုံးတွေလည်း တော်တော်ဆိုးဆိုးတယ်။ အစဉ်အလာရှိ လို့ယူတယ်ဆိုတာ အဲဒီလိုပဲ အာဏာရလာရင် ဒီလိုပဲယူရမယ်ဆိုတဲ့ ဥပဒေနဲ့လုပ်ထုံး လုပ်နည်းကတော့ မရှိပါဘူးနော်။ ဒါကတော့ လက်မခံဘူးလို့ အဲဒါကို။

ကိုမိုဃ်းသွေး (Generation Wave ဥက္ကဋ္ဌ)

မြေကွက်ချပေးတယ်ဆိုတော့ ဟိုတစ်ခေါက် ပြီးခဲ့တစ်လောလေးက ကားပါမစ်တုန်းကလည်း တော်တော်လေးတော့Facebookမှာ ဝေဖန်ပြီးတော့ ရေးသားဖူးတယ်ပေါ့ဗျာ နံပါတ် (၁)အချက်ကတော့နိုင်ငံတစ်နိုင်ငံမှာကျွန်တော်တို့ အရေးကြီးဆုံးအချက်ပေါ့နော်။နိုင်ငံပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးပဲဖြစ်ဖြစ်လူသားတိုင်းကေတာ့ တူညီတဲ့ လူအခွင့်အရေးရှိရမှာပေါ။အဲဒီလိုပဲနိုင်ငံသားတွေမှာလည်းတူ ညီတဲ့အခွင့်အရေးရှိရမယ်ပေါ့ဗျာ။
နိုင်ငံသားအခွင့်အရေးလည်း တူညီတဲ့အခွင့်အရေးဖြစ်ရမယ် စီးပွားရေးလည်း အခွင့်အရေးလည်း တူညီတဲ့အခွင့်အရေးဖြစ်ရမယ်။ ကျန်တဲ့ပညာစသဖြင့် တူညီတဲ့အခွင့်အရေးရှိရမယ်။ ဥပမာ ဘယ်သူတွေကတော့ ကျောင်းစာသင်ခွင့်မရဘူး။ ဘယ်သူကတော့သင်လို့ရတယ်။ ဒါမျိုးလည်းဖြစ်လို့မရဘူးပေါ့ ဆိုတော့ အဲဒီနေရာမှာ ဥပမာနိုင်ငံတော်ချမှတ်ထားတဲ့ အခွန်တွေဆိုလိုရှိရင်လည်း နိုင်ငံသားအားလုံးကပေး ဆောင်ရတယ်။ တူညီတဲ့ နှုန်းနဲ့အလားတူပဲ အဲဒီလို့ပဲ တစ်ခြားရရှိသင်တဲ့ အခွင့်ရေးဆိုလည်း နိုင်ငံ သားက တူညီစွာရရှိရမှာ ဖြစ်တယ်ပေါ့။

တကယ်လို့ နိုင်ငံတော်မှာအစိုးရမို့လို့ ဝန်ထမ်းမို့လို့ ဘယ်သူမှတ်လို့ကား ပါမစ်ရတယ်။ ဘယ်သူကမှပိုပြီးတော့မှ မြေကွက်ပါမစ်ရတယ်။ ဒါမျိုးဆိုရင် ဒီဟာကိုက မတရားတဲ့ကိစ္စဖြစ်တယ်။ တစ်ဖက်မှာကြည့်ရင်လည်း ကျွန်တော်တို့ နိုင်ငံတော်ရဲ့နိုင်ငံဝန်ထမ်း အားလုံးပေါ့နော်။ သမ္မတကစလို့ အောက်ခြေအဆင့်တွေထိ ဝန်ထမ်းတွေအားလုံးကိုထိုက်သင့်တဲ့လစာနဲ့ ခံစားခွင့်တွေကိုကျွန်တော်တို့ နိုင်ငံတော်ကနေပေးအပ်ထား ပြီးဖြစ်တယ်ဆိုတော့ သမ္မတဆိုရင် သမ္မတရဲ့လစာနဲ့ အဆောင်အယောင်တွေ ကားဆိုရင်လည်းသုံးစီးလေးစီး အိမ်တော် နောက်ပြီးတော့ ချက်ပြုတ်တဲ့ စားဖိုမှုးကအစ အိမ်မှာအကူလုပ်ဖို့ လူတွေစသဖြင့် ဒါတွေအကုန်လုံးကအစ သတ်မှတ်ထားပေးပြီးသားဖြစ်တယ်။

ဝန်ကြီးဆိုရင်လည်း ဝန်ကြီးအဆင့်နဲ့ညီတဲ့နေအိမ် အဆောက်အဦး၊ လစာ၊ ကား အပြင်ကို ဓာတ်ဆီလည်းပါသေးတယ်။ နောက်ပြီးတော့ ဝန်ကြီးတွေ အစိုးရအဖွဲ့ဝန်ကြီးတွေ သမ္မတတွေဆိုရင်လည်း အဝတ်အစားစရိတ်တောင်ပါ သေးတယ်ပေါ့နော်။ အကုန်လုံးကနိုင်ငံတော် သတ်မှတ်ပြီးပေးထားပြီးသား။ နောက်တစ်ခါ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း သမ္မတတို့ဘာတို့ ရာထူးအကြီးတွေ နိုင်ငံတော်က ထိပ်ဆုံးကလူတွေဆိုရင်လည်း အငြိမ်းစားယူသွားပြီးတဲ့အချိန်တာတောင်မှ သူတို့ကို လုံခြုံရေးနဲ့ ထားဖို့အတွက် ဥပဒေထည့်ထားပြီးတော့မှ သူတို့အတွက်အငြိမ်းစားလစာရတဲ့လစာတွေရှိတယ်။

အငြိမ်းစားအတွက် နေဖို့ထိုင်ဖို့ ခံစားခွင့်တွေရှိသား ပြီးသားဖြစ်တယ်။ အဲဒီလောက်ရှိပြီးသား အနေအထားမှာ ဘာကြောင့်ပေါ့။ ဒီလိုမြေကွက်တို့ အဲဒီလိုမျိုး ကား စသဖြင့်ပေါ့နော်။ အထူးသဖြင့် အခုကာလမှာတော့ အခုဖြစ်တဲ့ကာလမှာ မြေကွက်ပေါ့။ဘာကြောင့်ထပ်ပြီးတော့ လိုချင်တာလည်း ဘာကြောင့်ပေးဖို့လို အပ်တာလည်းဆိုတာ ကျွန်တော်တို့က မေးခွန်းထုတ်စရာရှိပါတယ်။

ဆိုတော့သူတို့သည် နိုင်ငံသား တစ်ယောက်အနေနဲ့ ဝယ်ယူချင်တယ်ဆိုရင် သူတို့ရပြီးလစာတွေထဲကနေ သက်သက်ဝယ်လို့ရတယ်။ မည်သူမဆိုဝယ်လို့ရတဲ့ဈေးနဲ့ မည်သူမဆို ဝယ်လို့ရတဲ့နေရာမှာ ဝယ်ယူသင့်တယ်။ အဲဒီလိုတော့မဟုတ်ဘဲနဲ့ အခုကျတော့ သူတို့ကအစိုးရဖြစ်လို့ ဝန်ကြီးဖြစ်လို့ဆိုတဲ့ အခွင့်အရေးနဲ့ယူတာကေ တာ့ဒါကကျွန်တော်တို့က အရပ်စကားနဲ့ ပြောမယ်ဆိုရင် လူလည်ကျသလိုမျိုးခံစားရတယ်ပေါ့နော်။ ကျွန်တော်တို့နိုင်ငံသား တစ်ယောက်အနေနဲ့ဒါက လုံးဝမဖြစ်သင့်ဘူး။ ကျွန်တော်တို့ ကန့်ကွက်တယ်။

နောက်တစ်ခုကျတော့ ဒါက အစဉ်အလာထပ်ဖြစ်လာဦးမယ်။ ဒါအရင်ထဲက စစ်အစိုး ရလက်ထပ် တွေမှာဆိုရင်ဗိုလ်ချုပ်တွေရှိ တယ်။ ဝန်ကြီးတွေရှိတယ်။ သူတို့ခေတ်တုန်းက လူတွေကလည်းပဲယူကြတာပေါ့။ ယူတာမှ ဒီလိုမြေကွက်တစ်ကွက်နှစ်ကွက်တောင် မကဘဲနဲ့လုပ်ပိုင်ခွင့် တွေပါယူကြတယ်။ ဒီလိုစဉ်အလာ တွေကြောင့် တိုင်းပြည်ကပြောရမယ်ဆိုရင် ခွက်ဆွဲတောင်းရတဲ့ တိုင်းပြည်က ပျက်နေပြီ ။ ဒီလိုအခြေအနေ မျိုးမှာထက်ပြီးတော့တက်လာတဲ့ ဒီမိုကရေစီကိုပြောင်းလဲပါမယ်ဆိုတဲ့ အစိုးရတွေကပါ ဒီလိုအဲဒီလို နိုင်ငံတော်ပေးတဲ့အ ခွင့်အရေးကိုယူတဲ့ ဟာမျိုးပေါ့နော်။

ထပ်ပြီးကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အပြောင်းအလဲကဘာမှ အဓိပ္ပာယ်ရှိတော့မှမဟုတ်သလို့ ပြည်သူကလည်းပဲ ဘာမှရစရာရှိတော့ မဟုတ်ဘူး။ ကျွန်တော်အနေနဲ့ ဒီဟာ ဒီကိစ္စကနိုင်ငံသားတစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ ချပြီးတော့မှ ဒါက ပြောရမယ်ဆိုရင် ရှက်စရာကောင်းတဲ့ကိစ္စလည်းဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

မအိအိမိုး (လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)

အခုဟာကလည်း Facebook မှာလည်း ဝေဖန်မှုတွေအရမ်းများနေတယ်။ မြင်တွေ့ရတယ်ပေါ့နော်။ ကျွန်မတို့က အရင်အစိုးရလက်ထက်ထဲက ဒီလိုမျိုးမြေသိမ်းယာသိမ်းမြေယူတာမျိုးတွေက ဟိုအရင် စစ်အာဏာရှင်အစိုးရ လက်ထက်မှာထဲကရှိခဲ့တယ်။ကျွန်မတို့တွေကလည်းပုံစံမျိုးနဲ့ဝေဖန်ခဲ့တယ်။ ဒါမျိုးတွေမလုပ်ဖို့ပေါ့ဆိုတော့ ဒီအစိုးရလက်ထက်မှာလည်းဒါမျိုးတြေ ဖြစ်လာတဲ့အခါမျိုးမှာ ကျွန်မတို့တွေအနေနဲ့ဆိုရင် ဒီဟာမျိုးကို အထူးသဖြင့် ဒီလိုကာလမျိုးမှာ မယူသင့်ဘူး။ ဖြစ်သင့်ဘူး။ ကျွန်မအနေနဲ့ထင်တယ်ပေါ့။

ဦးဇော်ရမ်း ( တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် တာဝန်ခံ)

အရင်အစိုးလက်ထက်မှာ သမ္မတဘယ်လောက်ယူတယ်။ ဝန်ကြီးတွေက ဘယ်လောက်ယူတယ်။ ဟိုဟာယူတယ်။ ဒီဟာယူတယ်ဆိုပြီးတော့ အဲဒီလိုပေါ့။ လူတွေအမျိုးမျိုးစွပ်စွဲပြီးတော့ သဘောမကျဘူးပေါ့။ ကျွန်တော်တို့အဲဒါကြောင့်လည်းပဲ အခုအစိုးရအနေနဲ့ တကယ်တမ်း ပြည်သူလူထုယုံကြည်မှု အားကောင်းလာအောင် နောက်တစ်ခါ ကျွန်တော်တို့ စံပြလည်းဖြစ်အောင်ပေါ့။ ကျွန်တော်ကအခုဟိုးအရင် ကျွန်တော်တို့ မဆလအစိုးရ စတက်တုန်းက တော်လှန်ရေးကောင်စီတော့ထားလိုက်တော့ပေါ့။ မဆလအစိုးရစတက်တည်းက ကျွန်တော်တို့အခွင့်ထူးခံပုံစံမျိုးပေါ့။

လူကြီးတွေမြေယာတွေ အကြိမ်ကြိမ်ပေးခဲ့ တာရှိခဲ့တော့ ဒီဟာကြီး ဖျက်သိမ်းဖို့လိုအပ်တယ်ပေါ့။ အဲဒီအချိန်မှာ အခုလိုထပြီးတော့ လူတွေပြောသလို ပါးစပ်နဲ့အလွယ်တကူပြောသလို ဒီလူတွေလည်း ဘာထူးမှာလည်းဆိုတဲ့ပုံစံမျိုး လူတွေကထင်ယောင်ထင်မှား နဲ့ပေါ့ လက်ရှိအစိုးရအပေါ်ကို အမြင်မကြည်လင်တော့ဘူးပေါ့။ လုံးဝမဖြစ်သင့်ဘူးမဖြစ်သင့်ဘူးပေါ့။ နောက်တစ်ခုကလည်း အရင်အစိုးရ အဲဒီလောက်ယူတယ်။ အခုလက်ရှိအစိုးရကလည်း ၅ နှစ်မှာယူတယ်။ နောက် ၅ နှစ်မှာယူတယ်လေ ကျွန်တော်ထင်တယ်လေ။ အစိုးရတွေလည်း တစ်ခါတက်တိုင်း တစ်ခါယူလိုက် တစ်ခါတက်တိုင်းတစ်ခါယူလိုက်ဆိုရင် နိုင်ငံတော်မြေတွေ အစိုးရယူတာနဲ့ ကုန်သွားမှာပေါ့။

လူတွေက လုပ်စရာမရှိတော့ဘူး။ စားစရာလည်းမရှိတော့ဘူးလေ အဲလိုဖြစ်သွားမှာ နောက်တစ်ခုကလည်း နိုင်ငံတော်ရဲ့မြေယာစီမံခန့်ခွဲမှုနဲ့ ပတ်သတ်ပြီးတော့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုရှိတယ်။ မြေလွှတ်မြေရိုင်းစီမံခန့်ခွဲမှုရှိတယ်။ စီမံခန့်ခွဲမှုတွေအမျိုးမျိုးမှာ ကျွန်တော်တို့ပြောချင်တာက ဒီနိုင်ငံတောရဲ့ မြေအသုံးချမှုကောင်စီရှိတယ်လေ။ မြေယာမှုဝါဒပေါ့။ ဒီကောင်စီရဲ့ ဥက္ကဋ္ဌကတော့ နိုင်ငံတော်သမ္မတခန့်တဲ့ ဒုသမ္မတပေါ့ဗျာ။ အဲဒီတော့ မြေယာတွေအသုံးချတဲ့နေရာမှာ မြေအသုံးချမှုဆိုင်ရာမူဝါဒ ပဲပြောပြော မြေယာနဲ့ ပတ်သတ်တဲ့ ပေါ်စီတွေမှာ ဘာဖြစ်လည်းအခါကျတော့ ဒီမြေယာတွေသုံးမယ်ဆိုရင် သက်ဆိုင်ရာ မြေအသုံးချမှုကော်မတီတွေကို အစည်းအဝေးထိုင်ရတယ်။ အစည်းအဝေးထိုင်ရတယ်။

ဥပမာ ကျေးရွာမှာဆိုရင် ကျေးရွာအဆင့်မှာ တောင်မှ၁၃ယောက်ရှိတယ်။ ဥက္ကဋ္ဌကတော့ ဒါကျွန်တော်တို့ ရပ်ကျေးဥက္ကဋ္ဌပေါ့။ အတွင်းရေးမှူးကတော့ မြေစာရင်း နောက်ဒီကျန်တဲ့ ၁၀ယောက်က အမျိုးသမီးရေးရာ နှစ်ယောက် တိုင်းရင်းသားရေးရာ နှစ်ယောက် ပြည်သူ့ကိုယ်စားလှယ် ၂နှစ်ယောက် အဲဒီနှစ်ယောက် နှစ်ယောက်ပေါ့။ တတ်သိပညာရှင် နှစ်ယောက်နဲ့ အဲဒီကော်မတီက အဆင့်တိုင်းမှာရှိတယ်။ အခု မြေသိမ်းဥပဒေက ၁၈၉၄ မြေသိမ်းဥပဒေကို အမိန့်ထုတ်ပြီးသွားပြီဆိုရင် ဖျက်သိမ်းလိုက်ပြီပေါ့။ ဖျက်သိမ်းဖို့ မြေယာပြန်လည်ချထားရေးနှင့် ကျွန်တော်တို့ ဒါ မြေသိမ်းစာရေးဆိုတဲ့ ကျွန်တော်တို့ ဥပဒေထွက်လာပြီပေါ့။ နည်းဥပဒေတော့ မထွက်သေးဘူး။ အဲဒီကနေပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးကမြေတွေကို ထပ်မံအသုံးချမယ်ဆိုရင် စောစောကပြောတဲ့ မြေအသုံးချတဲ့ကော်မတီ ဆုံးဖြတ်အတိုင်းလိုက်နာရတယ်။

ဒီမြေဟာ ဧကဘယ်လောက်အတွက် တစ်စုံတစ် ယောက်ကသုံးတော့မယ်ဆိုရင် ပြည်သူလူထုရဲ့ပါဝင်မှု ပြည်သူလူထုကနေပြီးတော့ ဒီမြေကို အသုံးချဖို့ အတွက် ကျွန်တော်တို့ပါဝင်ဆွေးနွေးခွင့်တွေပေးရမယ်။ နောက်တစ်ခါ ပြည်သူလူထုကနေပြီးတော့ဒီလိုအသုံးချ တဲ့နေရာမှာ ဒီမြေတွေရဲ့ အနာဂတ်ဖွံ့ဖြိုးမှု ဒီမြေတွေရဲ့ ကျွန်တော်တို့ ခုကပြောသလို လက်လွတ်စံပယ်မပေး ရအောင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ နောက်တစ်ခုက ဒီမြေတွေကိုအသုံးချတဲ့အခါမှာ အများပြည်သူအကျိုး စီးပွားနဲ့ တစ်စုံတစ်ယောက်အကျိုးစီးပွားယှဉ်လာရင် အများပြည်သူအကျိူးစီးပွားကို ဆောင်ရွက်ရမယ့် မှုဝါဒတွေလည်းရှိတယ်။

အဲဒီတော့ ကျွန်တော်တို့က ဒီမြေတွေကို ဆုံးဖြတ်တဲ့နေရာမှာ သမ္မတတစ်ယောက်ထဲကလည်း လုပ်ခွင့်မရှိတော့ဘူး။ နောက်တစ်ခါ ကျွန်တော်တို့ ဝန်ကြီးချုပ်သော်လည်းကောင်းပေါ့နော်။ အဲဒီကော်မတီကလွှဲပြီးတော့ ကျွန်တော်တို့ ဒါအရေးပေါ်စစ်ဖြစ်နေတဲ့နေရာမှာ ဒီနေရာကိုသိမ်းလိုက်ကွာ စစ်စခန်းဆောက်ဖို့ ဒါမျိုးကိုပြော တာမဟုတ်ဘူးပေါ့။ သာမန်အသုံးချမယ်ဆိုရင် ပြည်သူတွေရဲ့ ပါဝင်ခွင့်ကို အပြည့်အဝဆောင်ရွက်ရမယ်။ နိုင်ငံတော်မြေယာမူဝါဒရှိတယ်။ အဲဒီတော့ ဒီမြေမူဝါဒအရ ကျွန်တော်တို့ အဲဒီမှာပေးတဲ့မြေတွေဟာ အဲဒီလိုဆုံးဖြတ်တဲ့နေရာမှာ နိုင်ငံတော် အစိုးရကိုယ်တိုင် ထုတ်ပြန်ထားတဲ့ နိုင်ငံတော်မြေယာမူဝါဒနဲ့ရော ကိုက်ညီရဲ့လား မေးခွန်းရှိလာပြီ။

ကျွန်တော်တို့က လယ်မြေပြဿနာတွေကို နေ့တိုင်းရှင်းနေတဲ့အခါကျတော့ လေ ကျွန်တော်တို့က ဒါတွေကို ဥပဒေနဲ့ အညီ ခင်ဗျားကို ရှင်းပြနေတာပေါ့လေ။ဒီမြေအသုံးချမှု မှုဝါဒနဲ့ရော ကိုက်ရဲ့လားနိုင်ငံတော်ရဲ့ အဲဒီလုပ်ထုံးလုပ်နည်းတွေရော ညီရဲ့လား ဒီလိုတွေပေးတာကပေါ့နော်။ အဲဒီတော့ ပေးချင်တိုင်ပေးလို့မရဘူး။ ပြည်သူတွေပါဝင်ရမယ် အမျိုးသမီးတွေပါဝင်ရမယ်တိုင်းရင်းသားကိုယ်စားလှယ် တွေပါဝင်ရမယ်။ဒေသခံတွေ ကိုယ်စားလှယ်တွေပါဝင်ရမယ် တတ်သိပညာရှင်တွေပါရမယ်။ ပါဝင်ပြီးတော့ မှ မြေတစ်ခုကိုအသုံးချဖို့ ဆုံးဖြတ်ရမယ့် နိုင်ငံတော်ရဲ့မူကို ဘေးဖယ်ထားသလား။ ဒါတွေက မေးခွန်းမေးစရာ ရှိလာပြီလေ။

ရန်ကုန်မြို့လိုနေရာမျိုးတွေ တစ်ချို့နေရာမျိုးတွေမှာ ဝန်ထမ်းတွေကို ပေးတဲ့ အကျယ်အဝန်းအတိုင်းရော ခုကပြောတဲ့ နိုင်ငံတော်သမ္မတပဲ ဘာဖြစ်ဖြစ် သူတို့က အဲဒီလိုအကျယ်အ ဝန်းအတိုင်းသိပ်ကွာလွန်းတယ်ပေါ့နော်။အဲဒါတစ်ခု ဈေးနူန်းလည်းအရမ်းကွာတယ်ပေါ့နော်။ ဒီမှာကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဟိုတစ်လောက လေလံပစ်တဲ့အကွက်တစ်ကွက်မှာရှိတဲ့ဈေးနှုန်းစတုရန်း ၁ပေမှဈေးနှုန်း အခုစတုန်ရန်း ဈေးနူန်းကအရမ်းကြီးဘာဖြစ်လို့ကွာနေလဲပေါ့။ ဒါကတော့ နိူင်းယဉ်မှုပေါ့။

ဒါပေမယ့် သာမန်အားဖြင့် ခုကပြောမယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ကတော့ ဒီအစိုးရလက်ထက်မှာဒါမျိုးလုပ် ပြီဆိုလိုရှိလိုဆိုရင်တော့ ပြည်သူတွေကတော့ ဘယ်လိုမှ ဒီဟာနဲ့ ပတ်သတ်ပြီးတော့မှ ဘဝင်ကျမှာ မဟုတ်ဘူး။ ကျွန်တော်အနေနဲ့ လုံးဝမယူရင် ပိုကောင်းတယ်ပေါ့ ကျွန်တော်အဲဒီလိုပြောချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts