All News Election interview

” NLD နဲ့ တိုင်းရင်းသားတွေကို ဘယ်မဟာမိတ်လုပ်မလဲ။ ကျွန်တော်တို့မှာလည်း အခွန်ပဲရှိတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ မရှိခဲ့ဘူး”

” NLD နဲ့ တိုင်းရင်းသားတွေကို ဘယ်မဟာမိတ်လုပ်မလဲ။ ကျွန်တော်တို့မှာလည်း အခွန်ပဲရှိတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ မရှိခဲ့ဘူး”

ကယန်းအမျိုးသားပါတီ နှင့် ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီ နာယက ဦးခွန်မားကိုဘန်းနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားအင်အားများစု အင်နှင့်အားဖြင့် ပြင်ဆင်မှုများရှိနေရာ ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီမှ နာယက ဦးခွန်မားကိုဘန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီက ဘယ်နေရာတွေမှာ ဝင်ပြိုင်မှာလဲ

ဖြေ။ ။ သူတို့ရဲ့ ဥက္ကဋ္ဌ အတွင်းရေးမှူးတွေပဲ မေးကြည့်သိမှာပဲ ကျွန်တော်တို့ နာယကဆိုတော့ ကျွန်တော်တို့က ဝင်ရောက်မယ်ဆိုတော့ ဝင်ရောက်ပါ။ လွှတ်တော် အမတ်ဟောင်းတွေက ဦးစားပေးပါ။ တိုင်းရင်းသားတွေ ဦးစားပေးပါ။ ဒီမိုကရေစီဖက်ဒရယ် အဲဒီဟာကို ဦးစားပေးပါဆိုပြီးတော့ ပြောပြီးတော့ သူတို့သူတို့ကို ကြေညာဖိတ်ခေါ်တဲ့ သဘောပဲလေ။ ကျွန်တော်တို့က အဲဒီမှာ ဘယ်သူဘယ်သူလာမလဲဆိုတာကိုပဲ ဘာမှ အတိအကျ မသိသေးပါဘူး။

သူတို့အလုပ်မှုဆောင်အဖွဲ့တွေပဲ သိနိုင်ဦးမယ်။ ကျွန်တော်တို့ နာယကအဖွဲ့တွေ စောမန်းသိန်းတို့ ကျွန်တော်တို့ ခွန်ထွန်းဦးတို့ကတော့ အဲဒါတွေ လုပ်မယ်ဆိုတော့ လုပ်ပါ ဒါတွေက ကျွန်တော်တို့ဦးစားပေးသင့်ပါတယ်။ ၁၉၉ဝ လွှတ်တော်အမတ်ဟောင်းတွေ ခဏထားပါ။ ကျန်တဲ့သူတွေဦးစားပေးပါ။ နောက်တိုင်းရင်းသားတို့ တောင်သူလယ်သမား အလုပ်သမားအဖွဲ့အစည်းတို့ ပြီးတော့ အမျိုးသမီးတွေပေါ့ဗျာ။ တက်ကြွလှုပ်ရှားသူတွေ ဘယ်သူပဲဖြစ်ဖြစ် သူတို့က ကိုယ်စားဝင်ပြိုင်ချင်တဲ့သူရှိရင်တော့ သူတို့ကိုဖိတ်ခေါ်ပေါ့။ အဲလိုတော့ ပြောလိုက်တယ်။ နောက်မှ ကျွန်တော်တို့ စိစစ်မယ် အဲလိုပဲပြောလိုက်တယ်။ ဘာမှ အသေးစိတ် ကျွန်တော်တို့ မသိရသေးပါဘူး။

မေး။ ။ အဲလိုဝင်ပြိုင်တဲ့နေရာမှာ ဘယ်တိုင်းတွေ ဘယ်ပြည်နယ်တွေ အဓိကထား ယှဉ်ပြိုင်သွားဖို့ရှိမလဲ။

ဖြေ။ ။ အဲဒါတွေကလည်း ကျွန်တော်တို့ အတိကျမသိရသေးဘူး။ ဒီတိုင်းမှာ ဒီမြို့မှာ ဘယ်မှာ ကျွန်တော်တို့ လျှာထားတာ မရှိပါဘူး။ ကျွန်တော်တို့ အားလုံးဖိတ်ခေါ်မှာပေါ့လေ။ ကရင်ပြည်နယ်မှာ ဘယ်နှစ်ယောက် ဝင်ပြိုင်မလဲ။ ရှမ်းဘယ်နှစ်ယောက်ဝင်ပြိုင်မလဲ။ ပဲခူးတိုင်းဘယ်နှစ်ယောက်ဝင်ပြိုင်မလဲ။ ဆိုတော့ ဝင်ရောက် ဝင်ပြိုင်မယ့် ပုဂ္ဂိုလ်ပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီပါတီရဲ့ပေါ်မှာမူတည်ပါတယ်။ ဘယ်သူဝင်မယ်ဆိုတာတော့ ဘာမှ ကျွန်တော်တို့ သတ်မှတ်ချက်မရှိပါဘူး။

မေး။ ။ ဘယ်နေရာတွေ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတာ ဘယ်တော့လောက် အတိအကျ သိရမလဲ။

ဖြေ။ ။ အဲဒါကတော့ ရွေးကောက်ပွဲနီးမှပဲ ၁ဝယောက် ဝင်လာလာ ၂ဝ ဝင်လာလာ ဘယ်နေရာဘယ်နေရာတွေဆိုတာ အဲဒါမှသိမှာပဲ အခုလောလောဆယ်ကတော့ ဘာမှ ကျွန်တော်တို့လည်း မသိရဘူး။ သူတို့လည်း အဲဒီ အလုပ်မှုဆောင်အဖွဲ့တွေပဲ ဒါသူတို့လည်း အတိအကျမသိပါဘူး။ ကျွန်တောာ်တို့ ဒီဟာလည်း ဖိတ်ခေါ်ကမ်းလှမ်းတာ ဆက်သွယ်တာလောက်ပဲ ရှိပါသေးတယ်။ အဆက်အစပ်ကတော့ ရှိမှာပါ။ ကျွန်တော်တို့က မသိဘူး။ သေလည်းမသေချာသေးပါဘူး။ သူတို့ဆီ အကုန်ရောက်တယ်လို့လည်း မဟုတ်သေးပါဘူူး။

မေး။ ။ UNDP ပါတီအနေနဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ဖို့ရှိမလဲ။

ဖြေ။ ။ ပါတီသွားတာက အဓိကက ဘာလဲဆိုတော့ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းမယ်။ နောက်ပြီးတော့ ဥပမာ NLDကလည်း ဒီတိုင်းရင်းသားပေါ်မှာ လက်ခံသွားရင်တော့ စုပေါင်းသွားပြီးတော့ နောက်ကျတော့ ပူးပေါင်းဖို့ အဲလိုပဲလုပ်ပါတယ်။ ကျွန်တော်တို့ တစ်ပါတီတည်းနဲ့ အာဏာရယူနိုင်တဲ့ သဘောတော့မရှိပါဘူး။ ကျွန်တော်တို့မှာ ၄၊ ၅၊ ၁ဝယောက်ပဲရရ ကျွန်တော်တို့ တိုင်းရင်းသားအင်အားစုတွေ ဥပမာ UNA တို့ အဖွဲ့အစည်းတွေ အဲလို ပြည်မအဖွဲ့အစည်းတွေ နောက်ဆုံးအဲလိုတွေနဲ့ စုဖြစ်ရင်လည်း စုမယ်ပေါ့။ အဲလိုမျိုးပေါ့။

မစုဖြစ်ရင်လည်း ကျွန်တော်တို့က ကျွန်တော့်နိုင်ငံရေး အာဘော်တွေဟာ ရသမျှ ကျွန်တော်တို့ လွှတ်တော်မှာ ဒီမိုကရေစီအသံတွေ တိုင်းရင်းသားတွေရဲ့ တန်းတူရေးအသံတွေ အဲလိုမျိုးပေါ်အောင် လွှတ်တော်မှာ ကျွန်တော်တို့ အသံတွေဟာ ထွက်လာဖို့အတွက် အဲတာ အဓိက အဲဒါပါပဲ။ ပါတီဝင်တာကတော့ အဓိကက လွှတ်တော်ဆိုတည်းကလည်း ကျွန်တော်တို့ အရင်တုန်းက ပြည်သူ့လွှတ်တော်အဖွဲ့ဆိုတာလည်း တိုင်းရင်းသားပေါင်းစုံပါတာပေါ့။ ပါတီပေါင်းစုံပါတယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် အခုဘယ်လောက်ရှိတယ်ဆိုတာမသိဘူး။ ဒါပေမယ့်လို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အဲဒီမူက ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးမူဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့က တိုင်းရင်းသားတန်းတူရေးနဲ့ အဲဒီ ဒီမိုကရေစီရေး နှစ်ခုဟာ ခွဲလို့မရဘူး။ ဦးတည်ချက် ရည်ရွယ်ချက် ယုံကြည်ချက်တွေနဲ့ သွားတာဖြစ်ပါတယ်။

မေး။ ။ ရွေးကောက်ပွဲကျင်းပတာလည်း ၂ကြိမ်ရှိပြီ ပါတီစုံရွေးကောက်ပွဲစနစ်ကို ဖြတ်သန်းလာတာလည်း ၁ဝနှစ်ရှိပြီဆိုတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဘာတွေတိုးတက်လာတယ်လို့ ထင်လဲ

ဖြေ။ ။တိုင်းရင်းသားတန်းတူရေးကော ဒီမိုကရေစီရေးကော အကုန်လုံးဆုံးရှုံးနေသေးတာပဲ။ ဒီမိုကရေစီလည်း အပြည့်အဝရတယ်လို့ ကျွန်တော်တို့ ပြောလို့မှမရသေးတာ။ နောက်တိုင်းရင်းသား တန်းတူရေးဆိုတာလည်း အဲတာကဘာလဲဆိုတော့ ဒါကတော့ ကျွန်တော်တို့က ကျွန်တော့်နိုင်ငံရဲ့ ပြဿနာက အဓိကက ဒီမိုကရေစီပြဿနာနဲ့ အဲဒီတိုင်းရင်းသားတန်းတူရေး ပြဿနာပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ တိုင်းရင်းသားခေါင်းဆောင်တွေ အဲဒီတုန်းက စာချုပ်ခဲ့တာ။ အဓိက တန်းတူရေး အဓိက ဒီမိုကရေစီသွားရမှာ အနာဂတ်ဖွဲ့စည်းပုံလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ နောက်ပြီးတော့ ဖဆပလတို့ ချမှတ်ထားပြီးပြီ ပြည်ထောင်စုကို ဘယ်လိုဖွဲ့ရမလဲ။ အဲဒါက အကုန်လုံး အခြေခံမူကြောရိုးတွေ ချထားပြီးပြီ ။အဲဒီတိုင်းမသွားဘဲနဲ့ ၁၉၄၇ ခုကလည်း အဲဒီ လမ်းကိုသွေဖွယ်သွားတော့ တိုင်းပြည်ရေးဆုံးရှုံးသွားတော့ နောက်ဆုံးပြည်တွင်းစစ် ဖြစ်ကော အဲဒီဖွဲ့စည်းပုံက ၁၄နှစ်ပဲ ခံပြီးတော့ ပျက်စီးသွားတယ်။

နောက် ၁၉၇၄ ခုဖွဲ့စည်းပုံပြန်ကြည့်ရင်လည်း ဒီမိုကရေစီလည်းမရှိ တိုင်းရင်းသားတန်းတူရေးဆိုတာ လုံးဝမရှိ အဲဒီမိုကရေစီပြဿနာနဲ့ တောက်လျောက်ပြဿနာနဲ့ တိုင်းရင်းသားတန်းတူရေးပြဿနာနဲ့ အဲမှာ နောက်ဆုံး ၁၉၈၈ခု အဲမှာပျက်သွားတယ်။ ဒါလည်း ၁၄နှစ်ပဲခံတယ်။ အခုဖွဲ့စည်းပုံပြန်ကြည့်ရင်လည်း အလကား အမျိုးသားနိုင်ငံရေးတွေ တပ်မတော်သား တာဝန်ထမ်းဆောင်နိုင်ရေးဆိုတဲ့ ဦးတည်ချက်နဲ့ ချမှတ်လိုက်တဲ့အချိန်ကတော့ ဒါကလူတိုင်းသိတာပဲ။ ဒီမိုကရေစီနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတန်းတူရေးနဲ့ ကျွန်တော်တို့က အဲထိမရသေးဘူးလို့ အဲဒါ ၂ဝဝ၈ခုနှစ်ဖွဲ့စည်းပုံမှာ ပေါ်နေတာပဲ။

ဘာလို့ဆိုတော့ တပ်မတော် ဦးဆောင်မှု အခန်းကဏ္ဍပါတာကို ဒါဒီမိုကရေစီက အပြည့်အဝရလာတာလည်း မဟုတ် တိုင်းရင်းသား အပြည့်အဝရလာတာလည်း မဟုတ်ဘူးလေ။ ဒါကပေါ်နေတာပဲ။ ဒါကြောင့် ကျွန်တော်တို့က မရဘူးဆို ဘာကြောင့်မရတာလဲ။ အဲဒီရဲ့ အဓိကက ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်ဖြစ်တယ်။ ဒါကကျွန်တော်တို့ တိုင်းရင်းသားမရဘူး။ ဒီမိုကရေစီလည်းမရဘူး။ အားလုံးသိတယ်။ အဲတာကိုရဖို့အတွက်ဆိုရင် ဒါကြောင့် အခုကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုစားနေတယ်။ အဲဒီကြိုးစားတဲ့ဟာက ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားတန်းတူရေးတွေ ရဖို့အတွက် ကြိုးစားတာပဲ ဒါကြောင့် ကျွန်တော် တိုင်းရင်းသားမရဘူးဆိုတာက ခြုံငုံပြီးတော့ ဒီလိုပဲပြောလို့ရတယ်။ နောက်ပြီးတော့ ဒီမိုကရေစီမရဘူးဆိုတာ အဲလိုပဲ ခြုံငုံပြီးတော့ သုံးသပ်လို့ရပါတယ်။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲအလားအလာ ဘယ်လိုဖြစ်နိုင်မယ်လို့ သုံးသပ်မိလဲ။

ဖြေ။ ။ ကျွန်တော်တို့တော့ ဘာပဲဖြစ်ဖြစ် အဓိကကတော့ ပါတီက ၉ဝကျော် ၁ဝဝလောက်ရှိတယ်။ ကျွန်တော်တို့ ၄ဝကျော်ကတော့ တိုင်းရင်းသားကိုယ်စားပြု ပါတီတွေဖြစ်တယ်။ ကျန်တဲ့ ၄ဝကျော် ၅ဝကျော်လောက်ကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခြုံငုံပြီးတော့ နှစ်မျိုးနှစ်စား ရှိတာပေါ့။ အဲဒီ နှစ်မျိုး နှစ်စားတည်းကဆိုရင်တော့ ဒီမိုကရေစီ ပြည်မကနိုင်ငံရေး အင်အားစုတွေ ပြန်ကြည့်ရင် တကယ့်တိုင်းပြည်အာဏာ ရချင်တဲ့ ပါတီများရှိသလို အဓိကကတော့ အမည်ရချင်တဲ့ ပါတီလည်းရှိတယ်လို့ ကျွန်တော်သုံးသပ်တယ်။

ဥပမာဆိုရင် NLD တို့ အဲဒီ ပြည်ခိုင်ဖြိုးတို့ဆိုတာ တကယ်တမ်း တိုင်းပြည်အာဏာ ရချင်တဲ့သူဖြစ်တယ်။ ကျန်တဲ့ပါတီတစ်ချို့ဆိုရင် အမည်ရချင်တဲ့ပါတီတွေလည်းရှိတယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ် သူတို့လည်းပါတီ တည်ထောင်ခွင့် ရွေးပိုင်ခွင့်ရှိတာပဲ နောက်ပြီးတော့ တကယ် အာဏာရချင်တာက ကျွန်တော်တို့ တိုင်းရင်းသားပါတီ တိုင်းရင်းပါတီ ၄ဝကျော်ဆိုရင် ချင်၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်း၊ ပလောင်၊ ပဝ၊ ပအို့ ဆိုရင် သူတို့တကယ် နေရာဌာန ရချင်တဲ့သူတွေပါ။ ဒီလိုပါပဲ ခင်ဗျာ NLD တို့ ပြည်ခိုင်ဖြိုးလိုပဲ ဒါကြောင့် မို့လို့ ကျွန်တော် ခန့်မှန်းရချင်တာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာတော့ အားလုံးညီညွတ်ရင်လည်း ကျွန်တော်တို့က အများစု ၃ဝကျော် ၄ဝကျော်လောက်ပဲရမယ်။ ဒါအာဏာမရနိုင်ဘူး။ နောက်ဆုံးခုနပြောသလို NLD ပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ် သူတို့က ထက်ဝက်ကျော်ရင် သူတို့အစိုးရဖွဲ့ပါ။

ကျွန်တော်တို့ တိုင်းရင်းသားတွေက လွှတ်တော်မှာ အသံရှိနေရမယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ၊ ၂ဝ၁၅ ကျွန်တော်တို့ လွှတ်တော်မှာ အသံမရှိဘူး။ ကျွန်တော်တို့ တိုင်းရင်းသားတွေမရဘူး။ ကျွန်တော်တို့က ပြောင်းလဲချိန်တန်ပြီဆိုပြီး NLD အားလုံးအားဖြည့်တာပေါ့။ တိုင်းရင်းသားတွေရှိမှမရှိတာ ဒီတစ်ခါကတော့ တကယ်လို့ NLD ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ထင်ဝက်ကျော်တယ်ဆိုရင်လည်း အစိုးရဖွဲ့ ကျွန်တော်တို့ လွှတ်တော်ထဲမှာ တိုင်းရင်းသားအသံရှိဖို့လိုတာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားရဲ့ အသံက ကျွန်တော်တို့ ပါတီဖြစ်ရမယ်။ ကျွန်တော်တို့ တစ်ဆင့် အမည်ခံပြီးတော့ ကျွန်တော်တို့ မလိုချင်ဘူး။ ကျွန်တော်တို့ မြက်ခင်းမှာ ကျွန်တော်တို့ နွားပဲမွေးမယ်။ ကျွန်တော်တို့ ရေကန်မှာ ကျွန်တော်တို့ ငါးပဲမွေးမယ်။

သူများငါးလာမွေးတာ ကျွန်တော်တို့ လက်မခံဘူး။ သဘောက ကျွန်တော်တို့ NLD တို့ပြည်ခိုင်ဖြိုးတို့ အစိုးရတို့ကို ကျွန်တော်တို့ အတိုက်အခံလုပ်တာမဟုတ်ဘူး။ ဒါတွေက ကျွန်တော်တို့ရဲ့ တကယ့် ဒီမိုကရေစီအခွင့်ရေး အခြေခံ အခွင့်အရေး ကျွန်တော်တို့ ပါတီမရှိတဲ့ နေရာမှာကျတော့ ဥပမာ NLD ဖြစ်ဖြစ် ပြည်ခိုင်ဖြိုးဖြစ်ဖြစ် ကျွန်တော်တို့ပါတီရှိမှတော့ ပါတီထောင်ရခြင်းက ကိုယ့်ရေးရာကိုယ်ကိုယ်တိုင်လုပ်ချင်တယ်။ သူများကို ပေးမအပ်ချင်ဘူး။

အဲတာကို ကျွန်တော်တို့က လွှတ်တော်မှာ သွားပူးပေါင်းတာပဲ ပါတီ ထက်ဝက်မကျော်ဘူးဆိုရင်လည်း ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ ညွှန့်ပေါင်းအစိုးရဖွဲ့မှာပေါ့။ ညွှန့်ပေါင်းအစိုးရဖွဲ့ရင်လည်း မကောင်းဘူးလား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပြည်ထောင်စုရေးဆိုတာ ဘာပြောနေသလဲ။ အဲတာ ညွှန့်ပေါင်း အစိုးရဖွဲ့ဖို့ ကြောက်တယ်ဆိုရင်လည်း မဟုတ်သေးဘူးလေ။ ဒါက ထက်ဝက်ကျော်နဲ့လည်းဖွဲ့ ကျွန်တော်တို့ တိုင်းရင်းသားအသံက လွှတ်တော်က အရင်တုန်းက ၂ဝ၁ဝလို ၂ဝ၁၅ လိုမဟုတ်ဘူး။ ကျွန်တော်တို့ ဒီထက်အင်အား အနေနဲ့ လွှတ်တော်မှာ ကိုယ့်လူမျိုးကိုယ်စားပြုနိုင်ဖို့အတွက်ကျွန်တော်တို့ အဲတာဦးတည်တာဖြစ်ပါတယ်။

မေး။ ။ ဆရာတို့ တိုင်းရင်းသားပါတီ ဝင်ရောက်ယှဉ်ပြိုင်ရင် တစ်ပြည်လုံးအတိုင်းအတာသွားမှာလားတိုင်းရင်းသားဒေသတွေပဲ ဝင်ပြိုင်မှာလား။

ဖြေ။ ။ ခုကပြောတဲ့ပါတီ(UNDP) ကတော့ တစ်တိုင်းတစ်ပြည်လုံးတွက် တည်ထောင်တဲ့ပုံသဏ္ဍန်ပါ။ ဒါပေမယ့် အဓိကတော့ပြောတာကတော့ ဥပမာ ချင်း၊ ကရင်၊ ရခိုင်၊ မွန်၊ ရှမ်းပါတီတွေရဲ့ သဘောထားကိုပြောတာပါ။ ကျွန်တော်ရဲ့ ညီညွတ်သောတိုင်းရင်းသားပါတီသဘောထားမဟုတ်ပါဘူး။ အဲဒါက သူလည်းပါတော့ပါဝင်တယ်။ ဒီသဘောထားတော့ရှိတာပေါ့။

တိုင်းရင်းသားလူမျိုးပါတီ၄၀ကျော်လောက်ကတော့ ကိုယ်ပါတီထောင်ကတည်းက ကိုယ်ရဲ့ မြက်ခင်းမှာကို ကောက်ရိုးပုံမှာ ကိုယ်နွားပဲမွေးချင်တယ်။ ကိုယ်ရဲ့ ရေကန်မှာ ကိုယ်ငါးပဲမွေးချင်တယ်။ အဲဒါပြောတာ ဒါမှ ချင်း၊ ကရင်၊ မွန်၊ ရခိုင် တွေကကျွန်တော်တို့ လွှတ်တော်မှာ အသံကပြန်ပေါ်လာမယ်။ အဲဒါ တိုင်းရင်းသားစည်းလုံးညီညွှတ်ဖို့ ဒါကပြည် ထောင်စု ဆိုတာတဲ့ အသွင်သဏ္ဍန်မြင်လာမှာပေါ့လို့ အဲဒီလိုပြောလိုတာပါ။ ညီညွတ်သောတိုင်းရင်းသားများဆိုတဲ့ပါတီကလည်း တိုင်းရင်းသားများအားလုံးစုပြီးတော့ သူကတော့ဒီဟာပဲလိုချင်တာပဲ ဒါကြောင့်မို့လို့ ပြည်ပမှာလည်း သူဝင်ချင်ဝင်မှာပေါ့။ ဘာဖြစ်လို့လည်း လွှတ်တော်အမတ်တွေက ပြည်မမှာလည်းရှိတယ်။ ပြည်နယ်မှာလည်းရှိတယ်။ အဲဒါ တစ်ပြည်လုံး အသွင်တော့ဆောင်တာပေါ့။

ကျွန်တော်တို့တိုင်းရင်သားကတော့ တစ်ပြည်လုံး အသွင်မဆောင်ပါဘူး။ ကိုယ့်ဒေသနဲ့ ကိုယ်ပါပဲ။ ကျွန်တော်တို့ကတော့ ချင်း၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားပါတီများက ကျွန်တော်တို့က တစ်ပြည်လုံးအတိုင်းအတာနဲ့ ကိုယ်နယ်မြေမှာကိုယ်သွားမယ် ဥပမာ ပြည်နယ်ဆိုရင် ပြည်နယ်အလိုက်သွားမယ်။ ကျွန်တော်တို့က ပြည်လွှတ်တော်ရောဗျာ။ အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ဆိုတာကတော့ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးလည်းဝင်တယ်။ ကျွန်တော်တို့လည်းဝင်မှာပေါ့။ ဝင်လို့တိုင်းရင်းသား အမတ်တွေက ၁၀၀ကျော်ဆိုတဲ့ဟာစုစည်းပြီးတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ဟာ ကျွန်တော်တို့ လွှတ်တော်မှာအဲဒီဟာ စကားပြောနိုင်ဖို့ဘာဖို့ို ကျွန်တော်တို့တွေက ကိုယ်ပြည်နယ်မှာကိုယ်ဝင်နောက်ပြီးတော့ ရတဲ့အမတ်တွေ စုစည်းမယ် နောက်ပြီးတော့ ကျွန်တော်တို့ လွှတ်တော်မှာ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့ ပူပေါင်းဆောင်ရွက်သွားဖို့ အဲဒါပါပဲ။

ကိုယ့်ပါတီရှိတဲ့ နေရာမှန်သမျှ ကျွန်တော်တို့ကဝင်မှာပဲ ကိုယ်လူမျိုးနဲ့ ကိုယ်ပါတီရှိတဲ့ဟူသမျှ ကျွန်တော်တို့ဝင်မှာပဲ အဲဒါ ကျွန်တော်တို့ရဲ့ဒီမိုကရေစီအခြေခံအကျဆုံးပဲ ပြည်ခိုင်ဖြိုးတို့က တစ်တိုင်းတစ်ပြည်လုံးနဲ့ အတိုင်းအတာနဲ့ဆိုတော့ သူတို့နဲ့ သူတို့ကတော့ဟုတ်တာပေါ့။ ကျွန်တော်တို့နယ်မြေမှာ ကျွန်တော်တို့ပဲကိုယ်စားပြုရမှာပေါ့။

ဒါပေယ့် ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ကိုယ်နေရာကိုယ့်ကတော့ ကိုယ့်ကကြိုးစားရမှာပေါ့။ ပြည်နယ်ကတော့ ပြည်နယ်ထိကတော့ အားလုံးရှိပါတယ်။ တိုင်းကတော့ ကျွန်တော်ထင်တယ်။ တိုင်းရင်းသားအနေနဲ့ တိုင်းရင်းသားမှာရှိတဲ့ တိုင်း(၇)တိုင်းမှာတော့ အမျိုးမျိုးရှိမှာပေါ့။ ဥပမာ နာဂတို့ ဘာတို့ရှိတာပဲ သူနေရာဆိုပေမယ့် ၂မြို့နယ်ရှိရင် ၂မြို့နယ်ဝင် ၃မြို့နယ်ရှိရင် ၃မြို့နယ် ဝင်မှာပဲ ကျွန်တော်သိရသလောက်တော့ တိုင်းထဲမှာဆိုရင်တော့ အရှေ့ပိုင်းတိုင်း မြောက်ပိုင်းတိုင်းတို့ရှိမယ်။ တိုင်းရင်းသားတွေများတဲ့မြို့နယ်မှာ ဥပမာ နာဂမှာ သူက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတယ်။ ၃မြို့နယ် များမှာပဲလေ။ သူများရင်သူဝင်မှာပါပဲလေ။

ဒါကတော့ သူဝင်ရင် သူရအောင်ကြိုးစားမှာပဲ ဘာဖြစ်လို့လည်းဆိုတော့ ပါတီထောင်တယ်ဆိုတာ ကိုယ်လူမျိုးကိုယ်စားပြုချင်တယ်။ ကိုယ်ရဲ့ လူမျိုးရေးရာကို ကိုယ်ကိုယ်တိုင်လုပ်ချင်လို့ ပါတီထောင်တာ သို့မဟုတ်ရင်တော့ ကျွန်တော်တို့ ဘာထောင်စရာလိုလည်း NLDရှိတယ်။ ပြည်ခိုင်းဖြိုးရှိတယ်။ တစ်ခြားပါတီရှိတယ် ဒီထဲမှာဝင်လိုက် ပြီးတာပဲ ဒါကြောင့်မို့လို့ ဒီဘက်မှာ မဝင်လိုက်ဘဲနဲ့ ပါတီထောင်တယ်ဆိုတာက ကိုယ်ရေးရာ ကိုယ်ကိုယ်တိုင်ကိုယ်ကျလုပ်ချင်တယ်။ အဲဒါတွေက တိုင်းရင်းသားတွေရဲ့သဘောထားပါ။

မေး။ ။ ဘာများ ဖြည့်စွက်ပြောကြားချင်တာရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့တိုင်းရင်းသားနယ်မြေဒေသမှာ ကျွန်တော်တို့ ကိုယ်ပါတီကိုယ်ပဲအနိုင်ရအောင်ကြိုးစားမယ်။ တိုင်းရင်းသားအားလုံးကအသံကိုစုစည်းပြီးတော့ ကျွန်တော်တို့လွှတ်တော်မှာတစ်စုတစ်စည်းထဲဒီမိုကရေစီရေးတို့တိုင်းရင်းသာအရေးတို့ဝင်သွားနိုင်အောင် ကျွန်တော်တို့ အသံတွေလွှတ်တော်မှာ ကျွန်တော်တို့ ပြန်ပေါ်နိုင်အောင်။ ပြီးခဲ့တဲ့ ၁၉၉၀ခုနှစ်တုန်းက ဆိုရင် UNLD နဲ့ NLDဟာ အကြိမ်ကြိမ်ဆွေးနွေးကြတယ်။

၁၉၉၀ခု သြဂုတ်လ ၁၉ရက်မှာ ဗိုလ်အောင်ကျော်လမ်း ကြေညာချက် ထုတ်ပြန်တယ်။ NLD က ၁၇ယောက်လက်မှတ်ထိုးတယ်။ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးက UNLD က ၁၄ယောက်လက်မှတ်ထိုးတယ်။ အဲလိုပူးပေါင်းထုတ်ပြန်လိုက်တော့ နောက်ပိုင်းဘာဖြစ်သွားလည်းဆိုတော့ နောက်ပိုင်းဘာဖြစ်သွားလည်းဆိုတော့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီမှာ ပြဿနာမျိုးစုံရင်ဆိုင်ရမယ်လို့ ကျွန်တော်တို့က တစ်ခါတည်း ပါတီစုံအနေနဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီညီညွတ်ပြီးတော့ လက်တွဲခဲ့တယ်။ အခက်အခဲ ဘယ်လိုပဲရှိရှိ လက်တွဲခဲ့တယ်။

၂၀၁၅ခုနှစ်ကျမှ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေအသံက ပျောက်နေပြီ။ ကျွန်တော်တို့က ပြောင်းလဲချိန်တန်ပြီဆိုပြီး NLDမှာ ခပ်များများလေးအားပေးကြတာကို NLD နဲ့ တိုင်းရင်းသားတွေကို ဘယ်မဟာမိတ်လုပ်မလဲ။ ကျွန်တော်တို့မှာလည်း အခွန်ပဲရှိတယ်။ ကျွန်တော်တို့ လွှတ်တော်မှာ မရှိခဲ့ဘူး။

ဒါတွေဟာ ကျွန်တော်တို့ ကျန်တဲ့ မဟာမိတ်ပါတီတို့ NLDတို့ ပြည်ခိုင်ဖြိုးတို့ကိုလည်း အလေးထားဂရုစိုက်လိုက်လာမှာပေါ့။ ကျွန်တော်တို့ အင်အားမရှိဘူး။ နာမည်ပဲဖြစ်နေတယ်။ အခုဟာက အဲဒါကြောင့် ကျွန်တော်ပြန်လည်စုစည်းပြီးတော့ ကျွန်တော်ဒီမိုကရေစီအရေးတို့ တိုင်းရင်းသားအရေးတို့လက်တွဲသွားမယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts