All News Election Local News

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်နယ်မြေအတွင်း ပါတီများ မဲဆွယ်ခွင့်ပေးမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

၂၀၂၀ ရွေးကောက်ပွဲတွင် တပ်နယ်မြေအတွင်း ပါတီများ မဲဆွယ်ခွင့်ပေးမည်မဟုတ်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

ရန်ကုန်၊ ဇွန် ၂၃

လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သက်ပြီး တပ်မတော်သည် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကာ သမိုင်းအစဉ်အလာအရ နိုင်ငံရေးအယူအဆကွဲလွဲမှုကြောင့် တောခိုမှုများရှိခဲ့သည့်အတွက် တပ်မတော်နယ်မြေအတွင်း နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့်ပေးမည် မဟုတ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောဆိုသည်။

“ ကျွန်တော်တို့ တပ်တွင်းမှာတော့ မဲဆွယ်စည်းရုံးဖို့အတွက် ကျွန်တော်တို့ သိထားသလောက် တပ်တွင်းမှာ မဲဆွယ်စည်းရုံးခွင့်ပြုမှာ မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့အပြင် ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါတယ်။ တပ်တွင်းထဲမှာ နေထိုင်ပြီး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာ့သမိုင်းစဉ်မှာ ပြန်ကြည့်ပါ။ မြန်မာ့သမိုင်းစဉ်မှာ ပြန်ကြည့်မယ်ဆိုရင် အရင်တုန်းကတော့ လက်နက်ကိုင်အဖွဲ့အစည်းစည်းမျိုးမျိုးရှိတာပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဝါဒကွဲပြားမှုတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ကျ ဆောင်ရွက်လာမှုတွေကြောင့် ကျွန်တော်တို့ရဲ့ လက်နက်ကိုင် ပဋိပက္ခသည် ဒီနေ့ထိဖြစ်နေခြင်းလို့ ကျွန်တော်ပြောချင်ပါတယ်။ တပ်မတော်မှာ ကျွန်တော်တို့ ကြုံခဲ့ပြီးပါပြီ။ တပ်မတော်မှာ ယခင်တုန်းက ကျွန်တော်တို့ လွတ်လပ်ရေးစတင်ပြီး ကြိုပမ်းစကာလမှာ ကျွန်တော်တို့အနေနဲ့ အယူဝါဒတွေ တပ်မတော်ထဲမှာကိုပဲ နိုင်ငံရေးအယူအဆတွေ ကွဲလွဲခဲ့ပါတယ်။ နိုင်ငံရေးအယူအဆတွေ ကွဲပြားခဲ့ကျတဲ့အတွက်ကြောင့်မို့လို့ တပ်မတော်မှာ တပ်ရင်းတပ်ဖွဲ့လိုက်တွေ တောခိုတဲ့ ပုံစံတွေ ဖြစ်ခဲ့တာရှိပါတယ်။ ဒါယခင်ကတိုင်ရှိခဲ့တာပေါ့။ ဝင်ရောက်စည်းရုံးတာတောင်မဟုတ်ပါဘူး။ ကွန်မြူနစ်အဖွဲ့တွေ တောခိုသွားတာတို့ ဘာတို့ရှိပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးပါတီများနဲ့ ပတ်သက်လာလို့ တပ်တွင်းမှာ မဲဆွယ်စည်းရုံးခွင့်ကတော့ ဒါမဖြစ်နိုင်ဘူးလို့ ပြောနိုင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ထိုသို့ တပ်မတော်အတွင်း မဲဆွယ်စည်းရုံခွင့်မပေးသော်လည်း တပ်မတော်သားများကို မည်သည့်ပါတီကို မဲထည့်ရမည်ဆိုသည့် ကန့်သတ်ချက်များ မထားရှိကြောင်း မိမိတို့ သဘောဆန္ဒများအတိုင်း လွတ်လပ်စွာမဲထည့်ခွင့်ပေးထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

တပ်မတော်သည် အမျိုးသားနိုင်ငံရေးကိုဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်ကာ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး သီးခြားမူဝါဒ ချမှတ်ထားခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ နိုင်ငံရေးပါတီများသည်လည်း နိုင်ငံ့အရေးကို တစ်ဖက်တစ်လှမ်းကဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ တပ်မတော်အနေနဲ့လည်း အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံရေးပါတီများနဲ့ ပတ်သက်ပြီးတော့ကျ သဘောထားများကတော့ ကျွန်တော်တို့သဘောထားများအနေနဲ့ သီးခြားမူဝါဒ ဘယ်သူ့ကို ထောက်ပံ့ပေးရမယ်။ ဘယ်သူ့ကို လုပ်ပေးရမယ် သီးခြားမူဝါဒ ကျွန်တော်တို့မှာ မရှိပါဘူး။ နိုင်ငံရေးပါတီများနဲ့ ပတ်သက်လို့ တစ်သဘောထားတည်းရှိပြီးဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts