Local News Peace political news

အင်တာနက် ဖြတ်တောက်မှု တစ်နှစ်ပြည့် လှုပ်ရှားမှု ဦးဆောင်သူ မောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူများကို ရဲက အမှုဖွင့်

အင်တာနက် ဖြတ်တောက်မှု တစ်နှစ်ပြည့် လှုပ်ရှားမှု ဦးဆောင်သူ မောင်ဆောင်းခ အပါအဝင် တက်ကြွလှုပ်ရှားသူများကို ရဲက အမှုဖွင့်

ရန်ကုန်၊ ဇွန် ၂၃

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတွင် အင်တာနက်ဖြတ်တောက်ထားမှု တစ်နှစ်ပြည့် သည့် ဇွန်လ ၂၁ ရက်နေ့တွင် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သူများအနက်မှ ၅ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် အရေးယူရန် ဆင့်ခေါ်လိုက်ခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကြီးအကျယ် ဖိနှိပ်လိုက်ကြောင်း တက်ကြွလှုပ်ရှားသူများက ထုတ်ပြန် ပြောဆိုလိုက်သည်။

ဇွန်လ ၂၁ ရက်နေ့ တွင် အင်တာနက်ဖိနှိပ်မှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် အရပ် ဘက်အဖွဲ့အစည်းများနှင့် ရန်ကုန်အခြေစိုက် အသံအဖွဲ့အပါအဝင် တက်ကြွလှုပ်ရှားသူများ၊ အင်တာ နက်အသုံးပြုသူများမှ အွန်လိုင်းဆန္ဒပြပွဲနှင့် အွန်လိုင်းကမ်ပိန်းများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့ ဆူး လေ လူကူးကုန်းတံတားပေါ်တွင်လည်း “ရခိုင်နှင့် ချင်းဒေသတစ်ချို့ အင်တာနက် ဖြတ်တောက်မှု အလိုမရှိ”၊ “စစ်ရာဇဝတ်မှုကျူးလွန်တာတွေ လူသတ်နေတာတွေကို မသိစေချင်လို့ အင်တာနက် ဖြတ် တာလား” ဟူသည့် စာတန်းပါ ပိတ်စများ ချိတ်ဆွဲကာ ကမ်ပိန်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အွန်လိုင်းကမ်ပိန်းတွင် ပါဝင်တောင်းဆိုခဲ့သည့် ရမ်းဗြဲအခြေစိုက် လူငယ်တစ်ဦးနှင့် အွန်လိုင်းဆန္ဒပြပွဲ များတွင် ဦးဆောင်ခဲ့သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားသူ မောင်ဆောင်းခ အပါအဝင် ၅ ဦးတို့ကို ရဲတပ်ဖွဲ့က ရမ်းဗြဲနှင့် ရန်ကုန်မြို့တို့တွင် အသီးသီး အမှုဖွင့် တရားစွဲဆိုမှုများ ဆောင်ရွက်လာခြင်းဖြစ်သည်။

မောင်ဆောင်းခက “ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အင် တာနက်ဖြတ်တောက်ထားတာကို အမြန်ဆုံးပြန်ဖွင့်ဖို့ လိုအပ်ပါတယ်။ တရားမျှတမှု တောင်းဆိုတဲ့ သူတွေကို ထပ်ပြီးတော့ တရားစွဲဆိုတယ်ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထပ်ပြီး တော့ ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

လွတ်လပ်စွာထုတ်ဖော်ပြောခွင့်လှုပ်ရှားမှုအဖွဲ့ – အသံ မှ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင် က “ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေကို တရားစွဲဆိုတဲ့ အပေါ် ကန့်ကွက်ရှုံ့ချပါတယ်။ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ ရန်ကုန်မြို့က ၅ ယောက်၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ၁ ယောက် စုစုပေါင်း ၆ ယောက် တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်။ လူ့အခွင့်အရေး ချိုး ဖောက်တာ၊ ဖိနှိပ်တာတွေကို လက်မခံနိုင်လို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို တရားစွဲတယ်ဆိုတာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ထပ်ပြီးတော့ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်။ အရေးကြီးဆုံးက အင်တာနက်ဖြတ်တောက်ထားတာကိုရပ်ဆိုင်းဖို့၊ အမြန်ဆုံးပြန်ဖွင့်ဖို့ လိုအပ်ပါတယ်။ သတင်းWebsite များအပါအဝင် Website ပေါင်း ၂၂၁ ခု ပိတ်ပင်ထားတာကိုလည်း အမြန်ဆုံးပြန်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဒီမိုကရေစီကိုတကယ်သွားနေတယ်ဆိုရင် သတင်းအချက် အလက် အမှောင်ချထားဖို့ မလိုအပ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts