All News Local News Peace

ရသေ့တောင်တွင် AA သတင်းရရှိ၍ နယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ရှောင်ရှားရန် တရားဝင် စာထုတ် အသိပေး

ရသေ့တောင်တွင် AA သတင်းရရှိ၍ နယ်မြေရှင်းလင်းမည်ဖြစ်သဖြင့် ရှောင်ရှားရန် တရားဝင် စာထုတ် အသိပေး

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီးတစ်ဝိုက်တွင် AA အဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသဖြင့် စစ်ကြောင်းက ရှင်းလင်းမည်ဖြစ်၍ ကျေးရွာနေပြည်သူများ ရှောင်တိမ်းနေထိုင်ကြရေး အသိပေးရန် သက်ဆိုင်ရာ ရသေ့တောင် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက စာထုတ်ပြန်၍ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း လက်မှတ်ရေးထိုး၍ ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်သော အဆိုပါ ညွှန်ကြားစာတွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ ခမ (ဒီတီ-၇၄၅၇၇၀ ) နှင့်ဝန်းကျင် တစ်ဝိုက်ရှိ ကျေးရွာများတွင် AA အဖွဲ့က လှုပ်ရှားလျက်ရှိသည်ဟု သတင်းရရှိကြောင်း၊ ကျောက်တန်းကျေးရွာနှင့် ဝန်းကျင်တစ်ဝိုက် ကျေးရွာများတွင် AA အဖွဲ့ဝင်များကို လက်ခံ ထားခြင်းမပြုရန် တိုက်ပွဲဖြစ်ပွားပါက ကျေးရွာများတွင် နေထိုင်ခြင်းမပြုဘဲ ခေတ္တရှောင်တိမ်းနေထိုင်ကြပါရန် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးသွားရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာကြောင်း ညွှန်ကြားစာတွင် ဖော်ပြထားချက်အရ သိရှိရသည်။

ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာက ထုတ်ပြန်သော တိုက်ပွဲရှောင် ညွှန်ကြားချက် မှန်ကန်ကြောင်း အတည်ပြုပြောဆိုပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောဆိုကြခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts