Local News Peace political news

ရသေ့တောင်တွင် စစ်ကြောင်း နယ်မြေရှင်းလင်းရေး အမိန့် ပြန်ရုပ်သိမ်းသော်လည်း ရခိုင်ကျေးရွာအများစု ထွက်ပြေးနေရ၊ မွတ်စလင်ရွာ ၃ ခုမှ လူ ၅၀၀၀ ခန့် ပြေးစရာ နေရာမရှိဟုဆိုပြီး တိုက်ပွဲများအကြား ဆက်လက်နေထိုင်နေရ

ရသေ့တောင်တွင် စစ်ကြောင်း နယ်မြေရှင်းလင်းရေး အမိန့် ပြန်ရုပ်သိမ်းသော်လည်း ရခိုင်ကျေးရွာအများစု ထွက်ပြေးနေရ၊ မွတ်စလင်ရွာ ၃ ခုမှ လူ ၅၀၀၀ ခန့် ပြေးစရာ နေရာမရှိဟုဆိုပြီး တိုက်ပွဲများအကြား ဆက်လက်နေထိုင်

ရန်ကုန်၊ ဇွန် ၂၈

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာအနီးတွင် စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် ဒေသခံ ပြည်သူများကို ခေတ္တ ရှောင်တိမ်းနေထိုင်ကြရန် ဇွန်လ ၂၃ ရက်နေ့က စာထုတ်ပြန်ပြီးနောက် ယင်းစာကို ဇွန်လ ၂၆ ရက်နေ့တွင် ပယ်ဖျက်ကြောင်း ကြေညာခဲ့သော်လည်း ရခိုင်ကျေးရွာအများစုမှာ ရွာများတွင် မနေရဲကြဘဲ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနယ်မြေတွင် ကျေးရွာပေါင်း ၃၉ ရွာရှိပြီး ကျေးရွာအုပ်စုပေါင်း ၁၈ အုပ်ရှိကြောင်း၊ ယင်းတို့တွင် ရခိုင်ကျေးရွာ ၃၆ ရွာရှိပြီး မွတ်စလင် (ရိုဟင်ဂျာ) ကျေးရွာ ၃ ရွာပါဝင်ကြောင်း၊ စုစုပေါင်း လူဦးရေ ၄၀၀၀၀ ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကျောက်တန်းနယ်မြေတွင်ရှိသော ရွာပေါင်း ၃၉ ရွာအနက် ရိုဟင်ကျေးရွာ ၃ ခုမှာ အာကာတောင်၊ ကင်ဆိပ်၊ ဆင်ခုံးတိုင် ကျေးရွာတို့ဖြစ်ပြီး အိမ်ထောင်စု ၆၀၀ စု လူဦးရေအားဖြင့် မွတ်စလင်လူဦးရေ ၅၀၀၀ ဝန်းကျင်ရှိကြောင်း၊ အဆိုပါ ကျေးရွာ ၃ ခုမှ မွတ်စလင်များသည် တိုက်ပွဲများအကြားတွင် နေထိုင်နေရပြီး ပြေးစရာ မြေမရှိဟု ပြောဆိုကြကြောင်း သိရှိရသည်။

“ကျနော်တို့မှာ ပြေးစရာ မြေမရှိပါဘူး။ တိုက်ပွဲတွေကတော့ အနီးအနားမှာ ဖြစ်နေတာပါပဲ” ဟု အာကာတောင်ကျေးရွာမှာ ဒေသခံ မွတ်စလင်တစ်ဦးက ပြောဆိုသည်။

နယ်မြေရှင်းလင်းရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့သော ကျောက်တန်းနယ်မြေတွင် ပါဝင်သည့် ရခိုင်ကျေးရွာ ၃၆ ရွာမှာ ကျောက်တန်းကျေးရွာ၊ ထီးစွဲ၊ အောင်သာစည်၊ သောင်းဒရားရှေ့ကျေးရွာ၊ သောင်းဒရားအနောက်ကျေးရွာ၊ လမုတိုင်၊ နွားတင်းကုတ်၊ နွားလှကျော် (ခေါ်) လိုင်းဂွင်၊ ရေဘုတ်၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ဗောဓီကုန်း၊ ရေမျက်ရွာဟောင်း၊ ရေမျက်ရွာသစ်၊ ညောင်းပင်လှ၊ မညှင်းတောင်၊ ပြိုင်းတော၊ ကုလားချောင်း၊ပြိုင်းတော်(ကုန်တန်း) သမီးလှရွာသစ်၊ သမီးလှရွာဟောင်း၊ အိုးဖောက်၊ ဇေယာယျမြိုင်၊ ဆင်ခုံတိုင်( ရခိုင်ရွာ) အုန်းချောင်း၊ ဇီးချောင်း၊ သက်ပယ်ကျ( ချင်းရွာ)၊ ပဲသဒူ၊ ခရုချောင်း၊ ရေကြောင်းချောင်း၊ ကျောက်ကုန်းဘုတ်၊ အမျက်တောင်၊ ရေစိုးချောင်း၊ ကျောက်ရံ၊(သာစည်) မောင်ဖြူရွာ၊ ငစင်ဘော တို့ဖြစ်ပြီး အများစုမှာ ရသေ့တောင်မြို့ပေါ်နှင့် စစ်တွေမြို့ဆီသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ နယ်မြေရှင်းလင်းရေး အမိန့် ပယ်ဖျက်သော်လည်း တိုက်ပွဲများရှိနေခြင်းကြောင့် မူရင်းနေရပ်ကျေးရွာများသို့ မပြန်ရဲကြတော့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts