All News Local News

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိ အဆို မဲအပြတ် အသတ်ဖြင့် လွှတ်တော်တွင် ရှုံးနိမ့်

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိ အဆို မဲအပြတ်အသတ်ဖြင့် လွှတ်တော်တွင် ရှုံးနိမ့်

ရန်ကုန်၊ ဇွန် ၁၈

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးပါတီ (USDP)နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ စွပ်စွဲပြစ်တင်မှုအဆိုကို ရန်ကုန်တိုင်းလွှတ်တော်တွင် ယနေ့မဲခွဲဆုံးဖြတ်ရာ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားကြောင်း သိရှိရသည်။

လွှတ်တော်စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲချက်များသည် မှန်ကန်မှုမရှိဆိုသော စုံစမ်းစစ်ဆေး တွေ့ရှိချက် များကို လွှတ်တော်သို့ တင်ပြပြီး ယနေ့ ရန်ကုန်တိုင်း လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ အဆိုကို ကန့်ကွက်မဲ ၇၇ မဲ၊ ထောက်ခံမဲ ၂၅ မဲ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအဆိုကို ကိုကိုးကျွန်းမြို့နယ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဇွန်လ ၅ရက်နေ့တွင် ကျင်းပသည့် ရန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ၃၂ဦးက လက်မှတ်ရေးထိုးကာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဦးတင်ဝင်းတင်သွင်းထားသော်အဆိုမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဗိုလ်တထောင်ဘုရားတွင် လူစုလူဝေးဖြင့် ဘာသာရေးအခမ်းအနားပွဲ ကျင်းပခဲ့သည့် ဖြစ်စဉ်အပါအဝင် ဘတ်ဂျတ် စီမံခန့်မှုကိစ္စများနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ (က) အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးကာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts