All News Election interview

“မတည်ငြိမ်တဲ့ နေရာမှာမလုပ်ဘူးး။ တည်ငြိမ်တဲ့နေရာမှာလုပ်မှာပေါ့။ မဲဆန္ဒနယ်တစ်ခုလုံး မတည်ငြိမ်တာမှမဟုတ်တာ ။ရခိုင်မှာ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်”

“မတည်ငြိမ်တဲ့ နေရာမှာမလုပ်ဘူးး။ တည်ငြိမ်တဲ့နေရာမှာလုပ်မှာပေါ့။ မဲဆန္ဒနယ်တစ်ခုလုံး မတည်ငြိမ်တာမှမဟုတ်တာ ။ရခိုင်မှာ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်”

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဆက်သွယ်မေးမြန်းချက်

၂ဝ၂ဝ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ရခိုင်ဒေသအခြေအနေကို ရန်ကုန်ခေတ်သစ်မီဒီယာက ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ ကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ရွေးကောက်ပွဲက နီးလာပြီဆိုတော့ ရခိုင်ပြည်နယ်မှာ ပြည်သူတွေ မဲပေးမယ့် အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ မဲပေးဖို့ဆိုတာက ဒီဘက်မှာ မဲပေးဖို့က အခက်အခဲ သိပ်မရှိပါဘူး။ ဒါကကျင်းပတဲ့ သူနဲ့ပဲဆိုင်ပါတယ်။

မေး။ ။ ရခိုင်ဒေသက ရွေးကောက်ပွဲလုပ်နိုင်မယ့် အလားအလာရှိလား ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ အလားအလာကတော့ အစိုးရက ကြိုးစားနေတာပဲ အစိုးရကတော့ ရွေးကောက်ပွဲ လုပ်နိုင်ဖို့အတွက် ကြိုးစားနေတယ်။ သို့သော် မြေပြင်အခြေအနေက ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ သိပ်တော့ ပြောလို့မရသေးဘူး။ ဒါပေမယ့် အကောင်းဖက်ကို တစ်ခုရှိတာက တစ်ခုတလော မြောက်ပိုင်း လေးဖွဲ့နဲ့ အွန်လိုင်းကနေ စကားပြောမယ်ဆိုပြီးတော့ အသံတစ်သံထွက်နေတယ်။ အဲလိုဒီဘက်က ကမ်းလှမ်းတယ်ဆိုတာ အပေါင်းလက္ခဏာ ပါပဲ။

မေး။ ။ ရခိုင်မှာ ဒေသအားလုံးရွေးကောက်ပွဲကျင်းပနိုင်သေးတဲ့ အနေအထားရှိတယ်ပေါ့။

ဖြေ။ ။ ဒါကတော့ ပြောဖို့ နည်းနည်းစောနေသေးတယ်။

မေး။ ။ ဆရာအနေနဲ့ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အစီအစဉ်ရှိမလား။ ANP ပါတီကနေပြီးတော့ပေါ့။

ဖြေ။ ။ ဒါကတော့ ကိုယ့်စိတ်ကတော့ သိပ်ပြီးတော့ စိတ်မဝင်စားသလိုပဲ သို့သော် ပါတီကတာဝန်ပေးရင်တော့ အခြေအနေအရပေါ့လေ။

မေး။ ။ ရခိုင်ဒေသမှာ တိုက်ပွဲတွေကလည်း ရှိနေတော့ လူထုကကော ရွေးကောက်ပွဲကို အာရုံစိုက်နိုင်ရဲ့လား။

ဖြေ။ ။ အခြေအနေကတော့ ၅ဝ၊ ၅ဝ ထင်တယ်။ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်။

မေး။ ။ ရခိုင်ဒေသမှာ နယ်မြေ မတည်ငြိမ်ဘူးဆိုပြီး ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့ရင် ရခိုင်ဒေသအလားအလာက ဘယ်လိုများဖြစ်နိုင်မလဲ။

ဖြေ။ ။ နယ်မြေမတည်ငြိမ်လို့ မလုပ်ဘူး။ အဲလိုလည်း ကံသေကံမ ပြောတာမတွေ့ရသေးပါဘူး။ နယ်မြေဟာ မတည်ငြိမ်တဲ့ နေရာရှိသလို တည်ငြိမ်တဲ့နေရာလည်းရှိတယ်လေ။ မတည်ငြိမ်တဲ့ နေရာမှာမလုပ်ဘူးး။ တည်ငြိမ်တဲ့နေရာမှာလုပ်မှာပေါ့။ မဲဆန္ဒနယ်တစ်ခုလုံး မတည်ငြိမ်တာမှမဟုတ်တာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကို ဖြစ်စေချင်ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဒေသတစ်ခုမှာ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ တကယ်လို့များ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲမဖြစ်ဘူးဆိုရင် ရခိုင်ဒေသဟာ လုံခြုံမှု မရှိဆိုတဲ့ သဘောသက်ရောက်သွားလိမ့်မယ်။ ရခိုင်ဒေသဟာလုံခြုံမှုမရှိဘူး အဲလိုဆိုရင် အစိုးရသိက္ခာကျလိမ့်မယ်လေ။ ကျွန်တော်တို့က အစိုးရကိုလည်း သိက္ခာမကျစေချင်ဘူးလေ။

မေး။ ။ ရခိုင်ဒေသမှာ ရွေးကောက်ပွဲ မလုပ်ဖြစ်ရင် ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ ဒီနေရာမှာ အင်တာနက်လည်းမရှိဘူး။ သတင်းသမားလည်းမရှိဘူး။ ပြောရေးဆိုခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေလည်း မရှိတော့ဘူးဆိုရင် ဒီနယ်မြေဘယ်လိုဖြစ်သွားမလဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts