All News Local News

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူအသစ်များ အာဇာနည်နေ့တွင်ဖြန့်ချိမည်

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူအသစ်များ အာဇာနည်နေ့တွင်ဖြန့်ချိမည်

ရန်ကုန်၊ဇွန် ၁၈

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူအသစ်များကိုလာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကြရောက်မည့် အာဇာနည်နေ့ တွင်ဖြန့်ချိသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန်အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာ အနံ ၇၀ မီလီမီတာ ရှိပြီး ငွေစက္ကူမှာ ပေါ်လွင်သောနီညိုရှိပြီး ငွေစက္ကူ ၏ အပေါ်ဘက်တွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” ဟူသော တာမ်းပါရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ငွေစက္ကူ၏ မျက်နှာစာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ရိုက်နှိပ်ထားပြီး ငွေစက္ကူ၏ ယာဘက်တွင်ငွေစက္ကူ၏တန်ဖိုး ကို မြန်မာ စားလုံးဖြင့် ငါးရယ်ကျပ် ဟု ဖော်ပြထားကာ ထောင့်သုံးထောင့် တွင်လည်း ငွေစက္ကူ၏တန်ဖိုး ကို ဂဏန်း ဖြင့်ဖော်ပြထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရသိရှိရသည်။

ငွေစက္ကူ နံပါတ်ကို မြန်မာ အက္ခရာ မြန်မာ ဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ် အက္ခရာ ၊ အင်္ဂလိပ် ဂဏန်းဖြင့် ဒေါင်လိုက် ရုက်နှိပ်ထားကြောင်းသိရှိရသည်။

ငွေစက္ကူ ၏ ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်း ပုံရေစာ ပါရှိပြီး ငွေစက္ကူလုံခြုံရေးကြိုးကို ဒေါင်လိုက်မြုပ်နှံထည့်သွင်းထားကြောင်း သိရှိရသည်။

ငွေစက္ကူ ၏ ကျောဘက်တွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်ပုံထည့်သွင်းရိုက်နှိပ်ထားကြောင်းသိရှိရသည်။

ဗိုလ်ချုပ် အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူအသစ်များဖြန့်ဝေမည် ဖြစ်သော်လည်း လက်ရှိ အသုံးပြုနေသော ငါးရာကျပ်တန်ငွေ စက္ကူများမှာလည်း တရားဝင်ငွေကြေးအဖြစ် ဆက်လက်အသုံးပြု နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။

RiSE News

Photo – Myanmar Digital News

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts