All News Local News Peace

ပုဏ္ဏားကျွန်းတွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင့် လုံခြုံရေးတပ်ဖွဲ့တချို့ ကျဆုံး၊ ဒဏ်ရာရ

ပုဏ္ဏားကျွန်းတွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင့် လုံခြုံရေးတပ်ဖွဲ့တချို့ ကျဆုံး၊ ဒဏ်ရာရ

ရန်ကုန်၊ ဇွန် – ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ပါ ကျဆုံး ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ရန်ကုန်-စစ်တွေ ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်း လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး သို့ အရောက် AA က ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်စဉ် ပုဏ္ဏားကျွန်းမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ ဆိုင်ကယ်စီးနင်းလာသော ဇော်မင်းဦး ၃၅ နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဝင်းနိုင်စိုး ၄၇ နှစ်မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်တပ်တော် AA ဘက်ကမူ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ- မိုင်းခွဲတိုက်ခိုက်ခံရသော ကင်းချောင်းတံတားအနီး မြင်ကွင်း။ Photo Credit – CINCDS

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts