All News Election Local News

နော်အုန်းလှ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ရွေးကောက်ပွဲဝင်မည်၊ ကရင်တိုင်းရင်း သားများ၏ ရပိုင်ခွင့်အတွက် ဆောင်ရွက်မည်ဟု ကတိပြု

နော်အုန်းလှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ရွေးကောက်ပွဲဝင်မည်၊ ကရင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်အတွက် ဆောင်ရွက်မည်ဟု ကတိပြု

ရန်ကုန်၊ ဇွန် ၁၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် နော်အုန်းလှက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(UNDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နော်အုန်းလှက ပြောဆိုသည်။

“UNDP ပါတီက တာဝန်ပေးတာပေါ့။ အန်တီအနေနဲ့ကတော့ ကရင်တိုင်းရင်းသားတွေအတွက် ကိုယ်တတ်နိုင်သလောက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားပါ့မယ်” ဟု နော်အုန်းလှက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက ၂၀၂၀ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး ကော်မတီ(ဗဟို) ကို ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီတွင် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် အဖွဲ့ဝင် ၉ ဦးရှိကာ နော်အုန်းလှမှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts