Local News political news

နေပြည်တော် ဥတ္တရသီရိတွင် သမ္မတနှင့် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးနှင့်ဒုဝန်ကြီးများ၊ အရာရှိကြီးများကို မြေကွက်များ ချထားပေး၊ သမ္မတနှင့်အဆင့်များအတွက် ပေ ၄၀၀ ပတ်လည် မြေကွက်ချထားပေး

နေပြည်တော် ဥတ္တရသီရိတွင် သမ္မတနှင့် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးနှင့်ဒုဝန်ကြီးများ၊ အရာရှိကြီးများကို မြေကွက်များ ချထားပေး၊ သမ္မတနှင့်အဆင့်များအတွက် ပေ ၄၀၀ ပတ်လည် မြေကွက်ချထားပေး

ရန်ကုန်၊ ဇွန် ၁၉

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် သမ္မတနှင့် အတိုင်ပင်ခံအပါအဝင် ဝန်ကြီးနှင့် ဒုဝန်ကြီးများအပါအဝင် အရာရှိကြီးများအတွက် မြေကွက်များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဖော်ဆောင်ချထားပေးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

နေပြည်တော်သမ္မတရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။

လူမှုကွန်ရက်များတွင် ဥတ္တရသီရိမြို့နယ်တွင် သမ္မတ နိုင်ငံတော်အတိုင်ပင်ခံတို့ က မြေကွက်များ ရယူနေကြောင်း သတင်းများကို တွေ့ရကြောင်း၊ သတင်းမှန်ကန်သော်လည်း မြေကွက် အကျယ်အဝန်းမှာ ချဲ့ကားထားကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲနီးလာ၍ နိုင်ငံရေးအရ Dis-Information လုပ်ခြင်းဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“ဝန်ကြီးအဆင့်ဆိုရင် ပေ ၃၀၀ ပတ်လည်ရှိမယ်။ ဒုဝန်ကြီးအဆင့်ဆိုရင် ၂၅၀ ပတ်လည်ရှိတယ်။ DG( ညွှန်ကြားရေးမှူးချုပ်) အဆင့်ဆိုရင် ၁၀၀ ပတ်လည်ရှိတယ်။ သမ္မတတို့ အဲဒီအဆင့်တို့ဆိုရင် ၄၀၀ ပတ်လည်ရှိတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေးက နေပြည်တော်စည်ပင်က မြေကွက်များချထားပေသည့် ဈေးနှုန်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“သတ်မှတ်ဈေးနှုန်းက နေပြည်တော် စည်ပင်ကို မေးပါ။ ဒါက နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ။ နိုင်ငံရေးအရ Political Appointment တွေကို ပေးတာဖြစ်တယ်။ အဲဒီအတွက် အစိုးရ ဈေးနဲ့ပဲ ပေးတယ်။ နေပြည်တော်ကောင်စီက သတ်မှတ်တဲ့ဈေးနဲ့ပဲ သွင်းရမယ်။ မြေကွက်ပဲချထားပေးတာ။ ခြံခတ်တာတို့ ဘာတို့က ကာယကံရှင်က လုပ်ရမှာ။ ခြံခတ်တာ အဆောက်အဦး ဆောက်တာ စသည်ဖြင့် ..။ မြေပြုပြင်တာက ဒီနေရာမှာ မြေကွက်ဖော်တာ၊ မြေကို ညှိရတယ်၊ တောင်ဂမူတွေ ဖြိုရတယ်။ ဒါကတော့ စည်ပင်က လုပ်ရတာ။ ဒါကတော့ ဒီမှာတင်မဟုတ်ဘူး ကျန်တဲ့ ပုဗ္ပတို့ ဘာတို့ ဝန်ထမ်း ရပ်ကွက်တွေမှာလည်း ဒီအတိုင်းပဲ” ဟု ဦးဇော်ဌေးက ရှင်းပြသည်။

Photo Credit – MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts