Local News Peace Web TV

စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော်နေထိုင်သော မြေပုံ ရက်ချောင်း စစ်ရှောင်စခန်းရေမြုပ် (ရုပ်/သံ)

စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော်နေထိုင်သော မြေပုံ ရက်ချောင်း စစ်ရှောင်စခန်းရေမြုပ် (ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၁၈

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ရက်ချောင်းဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့က စပြီး ရေကြီးရေလျံမှုဖြစ်ပွားလျက်ရှိကာ စစ်ရှောင်ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ရက်ချောင်းစစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်ဆရာတော် ဥူးနန္ဒသာရကမိန့်ကြားသည်။

“ မနေ့က ၁ဝနာရီ လောက်ကစပြီးတော့ ရေကြီးတာ ဒီရေတက်ချိန်ပေါ့။ ဒီနေ့က မိုးသိပ်မရွာတော့ ရေကနည်းနည်းတော့ကျတယ်။ သူက မိုးသဲသဲမဲမဲ ရွာတော့ တောင်ကျရေတွေက ချောင်းပေါ်ရောက်တယ်။ ချောင်းပေါ်ကတစ်ခါ ဒီရေကတက်လာတဲ့အခါကျတော့ အဲဒီတောင်ကျရေနဲ့ ဒီရေနဲ့ ပူးပြီးတော့ ကမ်းပေါ်ကို လျံှတက်သွားတာ မြစ်ထဲကိုမဆင်းဘဲနဲ့ ရေကြီးမှုဖြစ်တာပေါ့။ မိုးပြင်းပြင်းထန်ထန်ရွာတာနဲ့ ဒီရေတက်ချိန်နဲ့ သွားဆုံတာပေါ့။ နောက် ၅ရက်လောက်နေမှာ ရေကျမယ်ထင်တယ်” ဟု မြတန်ဆောင်ဆရာတော် ဥူးနန္ဒသာရက မိန့်ဆိုသည်။

လက်ရှိအချိန်တွင် ရေမြှုပ်နေသော စစ်ဘေးရှောင်စခန်းသို့ အကူအညီ မလာကြောင်း ဆရာတော်၏ မိန့်ဆိုချက်အရ သိရှိရသည်။

“ ပြည်နယ်အစိုးရကလုံးဝထောက်ပံ့တာတွေမလာဘူး။ အစိုးရကိုဘာမှမပြောချင်ဘူး။ ပြောလည်း ဘာမှမထူးဘူး။ ပြောတာပဲအဖတ်တင်မယ်။ ဘာမှမပြောချင်ဘူး။ သူတို့က WFP ကပေးနေတာကို မပေးနဲ့လို့ အတင်းအဓမ္မ ဒုက္ခပေးနေတဲ့ကိစ္စကို သူတို့ကို တင်ပြလို့ကော ဘာထူးမှာတုန်း ပြောတယ်။ ပြောလို့မရဘူး” ဟု ဆရာတော်က ရှင်းပြသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် မိသားစုက ၁၁၅စုရှိပြီး လူဦးရေ ၄၁၇ဦးရှိပြီး နေအိမ် ၇ဝခန့်ဖြင့်နေထိုင်လျက်ရှိကြောင်း၊ လက်ရှိချိန်တွင် ရေကြီးရေလျံှမှုဖြစ်ပွားခြင်းကြောင်း သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်ဝန်ဆောင်သည်များကို အဆိုပါ စစ်ရှောင်စခန်း နီးရှိ လေးထောင်ရွာ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားကြောင်း အဆိုပါ စစ်ရှောင်စခန်းသည် လူဦးရေ ၄ဝဝကျော်နေထိုင်ပြီး တစ်ရက်ကုန်ကျစရိတ်ကျပ် ၄သိန်းရှိကြောင်း သိရှိရသည်။

“ ဒီစခန်းက ၂ဝ၁၉ ဒီဇင်ဘာလကစပြီးတော့ ဖွင့်တာ စခန်းဖွင့်ကာစက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပံ့ပိုးပေးတယ်။ ၂ဝ၂ဝ ခုနှစ် မတ်လလောက်မှာ သူတို့ ရိက္ခာဖြတ်လိုက်တယ်။ အဲဒီတော့ စခန်းက တာဝန်ရှိတဲ့ သူတွေက လှမ်းပြီးတော့မေးတယ်။ ဘာလို့ WFPက ဘာလို့ ဒီစားနပ်ရိက္ခာ ဖြတ်လိုက်တာလည်းလို့မေးတဲ့အခါ ရခိုင်ပြည်နယ်အစိုးရက ကူညီခွင့်မပေးတဲ့အတွက် ဖြတ်လိုက်တာလို့ပြောတယ်။ အဲဒီနောက်ပိုင်း ဘယ်နိုင်ငံတကာအဖွဲ့ကမှ အကူအညီမပေးတော့ဘူး။ ဒေသတွင်းကလည်း ဘယ်အဖွဲ့အစည်းကမှ မလာဘူး” ဟု ဆရာတော် ဥူးနန္ဒသာရက မိန့်ဆိုသည်။

မြေပုံ ရက်ချောင်း စစ်ရှောင်စခန်းရေမြုပ် (ရုပ်/သံ)

စစ်ဘေးရှောင်ဒုက္ခသည် ၄၀၀ ကျော်နေထိုင်သော မြေပုံ ရက်ချောင်း စစ်ရှောင်စခန်းရေမြုပ် (ရုပ်/သံ) ရန်ကုန်၊ ဇွန် ၁၈ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းရှိ ရက်ချောင်းဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၇ရက်နေ့က စပြီး ရေကြီးရေလျံမှုဖြစ်ပွားလျက်ရှိကာ စစ်ရှောင်ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ရက်ချောင်းစစ်ရှောင်စခန်းတာဝန်ခံ မြတန်ဆောင်ဆရာတော် ဥူးနန္ဒသာရကမိန့်ကြားသည်။“ မနေ့က ၁ဝနာရီ လောက်ကစပြီးတော့ ရေကြီးတာ ဒီရေတက်ချိန်ပေါ့။ ဒီနေ့က မိုးသိပ်မရွာတော့ ရေကနည်းနည်းတော့ကျတယ်။ သူက မိုးသဲသဲမဲမဲ ရွာတော့ တောင်ကျရေတွေက ချောင်းပေါ်ရောက်တယ်။ ချောင်းပေါ်ကတစ်ခါ ဒီရေကတက်လာတဲ့အခါကျတော့ အဲဒီတောင်ကျရေနဲ့ ဒီရေနဲ့ ပူးပြီးတော့ ကမ်းပေါ်ကို လျံှတက်သွားတာ မြစ်ထဲကိုမဆင်းဘဲနဲ့ ရေကြီးမှုဖြစ်တာပေါ့။ မိုးပြင်းပြင်းထန်ထန်ရွာတာနဲ့ ဒီရေတက်ချိန်နဲ့ သွားဆုံတာပေါ့။ နောက် ၅ရက်လောက်နေမှာ ရေကျမယ်ထင်တယ်” ဟု မြတန်ဆောင်ဆရာတော် ဥူးနန္ဒသာရက မိန့်ဆိုသည်။လက်ရှိအချိန်တွင် ရေမြှုပ်နေသော စစ်ဘေးရှောင်စခန်းသို့ အကူအညီ မလာကြောင်း ဆရာတော်၏ မိန့်ဆိုချက်အရ သိရှိရသည်။“ ပြည်နယ်အစိုးရကလုံးဝထောက်ပံ့တာတွေမလာဘူး။ အစိုးရကိုဘာမှမပြောချင်ဘူး။ ပြောလည်း ဘာမှမထူးဘူး။ ပြောတာပဲအဖတ်တင်မယ်။ ဘာမှမပြောချင်ဘူး။ သူတို့က WFP ကပေးနေတာကို မပေးနဲ့လို့ အတင်းအဓမ္မ ဒုက္ခပေးနေတဲ့ကိစ္စကို သူတို့ကို တင်ပြလို့ကော ဘာထူးမှာတုန်း ပြောတယ်။ ပြောလို့မရဘူး” ဟု ဆရာတော်က ရှင်းပြသည်။အဆိုပါ စစ်ရှောင်စခန်းတွင် မိသားစုက ၁၁၅စုရှိပြီး လူဦးရေ ၄၁၇ဦးရှိပြီး နေအိမ် ၇ဝခန့်ဖြင့်နေထိုင်လျက်ရှိကြောင်း၊ လက်ရှိချိန်တွင် ရေကြီးရေလျံှမှုဖြစ်ပွားခြင်းကြောင်း သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်ဝန်ဆောင်သည်များကို အဆိုပါ စစ်ရှောင်စခန်း နီးရှိ လေးထောင်ရွာ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ထားကြောင်း အဆိုပါ စစ်ရှောင်စခန်းသည် လူဦးရေ ၄ဝဝကျော်နေထိုင်ပြီး တစ်ရက်ကုန်ကျစရိတ်ကျပ် ၄သိန်းရှိကြောင်း သိရှိရသည်။ “ ဒီစခန်းက ၂ဝ၁၉ ဒီဇင်ဘာလကစပြီးတော့ ဖွင့်တာ စခန်းဖွင့်ကာစက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပံ့ပိုးပေးတယ်။ ၂ဝ၂ဝ ခုနှစ် မတ်လလောက်မှာ သူတို့ ရိက္ခာဖြတ်လိုက်တယ်။ အဲဒီတော့ စခန်းက တာဝန်ရှိတဲ့ သူတွေက လှမ်းပြီးတော့မေးတယ်။ ဘာလို့ WFPက ဘာလို့ ဒီစားနပ်ရိက္ခာ ဖြတ်လိုက်တာလည်းလို့မေးတဲ့အခါ ရခိုင်ပြည်နယ်အစိုးရက ကူညီခွင့်မပေးတဲ့အတွက် ဖြတ်လိုက်တာလို့ပြောတယ်။ အဲဒီနောက်ပိုင်း ဘယ်နိုင်ငံတကာအဖွဲ့ကမှ အကူအညီမပေးတော့ဘူး။ ဒေသတွင်းကလည်း ဘယ်အဖွဲ့အစည်းကမှ မလာဘူး” ဟု ဆရာတော် ဥူးနန္ဒသာရက မိန့်ဆိုသည်။

Posted by Khit Thit Media on Thursday, 18 June 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts