interview Peace Web TV

စစ်တွေတွင် မိုင်းကွဲမှုဖြင့် မသင်္ကာ၍ ဖမ်းခံရသော တက္ကသိုလ်ကျာင်းသား ၂ ဦးနှင့်ပညာရေး ဝန်ထမ်း ၁ ဦးကို တပ်မတော် က ရိုက်နှက်နှိပ်စက် (အပိုင်း ၁)

စစ်တွေတွင် မိုင်းကွဲမှုဖြင့် မသင်္ကာ၍ ဖမ်းခံရသော တက္ကသိုလ်ကျာင်းသား ၂ ဦးနှင့်ပညာရေး ဝန်ထမ်း ၁ ဦးကို တပ်မတော် က ရိုက်နှက်နှိပ်စက် (အပိုင်း ၁)

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး ဇွန်လ ၂၇ ရက်နေ့က တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေချမ်းပြင်ကျေးရွာအနီး ရထားဘူတာရုံအတွင်း ရောက်ရှိနေကြသည့် အဝေးသင်ကျောင်းသား ၂ ဦးနှင့် ပညာရေးဝန်ထမ်း ၁ ဦးကို တပ်မတော်က ဖမ်းဆီးထိမ်းသိမ်းပြီး ၎င်းတို့ကို တပ်မတော်သားများက ၀ိုင်းဝန်း ရိုက်နှက် နှိပ်စက်ခဲ့ကြကြောင်း ကာယကံရှင်များက ပြောဆိုသည်။

အဆိုပါ ၃ ဦးသည် ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံရပြီး ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း၊ဖမ်းဆီးခံရပြီးပြန်လွတ်လာသူသုံးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အထုပ်သည်ကျေးရွာမှ ပညာရေးဝန်ထမ်း ဖြစ်သူ ကိုကျော်လှိုင် ၂၆ နှစ်၊ ရသေ့တောင်မြို့နယ်မှ လောင်းချောင်းကျေးရွာမှ ပထမနှစ်အဝေးသင်ကျောင်းသား ကိုဖြိုးလွင် ၂၆နှစ် နှင့် ကျွန်းပေါ် ( ပေါက်တော) ကျေးရွာမှ တတိယနှစ် ပထဝီကျောင်းသား ကိုဇော်သက်ထွန်း ၂၂ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးပေ။

စစ်တွေတွင် ဖမ်းခံရသော ကျောင်းသား ၂ ဦးနှင့် ဝန်ထမ်း ၁ ဦးကို တပ်မ ၂၂ က နှိပ်စက် (အပိုင်း ၁ )

စစ်တွေတွင် မိုင်းကွဲမှုဖြင့် မသင်္ကာ၍ ဖမ်းခံရသော တက္ကသိုလ်ကျာင်းသား ၂ ဦးနှင့်ပညာရေး ဝန်ထမ်း ၁ ဦးကို တပ်မတော် က ရိုက်နှက်နှိပ်စက် (အပိုင်း ၁) By ရန်ကုန်ခေတ်သစ်ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာအနီး ဇွန်လ ၂၇ ရက်နေ့က တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရေချမ်းပြင်ကျေးရွာအနီး ရထားဘူတာရုံအတွင်း ရောက်ရှိနေကြသည့် အဝေးသင်ကျောင်းသား ၂ ဦးနှင့် ပညာရေးဝန်ထမ်း ၁ ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းပြီး ၎င်းတို့ကို တပ်မတော်သားများက ၀ိုင်းဝန်း ရိုက်နှက် နှိပ်စက်ခဲ့ကြကြောင်း ကာယကံရှင်များက ပြောဆိုသည်။အဆိုပါ ၃ ဦးသည် ဇွန်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးခံရပြီး ဇွန်လ ၂၈ ရက်နေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း၊ဖမ်းဆီးခံရပြီးပြန်လွတ်လာသူသုံးဦးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ အထုပ်သည်ကျေးရွာမှ ပညာရေးဝန်ထမ်း ဖြစ်သူ ကိုကျော်လှိုင် ၂၆ နှစ်၊ ရသေ့တောင်မြို့နယ်မှ လောင်းချောင်းကျေးရွာမှ ပထမနှစ်အဝေးသင်ကျောင်းသား ကိုဖြိုးလွင် ၂၆နှစ် နှင့် ကျွန်းပေါ် ( ပေါက်တော) ကျေးရွာမှ တတိယနှစ် ပထဝီကျောင်းသား ကိုဇော်သက်ထွန်း ၂၂ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။

Posted by Khit Thit Media on Monday, 29 June 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts