COVID-19 လူနာသစ် ၂ ဦးထပ်မံတွေ့ရှိရ၊ စုစုပေါင်း လူနာ ၂၀၃ ဦးရှိလာ

COVID-19 လူနာသစ် ၂ ဦးထပ်မံတွေ့ရှိရ၊ စုစုပေါင်း လူနာ ၂၀၃ ဦးရှိလာ
ရန်ကုန်၊ မေ ၂၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂)ဦး တွေ့ရှိရပြီး မေလ ၂၅ ရက်နေ့ ည ၈နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၃) ဦး ရှိလာကြောင်း သိရှိရသည်။
လူနာသစ် ၂ ဦးမှာ အီတလီမှ ပြန်လာသော အလုံမြို့နယ်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားနှင့် အိန္ဒိယမှ ပြန်လာသော နေပြည်တော် ပျဉ်းမနားမြို့နယ်နေ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြောင်း၊ နှစ်ဦးစလုံးမှာ အသွားအလာ ကန့်သတ်ထားသူများဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case-134) ရှိသဖြင့် (၂၅-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၃) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၁၁၂) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရှိရသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ