Local News Peace political news

COVID-19 ကာကွယ်တားဆီးရေးအတွက် KIA နယ်မြေတွင် KIO ခေါင်းဆောင်များနှင့် ကချင်အစိုးရလူမှုရေးဝန်ကြီးတွေ့ဆုံဆွေးနွေး

COVID-19 ကာကွယ်တားဆီးရေးအတွက် KIA နယ်မြေတွင် KIO ခေါင်းဆောင်များနှင့် ကချင်အစိုးရလူမှုရေးဝန်ကြီးတွေ့ဆုံဆွေးနွေး

ရန်ကုန်၊ မေ ၁၄

COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကချင်KIO ခေါင်းဆောင်များနှင့် ကချင်အစိုးရလူမှုရေးဝန်ကြီး ဦးနေဝင်းတို့ မေလ ၁၃ ရက်နေ့က KIO ထိန်းချုပ်နယ်မြေ မိုင်ဆပ်ပါကျေးရွာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အခြေပြုရာဒေသများတွင် ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ကျေးရွာအုပ်စု၊ အစိုးရထိန်းချုပ်မှုကင်းလွတ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာ၌ မေလ ၁၃ ရက်နေ့က ကျင်းပခဲ့ကြောင်း၊

KIO နှင့် အစိုးရဝန်ကြီးတို့၏ တွေ့ဆုံဆွေးနွေးပွဲသို့ လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့်အတူ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဌ ဦးလရှီးလ၊ သိက္ခာတော်ရဆရာတော်ဒေါက်တာခါလမ်ဆမ်ဆွန်-KBC၊ ဆရာတော် Francis ဒေါ့တန် RCM၊ သိက္ခာတော်ရဆရာတော် တူးမိုင် KBC၊ ဆရာမဆန်ထွယ် KWAT၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးခါပရာခွန်းအောင် နှင့် ဦးအင်ခွန်တန်ဂွန်း( CCRC-K) တို့တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

KI) ဘက်မှလည်း ကေအိုင်အို Covid-19ကပ်ရောဂါကာကွယ်နှမ်နင်းရေးကော်မတီဝင်များဖြစ်ကြသည့် အဖွဲ့ဝင် ၁၄ ဦး တက်ရောက်ခဲ့ကြပြီး ဆရာကြီး ဆွမ်လွတ်ဂမ် ဥက္ကဌ(KIO ဒုတိယဥက္ကဌ-၂)၊ ဒုတိယဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော်၊ ကော်မတီအကြံပေး(KIC ဒုတိယဥက္ကဌ-၁)၊ ဗိုလ်ချုပ်လဖိုင်ဇော်ရော် အဖွဲ့ဝင်(KIC အတွင်းရေးမှူး)၊ ဆလန်ကမ္ဘာလဖိုင်ခွန်နောင် ၊အဖွဲ့ဝင်( နိုင်ငံခြားရေးဌာနဒုတိယတာဝန်ခံ)၊ ဆလန်ကမ္ဘာမဂျီနော်မိုင် ၊ အဖွဲ့ဝင်(အရှေ့ပိုင်းတိုင်းဒေသ အုပ်ချုပ်ရေးမှူး)၊ ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ၊အဖွဲ့ဝင် (သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ဗိုလ်မှူးကြီးဂရားဇော်လီ၊ အဖွဲ့ဝင်(စစ်ဦးစီးပထမတန်း)၊ ဗိုလ်မှူးကြီးဂျိန်ဖော့ဘရန်အောင်၊ အဖွဲ့ဝင်(ဆေးတပ်ဦးစီးမှူး)၊ ဆလန်ကမ္ဘာဆဘော်လဇော် အဖွဲ့ဝင်၊ (လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး)၊ ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် ၊ အတွင်းရေးမှူး(ကျန်းမာရေးဌာနတာဝန်ခံ)တို့တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လူမှုရေးဝန်ကြီးဦးနေဝင်းက ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကေအိုင်အိုထိန်းချုပ်ဒေသအတွင်း FQ ဝင်ရောက်နေသူ(၇၈)ဦးအတွက် (၂၁)ရက်စာစားသောက်စရိတ် ငွေကျပ် (၅၇၃၃၀၀၀) နှင့် Covid-19ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများထောက်ပံပေးခဲ့ကြောင်း သိရှိရသည်။

ကချင်KIO အဖွဲ့အနေဖြင့် ကိုဗစ်ကာလတွင် စစ်ရေးကိစ္စများကို အဓိက မထားတော့ဘဲ ကပ်ရောဂါ ကာကွယ်နှိမ်နင်းရေးကိစ္စများကို ဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ ကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။

၂၀၂၀ ခုနှစ် မေလ ၁၃ ရက်နေ့တွင် KIO ကိုဗစ်ကာကွယ်နှိမ်နင်းရေးကော်မတီနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပွဲတွင် ရောဂါ ကာကွယ်တားဆီး နှိမ်နင်းရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း၊ တပ်မတော်ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာ၀ရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက် ကြေညာထားကြောင်း၊ အစိုးရအဖွဲ့ကလည်း နိုင်ငံတော်၏ ပိုင်နက် နယ်မြေအတွင်း မှီတင်း နေထိုင်သူ မည်သူ့ကိုမျှ ချိန်လှပ်မထားရေး မူဝါဒ အရ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက် ထုတ်ပြန်သင့်ကြောင်း ၊ KIO အနေဖြင့် ကပ်ရောဂါ ကာကွယ်ကုသ နှိမ်နင်းရေး ကိစ္စရပ်များကို အတူတကွ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts