All News Local News

အိန္ဒိယပြန် ၁၇ ဦးတွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိ၊ လူနာစုစုပေါင်း ၂၂၄ ဦးရှိလာ

အိန္ဒိယပြန် ၁၇ ဦးတွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိ၊ လူနာစုစုပေါင်း ၂၂၄ ဦးရှိလာ

ရန်ကုန်၊ မေ ၃၀

အိန္ဒိယနိုင်ငံမှ ပြန်လာပြီး ရန်ကုန်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသူ ၁၇ ဦးတွင် ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိရပြီး လူနာစုစုပေါင်း ၂၂၄ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါပိုးတွေ့ရှိရသူများသည် ရန်ကုန်တွင် နေထိုင်သူများဖြစ်ပြီး အသွားအလာကန့်သတ်နေထိုင်သူများဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာများအနက်မှ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၃၀) ဦးရှိလာကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိလာကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts