All News Local News

အသွားအလာ ကန့်သတ်ထားသူ မလေးရှားပြန် ၃ ဦးတွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိရ

အသွားအလာ ကန့်သတ်ထားသူ မလေးရှားပြန် ၃ ဦးတွင် ကိုဗစ်ရောဂါ စစ်ဆေးတွေ့ရှိရ

ရန်ကုန်၊ မေ ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ အသွားအလာကန့်သတ်ထားသူ မလေးရှားပြန် ၃ ဦးတွင် ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိရပြီး ကိုဗစ်လူနာစုစုပေါင်း ၁၈၇ ဦးရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

မလေးရှားမှ ပြန်လည်ရောက်ရှိလာပြီး အသွားအလာကန့်သင်္တထားသူ ကရင်ပြည်နယ်မှ ၂ ဦး ၊ တနင်္သာရီတိုင်းမှ ၁ ဦးတို့တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ကော့ကရိတ်မြို့မှ အသက် ၂၂ နှစ်အရွယ် အမျိုးသား၊ အသက် ၃၅ နှစ်အရွယ် အမျိုးသားတို့ ဖြစ်ပြီး တနင်္သာရီမြို့နယ်မှ အသက် ၄၆ နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကိုဗစ်လူနာ ၂ ဦးသည် Q ဝင်နေစဉ် ရောဂါစစ်ဆေး ရှာဖွေတွေ့ရှိရခြင်းဖြစ်ပြီး ကော့ကရိတ်မြို့နယ်သို့ လည်း ပြန်လည်ရောက်ရှိခြင်းမရှိသေးဘဲ ဘားအံမြို့ စက်မှုဇုန် မူးယစ်ထူထောင်ရေး Facility Quarantine Center တွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း၊ မြဝတီနယ်စပ်မှ နည်းလမ်းမျိုးစုံဖြင့် ပြန်လည်ဝင်ရောက်လာသူများ မဟုတ်ကြောင်း မြဝတီမြို့မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts