All News Local News

အလုံမှ ကိုဗစ်လူနာအမျိုးသမီးသည် ပရဟိတသမားနှင့် နိုင်ငံရေးပါတီတစ်ခု၏ မြို့နယ် တွဲဖက်အတွင်းရေးမှူးဖြစ်

အလုံမှ ကိုဗစ်လူနာအမျိုးသမီးသည် ပရဟိတသမားနှင့် နိုင်ငံရေးပါတီတစ်ခု၏ မြို့နယ် တွဲဖက်အတွင်းရေးမှူးဖြစ်ပြီးလူအနာအမှတ် ၁၇၉ ၏ အမေများနေ့ အင်တာဗျူး ဖြေဆိုခဲ့ရင်း ရောဂါကူးစက်ခံရ၊ လူနာအမှတ်စဉ် ၁၇၉ သည် သတင်းထောက်ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးသော်လည်း ခဝဲခြံ ၂ လမ်းမှ မိသားစုဝင်ဖြစ်

ရန်ကုန်၊ မေ ၁၄

အလုံမြို့နယ်မှ လူနာအမှတ်စဉ် ၁၈၁ အသက် ၅၂ နှစ်အရွယ် ကိုဗစ်လူနာအမျိုးသမီးသည် ပရဟိတသမားဖြစ်ပြီး လူနာအမှတ် ၁၇၉ က အမေများနေ့ လာရောက်မေးမြန်းသော အင်တာဗျူးကို ဖြေဆိုစဉ် ရောဂါကူးစက်ခံလိုက်ရခြင်းဖြစ်ကြောင်း အလုံမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါ်နွယ်နွယ်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“Case 179 က အမေများနေ့မှာ သူ့ကို လာပြီးတော့ အင်တာဗျူးလုပ်တာ။ အဲဒီကနေပြီးတော့မှ ဆက်စပ်ဖြစ်သွားတာ။ အခုတော့ သူနဲ့ ထိတွေ့သူများတယ်။ ပရဟိတသမားဖြစ်တော့လေ။ အခုတော့ ထိတွေ့သူကိုလိုက်နေပါတယ်”ဟု ဒေါ်နွယ်နွယ်ဝင်းက ရှင်းလင်းပြောဆိုသည်။

လူနာ Case 181 သည် အလုံမြို့နယ် ဌာနရပ်ကွက် ၊ဧရာဝတီလမ်းနေ ထိုင်သူဖြစ်ပြီး လက်ရှိတွင် ၎င်းနေထိုင်ရာနေရာကို Lock down ချပြီးဖြစ်ကြောင်း သိရှိရသည်။ လူနာအမှတ်စဉ် ၁၈၁ သည် နိုင်ငံရေးပါတီတစ်ခု၏ အလုံမြို့နယ် တွဲဖက် အတွင်းရေးမှူး လည်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

လူနာအမှတ်စဉ် ၁၇၉ သည် အသက် ၂၁ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အင်းစိန်မြို့နယ်မှ ဖြစ်ကြောင်း သိရှိရသည်။

လူနာအမှတ်စဉ် ၁၇၉ (Case 179 ) သည် သတင်းထောက်ဟုတ်၊ မဟုတ် အတည်မပြုနိုင်သော်လည်း အင်းစိန်မြို့နယ်မှ ခဝဲခြံ ၂ လမ်းမှ ကိုဗစ်ရောဂါကူးစက်ခံရသူ မိသားစုဝင်တစ်ဦး ဖြစ်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဝေဖြိုးဟန်က ပြောဆိုသည်။

“မနက်ကလည်း Case 179 က သတင်းထောက်လားဆိုပြီး မေးတယ်။ ကျနော်ပြောနိုင်တာက သူက အင်းစိန်၊ ခဝဲခြံ ၂ လမ်းက ကိုဗစ်အကူးခံရတဲ့ မိသားစုဝင် တစ်ဦးဖြစ်ပါတယ်။ သူ ဘာအလုပ်လုပ်လဲဆိုတာကို ကျနော်သေချာမသိပါဘူး” ဟု ဦးဝေဖြိုးဟန်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်လူနာစုစုပေါင်း ၁၈၁ ဦးရှိလာပြီဖြစ်ပြီး သေဆုံး ၆ ဦးရှိကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယမန်နေ့ ညပိုင်းက အလုံမြို့နယ် ဧရာဝတီလမ်းကို သက်ဆိုင်ရာက လာရောက် Lock Down ချရန် ပြင်ဆင်စဉ်။ Photo Credit- Nay Myo Paing Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts