Education Web TV

အထက်တန်းနှင့် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီးမှ မူလတန်းများ ဖွင့်လှစ်ရန် တင်ပြမှု အလေးအနက်စဉ်းစားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြေ

အထက်တန်းနှင့် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီးမှ မူလတန်းများ ဖွင့်လှစ်ရန် တင်ပြမှု အလေးအနက်စဉ်းစားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော၊ အစောဆုံး ဇူလိုင် ပထမပတ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်

ရန်ကုန်၊ မေ ၁၉

ကိုဗစ်ကာလ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းနှင့် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီးမှ မူလတန်းများ ဖွင့်လှစ်ရန် တင်ပြမှု အလေးအနက်စဉ်းစားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး အစောဆုံး ဇူလိုင် ပထမပတ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါ်နီလာဝင်းက မူလတန်းကျောင်းသား ကလေးငယ်များသည် နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်များနှင့် ဆော့ကစားကြမည်ဖြစ်၍ စည်းကမ်းလိုက်နာ ထိန်းသိမ်းရန် ခက်ခဲသဖြင့် အတန်းကြီးများကို အရင်ဦးစွာ ဖွင့်လှစ်စေလိုပြီး မူလတန်းများကို မိဘများက နှာခေါင်းစည်းများနှင့် နေထိုင်တတ်ရန် လေ့ကျင့်ပေးပြီးမှ ဖွင့်လှစ်စေလိုကြောင်း ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကျင်းပပြုလုပ်သော အွန်လိုင်းတိုက်ရိုက်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တင်ပြမှုကို အလေးအနက် စဉ်းစားမည်ဖြစ်ပြီး အထက်တန်းကျောင်းသားများသည် ဦးစွာ ဖွင့်လှစ်ပါက လူနည်း၍ Social Distancing ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု မှတ်ချက်ပြုထားသည်။

မူလတန်းကျောင်းများ နောက်ကျမှ ဖွင့်လှစ်ရန် တင်ပြ(ရုပ်/သံ)

အထက်တန်းနှင့် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီးမှ မူလတန်းများ ဖွင့်လှစ်ရန် တင်ပြမှု အလေးအနက်စဉ်းစားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော၊ အစောဆုံး ဇူလိုင် ပထမပတ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်ကုန်၊ မေ ၁၉ ကိုဗစ်ကာလ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းနှင့် အလယ်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီးမှ မူလတန်းများ ဖွင့်လှစ်ရန် တင်ပြမှု အလေးအနက်စဉ်းစားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး အစောဆုံး ဇူလိုင် ပထမပတ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်ကိုယ်စားလှယ် ဒေါ်နီလာဝင်းက မူလတန်းကျောင်းသား ကလေးငယ်များသည် နှာခေါင်းစည်း၊ မျက်နှာအကာအကွယ်များနှင့် ဆော့ကစားကြမည်ဖြစ်၍ စည်းကမ်းလိုက်နာ ထိန်းသိမ်းရန် ခက်ခဲသဖြင့် အတန်းကြီးများကို အရင်ဦးစွာ ဖွင့်လှစ်စေလိုပြီး မူလတန်းများကို မိဘများက နှာခေါင်းစည်းများနှင့် နေထိုင်တတ်ရန် လေ့ကျင့်ပေးပြီးမှ ဖွင့်လှစ်စေလိုကြောင်း ယနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကျင်းပပြုလုပ်သော အွန်လိုင်းတိုက်ရိုက်ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တင်ပြမှုကို အလေးအနက် စဉ်းစားမည်ဖြစ်ပြီး အထက်တန်းကျောင်းသားများသည် ဦးစွာ ဖွင့်လှစ်ပါက လူနည်း၍ Socail Distancing ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်ဟု မှတ်ချက်ပြုထားသည်။

Posted by Khit Thit Media on Tuesday, 19 May 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts