All News China Watch International News

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ၊ သေဆုံးရသည့် အကြောင်းအရင်း စုံစမ်းနေဆဲ

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး နေအိမ်တွင် သေဆုံးလျက်တွေ့ရှိ၊ သေဆုံးရသည့် အကြောင်းအရင်း စုံစမ်းနေဆဲ

ရန်ကုန်၊ မေ ၁၇

အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Du Wei သည် ၎င်း၏ နေအိမ်တွင် သေဆုံးလျက်တွေ့ရှိရပြီး သေဆုံးရသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အသက် ၅၈ နှစ်အရွယ် တရုတ်သံအမတ်ကြီး Du Wei သည် ကိုဗစ်ကပ်ရောဂါ အကြီးအကျယ်ဲဖစ်ပွားနေချိန် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် အစ္စရေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံသို့ ပြောင်းရွှေ့ တာဝန်မထမ်းဆောင်မီ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းတွင် ဇနီးနှင့် သားတစ်ဦးကျန်ရစ်ခဲ့သော်လည်း ကျန်ရစ်သူမိသားစုဝင်များသည် အစ္စရေးတွင်၎င်းနှင့်အတူလိုက်ပါ နေထိုင်ခြင်းမရှိဟု သိရှိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးခရီးစဉ်အတွင်း ကိုဗစ်ရောဂါနှင့်ပတ်သက်၍ တရုတ်က သတင်းထိန်ချန်ထားမှုနှင့် အစ္စရေးရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများကို တရုတ်သံအမတ်ကြီး Du Wei က ရှုတ်ချကြောင်း ပြောဆိုပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- တရုတ်သံအမတ်ကြီး Du Wei ။ Photo Credit- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts