Local News political news

အစိုးရထုတ်ပြန်သည့် လုပ်ငန်းခွင် ကိုဗစ်ရောဂါကာကွယ်ရေး စံချိန်စံညွှန်းများ အလုပ်ရုံ၊ စက်ရုံများ လိုက်နာမှုမရှိ

အစိုးရထုတ်ပြန်သည့် လုပ်ငန်းခွင် ကိုဗစ်ရောဂါကာကွယ်ရေး စံချိန်စံညွှန်းများ အလုပ်ရုံ၊ စက်ရုံများ လိုက်နာမှုမရှိ

ရန်ကုန်၊ မေ ၆

အစိုးရက ချမှတ်ထားသည့် လုပ်ငန်းခွင် ကိုဗစ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များသည် ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူများ လာရောက်စစ်ဆေးစဉ်အတွင်း လိုက်နာဆောင်ရွက်မည်ဟု ဟု ကတိပေးသော်လည်း အလုပ်ရုံစက်ရုံပြန်လည်ဖွင့်လှစ်သည့်အခါ လိုက်နာဆောင်ရွက်မှုမရှိကြောင်း မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှု လက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (IWFM) အထွေထွေအတွင်းရေးမှူး မမြနှင်းသက်က ပြောဆိုသည်။

“ မြေပြင်အနေအထားပဲပေါ့။ ကျွန်မတို့ အလုပ်လုပ်ရတာအရမ်း ခက်တယ်။ အလုပ်ရှင်တွေ ဒီအလုပ်သမားအပေါ်မှာ ကိုဗစ်ကိစ္စနဲ့ ပတ်သတ်ရင်အ ရမ်းကိုပူပေါင်းပါဝင်မှုအရမ်းနည်းတယ်။ ကျွန်မတို့တွေ အစစ်ဆေးခံတဲ့အချိန်မှာ ဒီသတင်းအချက်အလက်တွေအတိုင်း လုပ်ပေးပါ့မယ်၊ လုပ်ထားပါတယ် ဆိုတဲ့ဟာမျိုးတွေကိုသူတို့ကလုပ်ပြီးအစစ်ခံတယ်။ ရုံပြန်ဖွင့်ရင် တစ်မျိုးပြောင်းတယ်” ဟု ၎င်းကပြောဆိုသည်။

စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်တွင် ကျန်းမာရေးဆိုင်ရာ ပြင်ဆင်ရမည်များကို ကျန်းမာရေးအဖွဲ့များ လာရောက်စစ်ဆေးစဉ်တွင် သက်ဆိုင်ရာ ထုတ်ပြန်ထားသည့် စံချိန်စံညွှန်းဖြင့် ကိုက်ညီအောင်ပြုလုပ်ထားပြီး စစ်ဆေးခံကာ စက်ရုံပြန်ဖွင့်ခွင့်ရသည့်အခါ ထိုသို့လုပ်ဆောင်ထားမှုများကို ပြောင်းလဲလိုက်ကြောင်း မမြနှင်းသက်က ဆက်လက်ပြောဆိုသည်။

“စံချိန်စံညွန်းနဲ့ မညီဘဲပြန်ပြီးဖွင့်တယ်ဆိုတဲ့ စက်ရုံတွေကို အလုပ်သမားတွေက ဓာတ်ပုံတွေ စက်ရုံနာမည်တွေ သတင်းတွေနဲ့ ကျွန်မတို့ဆီပို့ကျ တာအဲတာတွေကို ကျွန်မတို့သွားတိုင်းတော့ ဒါဆို(အလစ)အလုပ်သမားဆက်ဆံရေးဌာနသွား ဒါဆိုရင် အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာန ဒါတွေသွားတင်ပါ ပြော နေကြတယ်။ ကျွန်မတို့ အရမ်းအခက်ခဲဖြစ်တယ်။ အဲဒါတွေကို သူတို့လက်မခံဘူး ဖြစ်တယ်။ ကျွန်မတို့ နောက်ဆုံး ဒီမြို့နယ်တွေက ဦးစီး ဌာနတွေက ဒါကိုလုံး၀ ဒီတိုင်ကြားမှုနဲ့ ပတ်သက်ရင် လုံးဝတာဝန်မယူဘူးဆိုတဲ့အပိုင်းတွေရှိတယ်” ဟု ၎င်းကပြောဆိုသည်။

စက်ရုံအလုပ်ရုံများသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်မှုရှိမရှိကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အလုပ်သမား ဆက်ဆံရေးဌာနအလုပ်ရုံ စစ်ဆေးရေးဌာန၊ ဥပဒေဌာန၊ ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူများနှင့် စစ်ဆေးမှု များပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာ ရန်ကုန်တိုင်းရှိ အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း တာဝန်ခံ ဖြေဆိုမည့်သူမရှိဘဲ နေပြည်တော်သို့သာ ဆက်သွယ်မေးမြန်းပြောဆိုသည်။

ရန်ကုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုကို ၂၀၁၈ ခုအတွင်းက ရိုက်ကူးထားစဉ်။ Photo Credit-Libby Hogan

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts