All News Health Local News

အင်းစိန်မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသမီး ၃ ဦးသည် ကွယ်ကဘောဆေးရုံမှ သူနာပြုများဖြစ်ပြီး ဆေးရုံကို lock down ချ

အင်းစိန်မှ ကိုဗစ်ကူးစက်ခံရသူ အမျိုးသမီး ၃ ဦးသည် ကွယ်ကဘောဆေးရုံမှ သူနာပြုများဖြစ်ပြီး ဆေးရုံကို lock down ချ

ရန်ကုန်၊ မေ ၃

အင်းစိန်မြို့နယ်မှ ကိုဗစ်ရောဂါ လူနာနှင့်ထိတွေ့၍ ရောဂါကူးစက်ခံရသူ အမျိုးသမီး ၃ ဦးသည် အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက် ၊ မင်းကြီးလမ်းရှိ ကွယ်ကဘောဆေးရုံမှာ သူနာပြုများဖြစ်ပြီး ယင်းဆေးရုံကို ယနေ့ညတွင် Lock Down ချလိုက်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ယနေ့ည တွေ့ရှိသော အင်းစိန်မှ Positive ၃ ဦး Case-152, 153, 154 တို့သည် အင်းစိန် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းပေါ်ရှိ ကွယ်ကဘောဆေးရုံမှ သူနာပြုဆရာမများဖြစ်ကြောင်းသိရသဖြင့် ၎င်းဆေးရုံအား တိုင်းကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ Lock Down ပြုလုပ်လိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ကြောင်းဦးဝေဖြိုးဟန်က သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါ လူနာ ၃ ဦးသည် Case 151 နှင့်အတူ အိမ်ငှားနေထိုင်ကြသူများဖြစ်ကြပြီး Case 151 သည် အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက်၊ ခဝဲခြံ ၂ လမ်းတွင် နေထိုင်ပြီး ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

Case 151 သည် မည်သည့်နေရာမှ ကူးစက်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးဘဲ ၎င်းနှင့် ထိတွေ့ဖူးသူများကို လတ်တလော စောင့်ကြည့်လူနာအဖြစ် ထားရှိခြင်း၊ နေထိုင်ရာ ခဝဲခြံ ၂ လမ်းကို Lock Down ချခြင်းများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts