Local News political news

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဖွင့်လှစ်ခဲ့သော ရန်ကုန်သူနာပြုတက္ကသိုလ်တိုးချဲ့ဆောင်ပြိုကျမှု အရည်အသွေးပိုင်း ချို့ယွင်းမှု ရှိ၊ မရှိ စစ်ဆေးမည်

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဖွင့်လှစ်ခဲ့သော ရန်ကုန်သူနာပြုတက္ကသိုလ်တိုးချဲ့ဆောင်ပြိုကျမှု အရည်အသွေးပိုင်း ချို့ယွင်းမှု ရှိ၊ မရှိ စစ်ဆေးမည်

ရန်ကုန်၊မေ ၁၇

ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော သူနာပြုတက္ကသိုလ်တိုးချဲ့ ၄ ထပ်စာသင်ဆောင် ယနေ့ နေ့လယ်ပိုင်းက ပြိုကျမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အရည်အသွေး ပိုင်းချို့ယွင်းမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း လမ်းမတော်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ် ဦးကျော်ထွန်းကပြောဆိုသည်။

“ အဓိကတော့ အဲဒါကိုပေါ့ သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက အဲဒါကိုစိစစ်ဖို့လုပ်နေပါတယ်ဗျာ။ အဓိကတော့ လေတွေမိုးတွေတိုက်သွားတာ မရှိဘူးဗျ။ Qualityကြောင့်လား၊ ဘာလဲပေါ့နော်။ အဲဒီအခြေအနေလေး အဓိကတော့ အဆောက်အဦး ပြိုကျတာက အပေါ်က ကျွန်တော်တို့ အမိုးပေါ့နော်။ အမိုးပြိုကျတယ်နောက်တစ်ခုက ဒီဘက် က ပေါ်တီကို က တိုင်တွေဘာတွေ ပြိုကျတဲ့သဘောပေါ့ရှိပါတယ်။ လူထိခိုက်မှုမရှိပါဘူးဗျ။ သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေနဲ့
စီစစ်နေပဲအခြေအနေပဲရှိပါသေးတယ်” ၎င်းဆက်လက်ပြောကြားသည်။

လက်ရှိချိန်တွင် အဆိုပါ စာသင်ဆောင်ပြိုကျမှုနှင့်ပတ်သက်ပြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရောက်ရှိစစ်နေပြီးပြိုကျခဲ့သော စာသင်ဆောင်ကို မည်သို့ မည်ပုံ ဆက်လက်လုပ်ကိုင်မည်ကို မသိရှိရသေးဟု ဦးကျော်ထွန်းကဆက်လက်ပြောဆိုသည်။

အဆိုပါသူနာပြု တက္ကသိုလ် တိုးချဲ့ လေးထပ်ဆောင်ကို ၂၀၁၃ နှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

Photo Credit – Khin Maung Win Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts