All News Local News

သတင်းသမားတွေ သူ့အလုပ် သူလုပ်နိုင်ဖို့ အစိုးရတွေက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း

သတင်းသမားတွေ သူ့အလုပ် သူလုပ်နိုင်ဖို့ အစိုးရတွေက အကာအကွယ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း

ရန်ကုန်၊ မေ ၃

မေလ ၃ ရက်နေ့ ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterresက တိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်လိုက်ပြီး အဆိုပါ တိုက်တွန်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံကိုသိပြီးမှ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကူညီပေးတဲ့နေရာမှာ သတင်းထောက်တွေ၊ မီဒီယာသမားတွေဟာ အရေးပါပါတယ်။ COVID-19 ကပ်ရောဂါကို ကမ္ဘာက ရင်ဆိုင်တွန်းလှန်နေရတဲ့အချိန်မှာ အဲဒီဆုံးဖြတ်ချက်တွေဟာ သေရေးရှင်ရေးဖြစ်နိုင်ပါတယ်။ COVID-19 ကပ်ရောဂါနဲ့ အဲဒီရောဂါအလွန်မှာ သတင်းထောက်တွေဟာ သူတို့အလုပ်ကို သူတို့လုပ်နိုင်အောင် အာမခံချက်ပေးဖို့ အစိုးရနဲ့အခြားသူတွေကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ကျနော်တိုက်တွန်းလိုက်ပါတယ်။

ကပ်ရောဂါကူးစက်ပျံ့နှံ့လာသလို တစ်ဖက်မှာ အန္တရာယ်ရှိတဲ့ ကျန်းမာရေး အကြံပြုချက်တွေကနေ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ဆိုတဲ့ သီအိုရီတွေအထိ သတင်းအမှားတွေဟာ ဒုတိယကပ်ရောဂါလို ကူးစက်များပြားနေပါတယ်။ သတင်းမီဓီယာတွေဟာ တိုက်ဆိုင်စစ်ဆေးထားတဲ့ သိပ္ပံနည်းကျတဲ့ အချက်အလက်ကို အခြေခံတဲ့ သတင်းတွေနဲ့ လေ့လာ ဆန်းစစ်မှုတွေ ဆိုတဲ့ ဖြေဆေးကို ပေးပါတယ်။

ဒါပေမယ့် ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက သတင်းသမားတော်တော်များများဟာ သူတို့အလုပ်ကို သူတို့လုပ်ရုံအတွက် ကန့်သတ်ချုပ်ခြယ်မှုတွေ၊ အပြစ်ပေးမှုတွေနဲ့ ပိုပြီး ကြုံတွေ့နေရပါတယ်။ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်အပေါ် ယာယီကန့်သတ်မှုတွေ လုပ်တာဟာ COVID-19 ကပ်ရောဂါကို အနိုင်ယူဖို့အတွက် အရေးကြီးပါတယ်။

ဒါပေမယ့် သတင်းထောက်တွေ သူတို့ အလုပ် သူတို့ လုပ်နိုင်ခွင့်ကို နှိမ်နင်းဖို့ ဆင်ခြေတစ်ခုအနေနဲ့ အလွဲသုံးစား မလုပ်သင့်ပါဘူး ။

အချက်အလက်တွေနဲ့ လေ့လာဆန်းစစ်မှုတွေကို ပေးတဲ့အတွက် ကဏ္ဍတိုင်းမှာ ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေတဲ့အတွက် လုပ်ပိုင်ခွင့်အာဏာရှိသူတွေဆီ အမှန်တရားတွေ ပြောပေးတဲ့အတွက် ဒီနေ့မှာ မီဒီယာတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

အထူးသဖြင့် ပြည်သူ့ကျန်းမာရေးအတွက် သတင်းရေးသားပြီး လူတွေရဲ့ အသက်ကို ကူညီကယ်ဆယ်ပေးနေတဲ့ အခန်းကဏ္ဍမှာရှိသူတွေကို အသိအမှတ်ပြုပါတယ်။ အားလုံးရဲ့ အနာဂတ်ငြိမ်းချမ်းရေး တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေအတွက် အရေးကြီးတဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် ခိုင်မာအားကောင်းစေဖို့နဲ့ မီဒီယာသမားတွေကို အကာအကွယ်ပေးဖို့ အစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။

ကမၻာ့စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ ကုလအတြင္းေရးမွဴးခ်ဳပ္ တုိက္တြန္းခ်က္

သတင္းသမားေတြ သူ႕အလုပ္ သူလုပ္ႏုိင္ဖို႔ အစုိးရေတြက အကာအကြယ္ေပးဖုိ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္တုိက္တြန္း =========================================================ေမလ ၃ ရက္ေန႔ က်ေရာက္သည့္ ကမၻာ့စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterresက တုိက္တြန္းခ်က္တစ္ရပ္ ထုတ္ျပန္လုိက္ၿပီး အဆုိပါ တုိက္တြန္းခ်က္ အျပည့္အစုံမွာ ေအာက္ပါအတုိင္းျဖစ္သည္။ "ကြၽန္ေတာ္တို႔အေနနဲ႔ ဘက္ေပါင္းစုံကိုသိၿပီးမွ ဆုံးျဖတ္ခ်က္ေတြ ခ်ႏိုင္ေအာင္ ကူညီေပးတဲ့ေနရာမွာ သတင္းေထာက္ေတြ၊ မီဒီယာသမားေတြဟာ အေရးပါပါတယ္။ COVID-19 ကပ္ေရာဂါကို ကမၻာက ရင္ဆုိင္တြန္းလွန္ေနရတဲ့အခ်ိန္မွာ အဲဒီဆုံးျဖတ္ခ်က္ေတြဟာ ေသေရးရွင္ေရးျဖစ္ႏုိင္ပါတယ္။ COVID-19 ကပ္ေရာဂါနဲ႔ အဲဒီေရာဂါအလြန္မွာ သတင္းေထာက္ေတြဟာ သူတို႔အလုပ္ကုိ သူတို႔လုပ္ႏုိင္ေအာင္ အာမခံခ်က္ေပးဖုိ႔ အစုိးရနဲ႔အျခားသူေတြကုိ ကမၻာ့စာနယ္ဇင္းလြတ္လပ္ခြင့္ေန႔မွာ က်ေနာ္တုိက္တြန္းလုိက္ပါတယ္။ ကပ္ေရာဂါကူးစက္ပ်ံ႕ႏွံ႔လာသလို တစ္ဖက္မွာ အႏၱရာယ္ရွိတဲ့ က်န္းမာေရး အႀကံျပဳခ်က္ေတြကေန လ်ွဳိ႕၀ွက္ပူးေပါင္းႀကံစည္မႈ ဆုိတဲ့ သီအုိရီေတြအထိ သတင္းအမွားေတြဟာ ဒုတိယကပ္ေရာဂါလို ကူးစက္မ်ားျပားေနပါတယ္။ သတင္းမီဓီယာေတြဟာ တုိက္ဆုိင္စစ္ေဆးထားတဲ့ သိပၸံနည္းက်တဲ့ အခ်က္အလက္ကို အေျခခံတဲ့ သတင္းေတြနဲ႔ ေလ့လာ ဆန္းစစ္မႈေတြ ဆုိတဲ့ ေျဖေဆးကုိ ေပးပါတယ္။ ဒါေပမယ့္ ကပ္ေရာဂါစတင္ျဖစ္ပြားကတည္းက သတင္းသမားေတာ္ေတာ္မ်ားမ်ားဟာ သူတုိ႔အလုပ္ကို သူတို႔လုပ္ရုံအတြက္ ကန္႔သတ္ခ်ဳပ္ျခယ္မႈေတြ၊ အျပစ္ေပးမႈေတြနဲ႔ ပုိၿပီး ႀကံဳေတြ႕ေနရပါတယ္။ လြတ္လပ္စြာ သြားလာ လႈပ္ရွားခြင့္အေပၚ ယာယီကန္႔သတ္မႈေတြ လုပ္တာဟာ COVID-19 ကပ္ေရာဂါကုိ အႏုိင္ယူဖို႔အတြက္ အေရးႀကီးပါတယ္။ ဒါေပမယ့္ သတင္းေထာက္ေတြ သူတို႔ အလုပ္ သူတိဳ႔ လုပ္ႏုိင္ခြင့္ကို ႏွိမ္နင္းဖုိ႔ ဆင္ေျခတစ္ခုအေနနဲ႔ အလြဲသုံးစား မလုပ္သင့္ပါဘူး ။အခ်က္အလက္ေတြနဲ႔ ေလ့လာဆန္းစစ္မႈေတြကို ေပးတဲ့အတြက္ က႑တုိင္းမွာ ေခါင္းေဆာင္ေတြကို တာ၀န္ယူမႈ၊ တာ၀န္ခံမႈရွိေစတဲ့အတြက္ လုပ္ပုိင္ခြင့္အာဏာရွိသူေတြဆီ အမွန္တရားေတြ ေျပာေပးတဲ့အတြက္ ဒီေန႔မွာ မီဒီယာေတြကုိ ေက်းဇူးတင္ေၾကာင္း ေျပာလုိပါတယ္။အထူးသျဖင့္ ျပည္သူ႕က်န္းမာေရးအတြက္ သတင္းေရးသားၿပီး လူေတြရဲ႕ အသက္ကုိ ကူညီကယ္ဆယ္ေပးေနတဲ့ အခန္းက႑မွာရွိသူေတြကုိ အသိအမွတ္ျပဳပါတယ္။ အားလုံးရဲ႕ အနာဂတ္ၿငိမ္းခ်မ္းေရး တရားမ်ွတမႈနဲ႔ လူ႕အခြင့္အေရးေတြအတြက္ အေရးႀကီးတဲ့ စာနယ္ဇင္း လြတ္လပ္ခြင့္ ခုိင္မာအားေကာင္းေစဖုိ႔နဲ႔ မီဒီယာသမားေတြကုိ အကာအကြယ္ေပးဖုိ႔ အစုိးရေတြကုိ တုိက္တြန္းလုိက္ပါတယ္။" Video Credit – UN

Posted by Khit Thit Media on Saturday, 2 May 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts