All News Local News

ရန်ကုန်မှ ယူအေအီးပြန် ၆ ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိရ၊ လူနာပေါင်း ၁၉၉ ဦးရှိလာ

ရန်ကုန်မှ ယူအေအီးပြန် ၆ ဦးတွင် ကိုဗစ်ရောဂါတွေ့ရှိရ၊ လူနာပေါင်း ၁၉၉ ဦးရှိလာ

ရန်ကုန်၊ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီးတွင် ယူအေအီးပြန် ၆ ဦးတွင် ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိရပြီး ကိုဗစ်လူနာ စုစုပေါင်း ၁၉၉ ဦးရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။


မြောက်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်း၊ သာကေတမြို့နယ်၊ တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ အင်းစိန်မြို့နယ်တို့မှ အမျိုးသား ၆ ဦးသည် ယူအေအီးမှ ပြန်လာပြီး အင်းစိန်တွင် အသွားအလာ ကန့်သတ်ထားရှိစဉ် ကိုဗစ်ရောဂါစစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။


(၂၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၉၉) ဦးရှိပြီဖြစ်ကြောင်း၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် (၂၀-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts