All News Local News

ရခိုင်ပြည်နယ်တွင် မလေးရှားပြန် အမျိုးသားတစ်ဦးထံမှ ကိုဗစ်ရောဂါ ပထမဆုံးစစ်ဆေးတွေ့ရှိ

ရခိုင်ပြည်နယ်တွင် မလေးရှားပြန် အမျိုးသားတစ်ဦးထံမှ ကိုဗစ်ရောဂါ ပထမဆုံးစစ်ဆေးတွေ့ရှိ

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မလေးရှားပြန် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးထံမှ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီ သတင်းထုတ်ပြန်သည်။

မလေးရှားမှ ပြန်လာသော အသက် ၃၅ နှစ်အရွယ် အမျိုးသားသည် အသွားအလာကန့်သတ်ထားပြီး ယနေ့တွင် ကိုဗစ်ရောဂါ ပိုး စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၈) ဦးရှိလာပြီဖြစ်ပြီး ကိုဗစ်လူနာများအနက်မှ (၂) ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ (၄) ဦး (Case – 36, 48, 88 နှင့် 114) ရှိသဖြင့် (၁၈-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦးရှိကာ ၎င်းတို့အနက် (၈၈)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts