Local News Peace political news

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ မီးတင်ရှို့ခံရ

မြောက်ဦးမြို့နယ် လက္ကာကျေးရွာ မီးတင်ရှို့ခံရ

ရန်ကုန်၊ မေ ၁၆

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာကို ယနေ့ မေလ ၁၆ရက်နေ့လည်ပိုင်းက မီးတင်ရှို့ခံလိုက်ရကြောင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ အခြေအနေ အသေးစိတ်ကိုတော့ ကျွန်တော်လည်းမသိဘူး။ ဒီနေ့ နေ့လည် ၂နာရီကျော်လောက်မှာ အဲဒီဖက်က ရွာတွေတချို့က ဖုန်းဆက်တယ်။ လက္ကာကျေးရွာ မီးရှို့ခံရတယ်လို့ အသေးစိတ်အချက်အလက်တော့ ကျွန်တော်လည်းမသိဘူး။ ဘာကြောင့်မီးရှို့တယ်။ အိမ်ခြေကဘယ်လောက်ပါသွားတယ်။ ကျွန်တော်လည်းမသိဘူး” ဟု ၎င်းပြောဆိုသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားနေချိန်တွင် ဒေသခံများက လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ စစ်ကြောင်းတစ်ခုရွာအတွင်းသို့ ရောက်ရှိပြီး မကြာခင်မီးလောင်မှုဖြစ်ပွားသည်ဟု ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် မြေပြင်အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိပါ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts