All News interview Local News

ဗိုလ်တထောင်စေတီမှ ဘာသာရေးအခမ်းအနားနှင့်ပွဲ ရန်ကုန်တိုင်းအစိုးရ ဥပဒေချိုးဖောက်ခဲ့ဟု ဥပဒေပညာရှင်များ တညီညွတ်တည်း ထောက်ပြ

ဗိုလ်တထောင်စေတီမှ ဘာသာရေးအခမ်းအနားနှင့်ပွဲ ရန်ကုန်တိုင်းအစိုးရ ဥပဒေချိုးဖောက်ခဲ့ဟု ဥပဒေပညာရှင်များ တညီညွတ်တည်း ထောက်ပြ

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်စေတီတွင် ဘာသာရေးအခမ်းအနားပွဲများကို ရန်ကုန်တိုင်းအစိုးရက ဦးဆောင်ကျင်းပခဲ့ခြင်းသည် ကိုဗစ်ကာလ ပြည်ထောင်စုအစိုးရက ချမှတ်ထားသော ဘာသာရေးအခမ်းအနား မကျင်းပရ၊ လူစုလူဝေး မလုပ်ရ ဆိုသော အမိန့်ညွှန်ကြားချက်ဥပဒေများကိုချိုးဖောက်ဖြစ်ကြောင်း ဥပဒေပညာရှင်များက တညီတညွတ်တည်း ပြောဆိုကြသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက တရားလွှတ်တော်ရှေ့နေများနှင့် ဥပဒေပညာရှင်များကို ဆက်သွယ်မေးမြန်းထားပါသည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်
ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့

သူကတစ်ခုရှိတာကတော့ ဒေသန္တရ အမိန့်နဲ့တော့ ငြိတယ်ပေါ့။ လူငါးဦးထက် ပိုမစုရဆိုတာလေ အဲဒီဟာနဲ့တော့ငြိတယ်။ ဒါပေမယ့်လို့ သူကဒီဟာတွေနဲ့ တရားစွဲမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက်ယူရမယ်ဆိုတာတွေ ပါလားတော့မသိဘူး။ ပါတယ်ဆိုရင်တော့ တရားစွဲလို့ ကြိုခွင့်ြ့ပုချက်မရရင် သူတို့မရဘူးပေါ့။ တစ်ခုနဲ့ တစ်ခုက အမှုကမတူဘူးလေ။

ဒေးဗစ်လား လိုကျတော့ ဘာသာရေးပွဲတွေ မလုပ်ပါနဲ့လို့ တားနေတဲ့ကြားထဲက ဘာသာရေးပွဲသပ်သပ်လုပ်တာ လူတွေအများကြီးဖိတ်ခေါ်ပြီးလုပ်တာ ပြီးတော့ အဲဒီပွဲကနေတစ်ဆင့် အများကြီး ပိုးတွေ ကူးကုန်တယ်လေ။ နောက်တစ်ခါ တနင်္သာရီတိုင်းမှာကျတော့ ဘုရားထီးတင်ပွဲကြီး ထီးတော်လှည့်တာ ဘာသာရေးအခမ်းအနားတွေ လူစုလူဝေးတွေ မလုပ်နဲ့ကြားထဲက သူကကား ၁၇စီးလောက်နဲ့ မြို့ထဲကို လှည့်ပတ်တာတွေ အဲလိုမျိုးတွေလုပ်တော့ ဒီအမိန့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်တော့ သူ့ကိုထောင် ၉လချလိုက်တယ်ပေါ့။

နောက်တစ်ခါ ဒေးဗစ်လာဆိုရင်လည်း အာမခံမပေးဘူး သူ့ကို ထောင်သုံးနှစ်လောက်ထိချနိုင်တဲ့ ဥပဒေနဲ့ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ သူ့ကိုတရားစွဲလိုက်တာပေါ့။ သူကကြာနေတဲ့အကြောင်းအရင်းကတော့ သူက Quarantine တွေဝင်နေရလို့ကြာနေတာပေါ့။ သူကိုလည်းအရေးယူမှာပဲလေ။ တစ်ခုနဲ့တစ်ခုကတော့ ထပ်တူတော့မတူဘူး။ ဖြိုးမင်းသိန်းကတော့ သူကလူကြီးတစ်ယောက်ဖြစ်တာပေါ့။ ဖြစ်တော့ ဘာသာရေးပွဲဆိုပေမယ့်လည်း လူနည်းနည်းပေါ့။ ပထမကတော့ လူနည်းနည်းနဲ့ သူတို့တွေ ကြိတ်လုပ်တာပါ။ ဒါဘာသာရေးပွဲလေးပါဆိုပြီးတော့ ရန်ကုန်တိုင်း အစိုးရကလည်း ဆောက်လုပ်ရေးတွေ လုပ်နိုင်ခွင့်ရှိပါပြီတို့ဘာတို့ သူကတော့ အဲလိုပြောတာပဲ ဒါပေမယ့် လူ၅ဦးထက်ပိုမစုရ ဆိုတဲ့အမိန့်ကြီးက တည်မြဲနေသေးတယ်လေ။

အဲတာကြီးကိုတော့ သူချိုးဖောက်ရာရောက်တယ်။ အဲလိုချိုးဖောက်ရာ ရောက်တဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ဖြေရှင်းရမှာပေါ့။ သူဘယ်လိုဖြေရှင်းမလဲ။ သက်ဆိုင်ရာဥပဒေနဲ့ ဆိုင်တဲ့အဖွဲ့အစည်းတွေက သူ့ကိုဘယ်လိုအရေးယူမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM)

အခြေအနေနဲ့ကော ဥပဒေနဲ့ကော နောက်တစ်ခါကျင့်ဝတ်နဲ့ကော မညီညွတ်ဘူးဗျာ။ အခြေအနေက သာမန်အားဖြင့်ကိုပဲ ပြဌာန်းထားပြီးပြီ အခြေအနေက ဒီလိုဒီလိုနေသင့်တယ် ပြဌာန်းထားပြီးပြီ ပွင့်ပွင့်လင်းလင်းပြောရရင် ဉာဏ်နှောက်ရှိတဲ့လူမှန်သမျှ ခွာခွာနေဖို့ နောက်ပြီးတော့ အိမ်ထဲကမထွက်ဖို့ တတ်နိုင်သလောက်ပေါ့။ နောက်တစ်ခါ Mask တွေဝတ်ဆင်ဖို့ အစရှိသည်ဖြင့်ပေါ့။ လုပ်ကြတယ်။ လူစုလူဝေးနဲ့ မလုပ်ကျဖို့ နောက်တစ်ခါ ရန်ကုန်တိုင်းအတွင်းမှာ ၅ယောက်ထက်ပိုပြီးတော့ မစုဝေးဖို့ ဒီလိုပြဌာန်းထားတာရှိတယ်။

နောက်ပြီးတော့ ဥပဒေတွေအရလည်းပဲ ကူးစက်ရောဂါကာကွယ်ရေးဥပဒေ ၁၉၉၅က ပြဌာန်းခဲ့တဲ့ ဥပဒေတွေ အဲမှာ Pandemic တော့မဟုတ်ပါဘူး။ Epidemic ကပ်ရောဂါတစ်ခုဆိုက်လာရင် ကူးစက်တတ်တဲ့ရောဂါတစ်ခုဆိုက်လာရင် ညွှန်ကြားချက်တွေကို လိုက်နာဖို့ မလိုက်နာရင် ဘယ်လိုပြစ်ဒဏ်ပေးရမယ်ဆိုတာရှိတယ်။ နောက်တစ်ခါ အဲဒီအတွက်ကြောင့် တစ်ခြားလူတွေကိုလည်းပဲ ပြစ်ဒဏ်တွေပေး အရေးယူတယ်။ ဒါကလုပ်ချင်လို့မဟုတ်ဘူး။ ဒီအချိန်မှာ ဒီလိုလုပ်တယ် ဆိုတဲ့အခါကျတော့ ဒါကဘယ်သူမဆိုပေါ့ဗျာ။ ဒေးဗစ်လားတို့တုန်းကတောင် ဘာဖြစ်တယ် ညာဖြစ်တယ် တအားပြောခဲ့တယ်။

မန္တလေးက အစ္စလာမ်တွေဆိုရင်လည်း အဲတာတွေဆိုရင်လည်း ကလေးတွေကအစ တရားစွဲခဲ့တယ်။ အဲတော့ အခုအခြေအနေမှာ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေး ဥပဒေအထက်မှာ ဘယ်သူမှမရှိ ဥပဒေအောက်တွင် အားလုံးတန်းတူရှိဆိုတာ ဒါက Rule of Law ရဲ့မူပဲ အဲဒီမူအဆိုရင် သူတို့က တစ်စုံတစ်ရာအရေးယူဆောင်ရွက်သင့်လောက်အောင်ကို ချို့ယွင်းတယ်ပေါ့။ ခုန သုံးပိုင်းပေါ့။ အခြေအနေအရကော ဥပဒေအရကော နောက်တစ်ခါကျင့်ဝတ်အရကော ကျင့်ဝတ်ဆိုတာ နိုင်ငံရေးသမားတွေရဲ့ ကျင့်ဝတ်ရှိတယ်။ လူကြီးတွေရဲ့ ကျင့်ဝတ်ရှိတယ်ဗျ။ အဲဒီကျင့်ဝတ်တွေ ထည့်မစဉ်းစားတာပေါ့ဗျာ။ အဲဒီလိုပဲ ကျွန်တော်မြင်တယ်ဗျာ။

တရားလွှတ်တော်ရှေ့နေဦးသိန်းသန်းဦး
မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM)

ဥပဒေနဲ့ မညီဘူးဗျ။ ကိုယ်ထုတ်ထားတဲ့အမိန့် ကိုယ်မလေးစားရာကျတယ်။ နောက်ပြီးတော့ ကျွန်တော်တို့က ဒေးဗစ်လာတည်းက ထုတ်ထားတယ်လေ။ အဲတော့ သူများဘာသာကျတော့ တရားစွဲပြီးတော့ ကိုယ့်ဘာသာတော့ လုပ်လို့ရတယ်ဆိုတာမျိုး ပြောလို့မရဘူးဗျ။ လူစုလူဝေးနဲ့ အန္တရာယ်ဖြစ်အောင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေကို ဆန့်ကျင်ပြီးတော့ ဝန်ကြီးချုပ်လည်း လုပ်လို့မရဘူး။ ဒေးဗစ်လားလည်း လုပ်လို့မရဘူး။ ဘယ်သူမှလုပ်လို့မရဘူး။ တာဝန် ဝတ္တရားတစ်ခုဆောင်ရွက်ရလို့ ဝန်ကြီးချုပ်က အဲဒီမှာ အလုပ်ကိစ္စဆောင်ရွက်ရတယ်ဆိုရင်တစ်မျိုးပေါ့။

နောက်ပြီးတော့ ပိုဆိုးတာက သူတို့က တိုင်းပြည်ခေါင်းဆောင်တွေလေ သူတို့ကပိုပြီးတော့ စံနမူနာပြဖြစ်သင့်တယ်။ ကျွန်တော်ကတော့ ဥပဒေနဲ့ ညီတယ်လို့မထင်ဘူး။ ကျွန်တော်တစ်ယောက်တည်း အယူအဆပါ။ ပြည်ထောင်စု အစိုးရတင်မဟုတ်ဘူးသူလည်း ထုတ်ပြန်ထားတယ်လေ ဒေသန္တရအမိန့်ကော ပြည်ထောင်စုအစိုးရအမိန့်ကော အကုန်လုံးချိုးဖောက်တာပေါ့။

သူကတာဝန်ရှိသူဖြစ်နေတာကို သဘာဝဘေးအန္တရာယ် ဥပဒေအရ တရားစွဲမယ်ဆိုရင် သမ္မတဆီကခွင့်ပြုမိန့်တောင်းရမှာပေါ့။ ခွင့်ပြုမိန့်က ပေးမယ်မထင်ဘူးပေါ့ဗျာ။ ဥပဒေဆိုတာ မြန်မာပြည်မှာ အခုထိ A Group ဖြစ်နေတုန်းပါပဲ ပြောင်းပြန်ယူတာကိုပြောတာ။

ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

ကျွန်တော်တို့က ဥပဒေသမားတွေဖြစ်တော့ ဥပဒေနဲ့ညီမညီကိုကြည့်တာပေါ့။ အပြစ်ရှိမရှိဆိုတာကတော့ တရားရုံးကိုရောက်မှ တရားရုံးက စီရင်ဆုံးဖြတ်မှာပေါ့။ တရားသူကြီး အလုပ်ပေါ့။ ကျွန်တော်တို့က ဥပဒေနဲ့ ညီမညီကြည့်တဲ့အခါမှာ ဥပဒေမှာပြဌာန်းချက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွေ နည်းဥပဒေတွေမှာရော ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ ပြင်ဆင်တဲ့ဥပဒေတွေရော မည်သူမဆိုလို့ anybody လို့ဆိုထားတဲ့အတွက် ခြွင်းချက်မရှိပါဘူး။

အုပ်ချုပ်ခံနိုင်ငံသားတွေကိုပဲ အရေးယူရမယ့် ဥပဒေမဟုတ်ဘူး။ ဒီအုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေက ဒီဥပဒေကနေ ကင်းလွတ်နေတယ်ဆိုတာမျိုး ဥပဒေထဲမှာ ပြဌာန်းထားတာမရှိပါဘူး။ ဒါက လူပုဂ္ဂိုလ်အရ နောက်တစ်ခါ အကြောင်းအရာလည်း ဒီဥပဒေတွေသည် နိုင်ငံမှာအရေးပေါ်ကာလ ကျရောက်လို့ ဘေးအန္တရာယ်ကြုံတွေ့နေတဲ့အချိန်မှာ ကျင့်သုံးရတဲ့ဥပဒေတွေဖြစ်တဲ့အတွက် အကြောင်းအရာအားဖြင့်လည်း ခြွင်းချက်ပေးမထားပါဘူး။ ဒီကိစ္စဆိုရင်တော့ ၅ယောက်ထက်ပိုပြီး ခွင့်ပြုလိုက်တို့ ဟိုကိစ္စဆိုရင် ခွင့်မပြုနဲ့ ဒီလိုမရှိပါဘူး။ အားလုံးတစ်ပြေးညီ လိုက်နာကျင့်သုံးရတဲ့ ဥပဒေတွေဖြစ်ပါတယ်။

အဲတော့အခု ရန်ကုန်တိုင်းဒေသကြီး အစိုးရက မနက်ပိုင်းကတော့ တိုင်းအစိုးရရဲ့ အကြီးအကဲ ဝန်ကြီးချုပ်ရှင်းပြသွားတာတွေရှိတယ်။ အဲမှာလည်းပဲ တိကျခိုင်မာတဲ့ ဘာကြောင့်လုပ်ရတယ်ဆိုတဲ့ အဖြေပါမသွားဘူး။ ခပ်လုံးလုံးပဲ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် ဆိုလိုတာက ဒီပွဲကျင်းပခြင်းသည် ဘာသာရေးပွဲလို့ခေါင်းစဉ်တက်တက် ဒါမှမဟုတ် ဓလေ့ထုံးတမ်းဆိုင်ရာလို့ပဲ ခေါင်းစဉ်တပ်တပ် ထိုသည့်မဟုတ် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းကို သွားရောက်ကြည့်ကြပ်ကွပ်ကဲတယ်လို့ပဲ တပ်တပ် အဲပွဲကျင်းပဖို့အတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတာလား။ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထားတာလား။ ဘယ်သူကခွင့်ပြုတာလဲ။ ဒါကို ကျွန်တော်တို့က တိတိကျကျ ဖော်ထုတ်ဖို့လိုတယ်။

ဘယ်သူ့ခွင့်ပြုချက်မှ မရဘဲ လုပ်တယ်ဆိုရင်တော့ ဒါသည် ပြဌာန်းထားသည့် တည်ဆဲဥပဒေတွေ ဆန့်ကျင်ဆောင်ရွက်တာ ဥပဒေကို ကျူးလွန်တာလို့ သုံးသပ်လို့ရပါတယ်။ ဥပဒေကိုဆန့်ကျင်ဆောင်ရွက်တာနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အညီလုပ်ပါတယ် ဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ဒီဖက်မှာက ဒီအလုပ်တွေကို မလုပ်ရဘူးဆိုရင် ဥပဒေမှာ နှစ်ခုပဲရှိတယ်။ လုပ်ရမယ်လို့ ပြဌာန်းထားတာတွေကို လုပ်ဖို့ ပျက်ကွက်ရင်လည်း ဒါသည်ပြစ်မှုပဲ ထို့အတူပဲ မလုပ်ရဘူးလို့ ပြဌာန်းထားတာတွေကို လုပ်ရင်လည်း ပြစ်မှုပဲ လုပ်တော့လုပ်တဲ့ အဲဒီလုပ်တဲ့အခါမှာ သုံးပေခွာပါတယ်တို့ နှစ်ခေါင်းစီးတပ်ထားပါတယ်ဆိုတာ ဒါတွေကတော့ ဆင်ခြေတွေပဲ ဒီပြစ်မှုကို ကျူးလွန်လားမကျူးလွန်ဘူးဆိုတာ ထည့်သွင်းစဉ်းစားစရာကိုမလိုဘူး။

အခုကျွန်တော်တို့ ပြန်စဉ်းစားကြည့်တဲ့အခါကျတော့ ပြည်ထောင်စုအစိုးရကကော တိုင်းဒေသကြီးအစိုးရကကော လာမယ့် မေလ ၃၁ရက်နေ့အထိ Stay At Home System ကိုကျင့်သုံးဖို့ဆိုပြီးတော့ ထုတ်ပြန်ထားတဲ့အမိန့်က တည်ဆဲအမိန့်ဖြစ်ပါတယ်။ အဲတည်ဆဲအမိန့်တွေထဲမှာ ဘယ်သူဘယ်သူတွေတော့ ကင်းလွတ်ပါ ပြဌာန်းမထားပါဘူး။ ပြဌာန်းမထားတဲ့အတွက် ဒါကိုဆန့်ကျင်ဆောင်ရွက်အတွက်ပဲ တည်ဆဲဥပဒေတွေအရ ဥပဒေအမြင်သက်သက်နဲ့ကြည့်ရင် ဒီဆောင်ရွက်ချက်သည် ဥပဒေနဲ့ညီညွတ်မှုမရှိဘူး။

ဥပဒေကိုကျော်လွန်ပြီးတော့ ဥပဒေကိုဆန့်ကျင်ပြီးတော့ ဆောင်ရွက်ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီဘက်အပိုင်းကနေပြီးတော့ နှာခေါင်းစီးတက်တာတို့ တစ်ယောက်နဲ့ တစ်ယောက် သုံးပေခွာတာတို့ဆိုတာတွေက ဒါတွေက ဥပဒေအမြင်မှာ ဒီဟာကို ကျူးလွန်သလား။ မကျူးသလားဆိုတာမှာ ဒါတွေထည့်သွင်း စဉ်းစားစရာမလိုပါဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts