All News China Watch

တီကျစ်ကျောက်မီးသွေးမိုင်း တိုးချဲ့ရန် လယ်သမား၏ မြေဧက ၂၀၀ နီးပါးသိမ်းယူ

တီကျစ်ကျောက်မီးသွေးမိုင်း တိုးချဲ့ရန် လယ်သမား၏ မြေဧက ၂၀၀ နီးပါးသိမ်းယူ

By RisE News

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းဒေသခံ များ နှင့် ပတ်ဝန်းကျင် အရေး လှုပ်ရှားသူများ ကန့်ကွက်နေသော တီကျစ်ကျောက်မီးသွေးမိုင်းတွင်း တိုးချဲ့ရန် ဒေသခံ လယ်သမား ၏ လယ်ယာမြေဧက ၂၀၀ နီးပါး ကို ထပ်မံသိမ်းယူရန်အတွက် ဖမ်းရှားခိုင်း နေကြောင်း ရှမ်းပြည် MATA (Myanmar Alliance for Transparency and Accountability) အဖွဲ့ မှ အလုပ်အမှုဆောင် စိုင်းထူး ကပြောကြားသည်။

အဆိုပါ တီကျစ်ကျောက်မီးသွေးသတ္တုတွင်းကို ဧဒင် သဘာဝအရင်းအမြစ်များ ဖွံဖြိုးတိုးတက်ရေး ကုမ္ပဏီ က တူးဖော်လုပ်ကိုင် နေခြင်းဖြစ်ပြီး တီကျစ် ကျောက်မီးသီး ဓာတ်အားစက်ရုံကို ပေးပို့ရောင်းချနေခြင်း ဖြစ်သည်။

အဆိုပါ တီကျစ် ကျောက်မီးသွေး သတ္တုတွင်းကို တိုးချဲ့ရန်အတွက် မြေယာ နယ်နိမိတ် သတ်မှတ်ထား ပြီးဖြစ်သောကြောင့် တောင်သူများအနေနှင့် သီးနှံ စိုက်ပျိုး၊ ရိတ်သိမ်းရန် ပြီးပါက နာက်တစ်ကြိမ် ဆက်လက် စိုက်ပျိုးခြင်း မပြုရန် လယ်သမား များကို မေလ ၉ ရက်နေ့ရက်စွဲ ဖြင့် အကြောင်းကြား ထားကြောင်း သိရှိရသည်။

ထို့အပြင် မစိုက်ပျိုးတော့သည့် မြေများ တွင်မူလုပ်ငန်း စတင်မည် ဖြစ်ကြောင်း လည်း ကြေညာထား အကြောင်း ကြားထားသည်။

အဆိုပါ အကြောင်းကြားစာ တွင် ယင်းလယ်ယာ များ ကို ကျောက်မီးသွေးသတ္တုတွင်း ပိုင်မြေနေရာ အဖြစ် အစိုးရ က တရားဝင် သတ်မှတ်ပေးထာကြောင်းလည်း ဖော်ပြထားသည်။
ထို့သို့ သိမ်းယူရန် ဖမ်းရှားခိုင်းထားသည့် မြေပမာဏမှာ ၁၈၂ ဧကထိ ရှိကြောင်း တီကျစ် ကျေးရွာအုပ်စု မှ တောင်သူလယ်သမား များထံမှသိရှိရသည်။

တောင်သူများ ထံ မှ မြေယာသိမ်းယူရန်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် တစ်ဧက ကို ကျပ် ၁၀ ဝန်းကျင်သာ ဂရုဏာ ကြေးပေးမည်ဟု ဧဒင်ကုမ္ပ ဏီက ညှိနှိုင်းနေကြောင်း ရှမ်းပြည် MATA အဖွဲ့မှ စိုင်းထူး ကပြောကြားသည်။

“ ကာလ ပေါက်ဈေးက စိုက်ပျိုးလယ်မြေဆို တစ်ဧက သိန်းတစ်ရာ ဝန်းကျင်ပေါက်တယ်။ သူတို့က အခု ဆယ်သိန်း ပေးမယ်ဆိုပြီး ညှိတယ်။ လျော်ကြေး၊ နစ်နာကြေးလို့ မပြောဘူး ဂရုဏာ ကြေးလိုသဘောမျိုးပြောတယ်” ဟု၎င်း က ရှင်းပြသည်။

မိုင်းတွင်းတိုးချဲ့ မှုကြောင့် သိမ်းယူခံရမည့် လယ်ယာမြေများ မှာ တီကျစ်ကျေးရွာအုပ်စု လယ်သမား ၃၅ ဦး ၏ လယ်ယာ မြေများ ပါဝင်ကြောင်း အဆိုပါ လယ်ယာမြေများ အရေးဆောင်ရွက်နေသူ လယ်သမား ခွန်မောင်ချစ် ကပြောကြားသည်။

အဆိုပါ သိမ်းယူမည့် မြေများသည်ကျောက်မီးမိုင်းတွင်းပိုင် မြေမျာဖြစ်သဖြင့် လျော်ကြေးပေးရန် မရှိကြောင်း ဧဒင် ကုမ္ပဏီ တာဝန်ရှိသူများ က ပြောဆိုနေသည်ဟု လည်းခွန်မောင်ခွန်က ဆိုသည်။

“ ဒီမြေတွေက အရင်ထဲ က သူတို့လုပ်ပိုင်ခွင့်ရထားတဲ့ မြေတွေ ဖြစ်တယ် ။ လျော်ကြေးမပေးနိုင်တော့ ဘူးဆိုတာတွေလည်းပြောတယ်” ဟု ၎င်း ကရှင်းပြသည်။

မြေသိမ်းယူခံရမည့် လယ်သမား များ ကို ဧဒင် ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ ကတာဝန်ရှိသူများ လာရောက် ဆွေးနွေးစဉ် မှတ်တမ်း ရိုက်ကူးမှု ပြုလုပ်ရာ အင်တာနက် ပေါ်တင်မည်ဆိုပါက တရားဆိုစွဲမည်ဟု ခြိမ်းခြောက်မှု များရှိခဲ့ကြောင်းလည်း ၎င်း က ပြောပြသည်။

အဆိုပါမြေသိမ်း ယူနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ ထံ စာတင်တိုင်းကြားထား သော်လည်း ယနေ့ ထိ အကြောင်း မထူးသေးကြောင်း ၎င်း ကဆိုသည်။

“ကျွန်တော်တို့ နောက်တကြိမ်တိုင်ကြားဖို့ လက်မှတ်တွေစုနေပါတယ်” ဟု၎င်း ကပြောသည်။
မေလ ၁၉ ရက်နေ့တွင်ကျင်းပသော အလွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ် မိုင်းရူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေး ကအငြင်းပွားဖွယ် တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကို အစိုးရ က သုံးနှစ်သက်တမ်းတိုးပေးထားခြင်း ကို ပြန်လည်သုံးသပ်ပေးရန် ပြောကြားထားသည်။

တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် ကျောက်မီးသွေးမိုင်း မှစွန့်ပစ်ရေဆိုး စွန့်ပစ်ပြာ နှင့် လေထုညစ်ညမ်းမှုများကြောင့် ဒေသခံ လူထု နေ့စဉ်ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်မှုများ နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နေမှုများ ရှိသဖြင့် အမြန်ဆုံးရပ်ဆိုင်း ပေးရန် ရှမ်းပြည် MATA အဖွဲ့ က တောင်းဆိုထားသည်။

ပုံစာ – မြေသိမ်းယူခံရမည့် လယ်သမား များ ကို ဧဒင် ကုမ္ပဏီမှ တာဝန်ရှိသူများ နှင့် ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ မှ တာဝန်ရှိသူများ က လာရောက် ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts