Local News Peace Web TV

ဆင်းရဲသော ရခိုင်ပြည်နယ်တွင် သတင်းသမားများ လာရောက်သတင်းယူရေး၊ အင်တာနက်များ ဖွင့်ပေးရေး အကြိမ်ကြိမ်အသနားခံခဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ သတင်းအချက်အလက်အမှန်များ ပြောရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ဆင်းရဲသော ရခိုင်ပြည်နယ်တွင် သတင်းသမားများ လာရောက်သတင်းယူရေး၊ အင်တာနက်များ ဖွင့်ပေးရေး အကြိမ်ကြိမ်အသနားခံခဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ သတင်းအချက်အလက်အမှန်များ ပြောရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ရန်ကုန်၊ မေ ၂၀

ရခိုင်ပြည်နယ်တွင် သတင်းသမားများ လာရောက်သတင်းယူရေးနှင့်အင်တာနက်များ ဖွင့်ပေးရေး အကြိမ်ကြိမ်သနားခံနေရပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတင်းအချက်အလက်အမှန်များကို ပြောဆိုကြရန် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်တွင် သတင်းအမှောင်ချခံနေရချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရေငုံနှုတ်ပိတ်နေပါက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန် ပျက်ကွက်ခြင်းဖြစ်ကြောင်း၊ သတင်းအချက်အလက်အမှန်များကို ပြောဆိုရာတွင် သမာသမတ်ကျကျဖြင့် သတိတရားဖြင့် ပြောဆိုကြရန်လည်း ဦးစံကျော်လှက တိုက်တွန်းပြောဆိုသွားသည်။

“ကျနော်တို့ ရခိုင်ပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့နေရတယ်ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ နဂိုကတည်းက ဆင်းရဲတဲ့အထဲ အခုဆိုရင် သဲတွဲမြို့နယ်နဲတောင်ကုတ်မြို့နယ်ထဲကို COVID-19 က ရောက်ရှိလာပါပြီ။ ကျနော်တို့ ဒေသမှာ IDP များ ပြွတ်သိပ်စွာ နေထိုင်ရတဲ့ တိုက်ပွဲရှောင်စခန်းတွေလည်း အများကြီး။ ဒီစခန်းတွေကိုများ COVID-19 ရောဂါပိုးရောက်သွားရင် ဘယ်လိုရှိကြမလဲ။ တွေးကြည့်ရင် တကယ့် မတွေးဝံ့စရာကြီးပါ။ တိုက်ပွဲရှောင်စခန်းတွေ ဖျက်သိမ်း ဖို့ဆိုတာလည်း အခြေအနေအရ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလူတွေမှာ ပေးစရာ ငွေမရှိ ပြေးစရာ မြေမရှိတဲ့ဘ၀ ။ လာမယ့် မိုးရာသီကာလကို ဒီလူတွေ ဘယ်လို ဖြတ်သန်းကြမလဲ။ လွှတ်တော်ရော အစိုးရပါ သူတို့အတွက် အလေးထားဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ COVID-19 ရောဂါနဲ့ပတ်သက်လာရင် သူသူ ငါငါ မခွဲခြားဘဲ အားလုံး စုပေါင်း ကာကွယ် ဆောင်ရွက်ကြဖို့လိုပါတယ်။ ဒါကြောင့် ကျနော်တို့ ရခိုင်ပြည်ကို သတင်းသမားတွေ ရောက်လာဖို့ လိုပါတယ်။ အင်တာနက်တွေ ပြန်လည် ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီကိစ္စတွေအတွက် ကျနော်တို့ အသနားခံခဲ့ပေါင်းများပါပြီ။ ထပ်လောင်းပြီးလည်း မေတ္တာရပ်ခံလိုက်ပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအနေနဲ့ သတင်းအမှောင်ကျနေတဲ့ ကျနော်တို့ ရခိုင်ပြည်နယ်အတွက် သတင်းအချက်အလက် မှန်ကန်စွာ ရရှိနိုင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာ ပိုပြီးတော့ အရေးကြီးလာပါတယ်။ ပြည်သူတွေအတွက် ပြောသင့် ပြောထိုက်တာတွေ အလေးထားပြီး ပြောဆိုဆွေးနွေးဖို့ လိုအပ်ပါတယ်။ ပြောဆိုဆွေးနွေးတဲ့အခါ သမာသမတ်ကျဖို့ ဥပဒေနဲ့လည်း ညီဖို့ လိုပါတယ်။ ဘယ်သူသာစေ၊ ဘယ်သူနာစေဆိုတဲ့ ဆန္ဒနဲ့ ကျနော်တို့ ပြောလို့မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြောသင့်ဆိုသင့်တာတွေကို မပြောဘဲ မဆိုဘဲ ရေငုံနှုတ်ပိတ်နေခဲ့ရင် အဲဒါဟာ ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်ကို ပျက်ကွက်တာပဲ ..။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် တာဝန်ကျေပွန်အောင် ပြောပါ ဆိုပါ။ ဆွေးနွေးကြပါ။ ပြီးတော့ သတိတရားလေးထားကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ဦးစံကျော်လှက ပြောဆိုသွားသည်။

Video Credit- ရခိုင်ပြည်နယ်လွှတ်တော်

လႊတ္ေတာ္အမတ္မ်ား သတင္းအမွန္ေျပာရန္ ဦးစံေက်ာ္လွတိုက္တြန္း(႐ုပ္/သံ)

ဆင္းရဲေသာ ရခိုင္ျပည္နယ္တြင္ သတင္းသမားမ်ား လာေရာက္သတင္းယူေရး၊ အင္တာနက္မ်ား ဖြင့္ေပးေရး အႀကိမ္ႀကိမ္အသနားခံခဲ့၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သတင္းအခ်က္အလက္အမွန္မ်ား ေျပာရန္ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ တိုက္တြန္းရန္ကုန္၊ ေမ ၂၀ ရခိုင္ျပည္နယ္တြင္ သတင္းသမားမ်ား လာေရာက္သတင္းယူေရးႏွင့္အင္တာနက္မ်ား ဖြင့္ေပးေရး အႀကိမ္ႀကိမ္သနားခံေနရၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ သတင္းအခ်က္အလက္အမွန္မ်ားကို ေျပာဆိုၾကရန္ ရခိုင္ျပည္နယ္ လႊတ္ေတာ္ဥကၠ႒ ဦးစံေက်ာ္လွက ယေန႔ က်င္းပေသာ ရခိုင္ျပည္နယ္ လႊတ္ေတာ္အစည္းအေ၀းတြင္ ေျပာဆိုလိုက္သည္။ရခိုင္ျပည္နယ္တြင္ သတင္းအေမွာင္ခ်ခံေနရခ်ိန္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ေရငုံႏႈတ္ပိတ္ေနပါက လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦး၏ တာ၀န္ ပ်က္ကြက္ျခင္းျဖစ္ေၾကာင္း၊ သတင္းအခ်က္အလက္အမွန္မ်ားကို ေျပာဆိုရာတြင္ သမာသမတ္က်က်ျဖင့္ သတိတရားျဖင့္ ေျပာဆိုၾကရန္လည္း ဦးစံေက်ာ္လွက တိုက္တြန္းေျပာဆိုသြားသည္။ "က်ေနာ္တို႔ ရခိုင္ျပည္သူေတြ ဒုကၡမ်ဳိးစုံၾကဳံေတြ႕ေနရတယ္ဆိုတာ အားလုံး အသိပဲ ျဖစ္ပါတယ္။ နဂိုကတည္းက ဆင္းရဲတဲ့အထဲ အခုဆိုရင္ သဲတြဲၿမိဳ႕နယ္နဲေတာင္ကုတ္ၿမိဳ႕နယ္ထဲကို COVID-19 က ေရာက္ရွိလာပါၿပီ။ က်ေနာ္တို႔ ေဒသမွာ IDP မ်ား ႁပြတ္သိပ္စြာ ေနထိုင္ရတဲ့ တိုက္ပြဲေရွာင္စခန္းေတြလည္း အမ်ားႀကီး။ ဒီစခန္းေတြကိုမ်ား COVID-19 ေရာဂါပိုးေရာက္သြားရင္ ဘယ္လိုရွိၾကမလဲ။ ေတြးၾကည့္ရင္ တကယ့္ မေတြး၀ံ့စရာႀကီးပါ။ တိုက္ပြဲေရွာင္စခန္းေတြ ဖ်က္သိမ္း ဖို႔ဆိုတာလည္း အေျခအေနအရ ဘယ္လိုမွ မျဖစ္ႏိုင္ဘူး။ ဒီလူေတြမွာ ေပးစရာ ေငြမရွိ ေျပးစရာ ေျမမရွိတဲ့ဘ၀ ။ လာမယ့္ မိုးရာသီကာလကို ဒီလူေတြ ဘယ္လို ျဖတ္သန္းၾကမလဲ။ လႊတ္ေတာ္ေရာ အစိုးရပါ သူတို႔အတြက္ အေလးထားေဆာင္ရြက္ေပးဖို႔ လိုအပ္ပါတယ္။ COVID-19 ေရာဂါနဲ႔ပတ္သက္လာရင္ သူသူ ငါငါ မခြဲျခားဘဲ အားလုံး စုေပါင္း ကာကြယ္ ေဆာင္ရြက္ၾကဖို႔လိုပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ရခိုင္ျပည္ကို သတင္းသမားေတြ ေရာက္လာဖို႔ လိုပါတယ္။ အင္တာနက္ေတြ ျပန္လည္ ဖြင့္ေပးဖို႔ လိုအပ္ပါတယ္။ ဒီကိစၥေတြအတြက္ က်ေနာ္တို႔ အသနားခံခဲ့ေပါင္းမ်ားပါၿပီ။ ထပ္ေလာင္းၿပီးလည္း ေမတၱာရပ္ခံလိုက္ပါတယ္။ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားအေနနဲ႔ သတင္းအေမွာင္က်ေနတဲ့ က်ေနာ္တို႔ ရခိုင္ျပည္နယ္အတြက္ သတင္းအခ်က္အလက္ မွန္ကန္စြာ ရရွိႏိုင္ေရးနဲ႔ပတ္သက္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ အခန္းက႑ဟာ ပိုၿပီးေတာ့ အေရးႀကီးလာပါတယ္။ ျပည္သူေတြအတြက္ ေျပာသင့္ ေျပာထိုက္တာေတြ အေလးထားၿပီး ေျပာဆိုေဆြးေႏြးဖို႔ လိုအပ္ပါတယ္။ ေျပာဆိုေဆြးေႏြးတဲ့အခါ သမာသမတ္က်ဖို႔ ဥပေဒနဲ႔လည္း ညီဖို႔ လိုပါတယ္။ ဘယ္သူသာေစ၊ ဘယ္သူနာေစဆိုတဲ့ ဆႏၵနဲ႔ က်ေနာ္တ္ို႔ ေျပာလို႔မရပါဘူး။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ေျပာသင့္ဆိုသင့္တာေတြကို မေျပာဘဲ မဆိုဘဲ ေရငုံႏႈတ္ပိတ္ေနခဲ့ရင္ အဲဒါဟာ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ တာ၀န္ကို ပ်က္ကြက္တာပဲ ..။ ဒါေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ တာ၀န္ေက်ပြန္ေအာင္ ေျပာပါ ဆိုပါ။ ေဆြးေႏြးၾကပါ။ ၿပီးေတာ့ သတိတရားေလးထားၾကပါလို႔ တိုက္တြန္းလိုပါတယ္" ဟု ဦးစံေက်ာ္လွက ေျပာဆိုသြားသည္။Video Credit- ရခိုင္ျပည္နယ္လႊတ္ေတာ္

Posted by Khit Thit Media on Wednesday, 20 May 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts