စာသင်ကျောင်းဆောင်အပါအဝင် အိမ်ခြေ ၁၉၄ လုံး မီးတင်ရှို့ခံခဲ့ရသည့် လက္ကာကျေးရွာ မှတ်တမ်း(ရုပ်/သံ)

စာသင်ကျောင်းဆောင်အပါအဝင် အိမ်ခြေ ၁၉၄ လုံး မီးတင်ရှို့ခံခဲ့ရသည့် လက္ကာကျေးရွာ မှတ်တမ်း(ရုပ်/သံ)
ရန်ကုန်၊ မေ ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသည် မေလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ မီးတင်ရှို့မှုကြောင့် အိမ်ခြေများစွာ မီးလောင်သွားပြီး ပြာပုံအတိဖြစ်သွားခဲ့ပြီဖြစ်သည်။ တချိန်က သာယာနာပျော်ဖွယ်ကောင်းပြီး လူနေမှုများ များပြားသော ကျေးရွာလေးမှာ ပြာပုံ အတိဖြစ်သွားသော်လည်း မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကမှ ၎င်းတို့ မီးတင်ရှို့ခဲ့ကြောင်း ဝန်ခံခြင်းမရှိဘဲ အပြန်အလှန် စွပ်စွဲပြစ်တင်နေကြသည်။
မြောက်ဦးမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ” လက္ကာကျေးရွာမှာ အိမ်ခြေ ၁၉၃ လုံးနဲ့ စာသင်ကျောင်းဆောင် ၁ ဆောင် စုစုပေါင်း ၁၉၄ လုံး မီးလောင်သွားပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ပြာပုံအတိဖြစ်သွားသော လက္ကာကျေးရွာ၏ ပြာပုံအတိ ဗီဒီယိုများကို ဖော်ပြလိုက်ပါသည်။
ရခိုင်ပြည်နယ်တွင် သတင်းမီဒီယာများ ခရီးသွားလာ သတင်းရယူခွင့် ပိတ်ပင်ထားသည့်အပြင် အင်တာနက်များကိုလည်း ဖြတ်တောက်ထားရာ မြေပြင် သတင်းအချက်အလက်များကို ရယူရန် ခက်ခဲလျက်ရှိသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ