interview Peace political news

စစ်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ချင်းတိုင်းရင်းသား တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှင့်ဆေးရုံရောက်သူတစ်ဦးလျှင် ၁ သိန်း အစိုးရ ထောက်ပံ့

စစ်လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ ချင်းတိုင်းရင်းသား တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှင့်ဆေးရုံရောက်သူတစ်ဦးလျှင် ၁ သိန်း အစိုးရ ထောက်ပံ့

By ရန်ကုန်ခေတ်သစ်

ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းဦးမျိုးထိုက်နှင့် ဆက်သွယ်မေးမြန်းချက်

ပလက်ဝမြို့နယ်အတွင်းရှိ ချင်းတိုင်းရင်းသားကျေးရွာ ၅ ရွာတွင် မတ်လ ၁၄ မှ ဧပြီလ ၁၅ ရက်နေ့ အထိ စစ်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်မှုကြောင့် ချင်းလူမျိုး အရပ်သား ၂၉ ဦးသေဆုံးပြီး ၄၀ ဦး ပြင်းထန်ဒဏ်ရာရရှိကာ အိမ်ခြေ ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ချင်းတိုင်းရင်းသားအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။ ပလက်ဝတွင် တပ်မတော်နှင့် ရခိုင်တပ်တော် တို့၏ တိုက်ပွဲများကြောင့် နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းဦးမျိုးထိုက်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပလက်ဝ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ပလက်ဝက နောက်ဆုံးအခြေအနေက ဒီလိုပါပဲ ဒုက္ခသည်တွေနဲ့ပဲ ပတ်ချာလည်နေတာပါပဲ။

မေး။ ။ အဲဒီမှာ တိုက်ပွဲအခြေအနေတွေကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ဒါတွေလည်းပဲ အခုဖြစ်တယ်လို့တော့ တခါတလေ ကွက်ကြားကွက်ကြား အသံတွေကြားနေရတယ်လို့ပဲ ပြောတယ်။

မေး။ ။ တပ်မတော်လယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတဲ့ ဒေသခံတွေ ကိစ္စအတွက်ကော ဘာတွေဆက်လက်လုပ်ဆောင်ပေးထားလဲ။

ဖြေ။ ။ ဒါတွေလည်းပဲ အစိုးရက ကူညီပေးတာရှိပါတယ်။ သေတဲ့သူတွေကို ၃သိန်းပေါ့။ အခုဆေးရုံရောက်တဲ့သူတွေကို ၁သိန်းနှုန်းပေါ့။ နောက်တစ်ခြားအဖွဲ့အစည်းတွေ NGO တွေ အလှူရှင်တွေ ကူညီပြီးတော့မှ ကျွန်တော်တို့ IDPက မန္တလေးရောက်တဲ့သူတွေကလည်း အဲဒီမှာရှိတဲ့ ဒေသခံတွေက ကူညီပေးတယ်ပေါ့။ အခုကအားလုံးလိုလိုသက်သာနေပါပြီ။

မေး။ ။ ဆရာပြောတဲ့ သေသူတစ်ဦးကို ၃သိန်းက အစိုးရကပဲ ပေးတာလား။ တပ်ဘက်ကကော ပေးတာရှိလား။

ဖြေ။ ။ အဲတာတော့ ဘာမှမကြားရပါဘူး။ ကျွန်တော်တို့က ပြည်နယ်အစိုးရအနေနဲ့ တစ်ယောက်သ ၃သိန်းဆီပေးတယ်။ ကျန်တဲ့ဟာတော့ မသိသေးဘူး။

မေး။ ။ ဘယ်နှစ်ယောက်လောက် ဆေးရုံပေါ်ကို ပြန်ဆင်းရပြီလဲ။ ဘယ်နှစ်ယောက်လောက် ဆေးရုံပေါ်မှာကျန်သေးလဲ။

ဖြေ။ ။ အဲတာတော့ ပြောရခက်တယ်။ အဲတာတွေကပြောဖို့တော့ ခက်တာပေါ့။ အတိအကျတော့ ကျွန်တော်ထင်ပါတယ်။ ၅ယောက် ၁ဝယောက်ဝန်းကျင်လောက်တော့ ရှိဦးမယ်။ ဆေးရုံမှာ ကျန်သေးတာ။ အဲတာက တစ်ခြားအကြောင်းတွေကြောင့်ဖြစ်တဲ့ လူနာတွေလည်းပါပါတယ်။

မေး။ ။ ပလက်မှာ လက်ရှိချိန်ထိ လေယာဉ်နဲ့ ဗုံးကြဲတာတွေကော ရှိသေးလား။

ဖြေ။ ။ ဒါတွေကတော့ ဘာမှအသံမကြားတော့ပါဘူး။ အဲတာကတော့ ကျွန်တော်တို့ရွာတွေမှာတော့ လောလောဆယ်တော့ ဘာမှအသံမကြားရဘူး။ ဖြစ်နေရင်လည်း တစ်ခြားနေရာမှာ တိုက်ပွဲတွေ ဖြစ်ရင်ဖြစ်နေမှာပေါ့။ အသံတော့မကြားပါဘူး။

မေး။ ။ ပလက်ဝဒေသမှာ လမ်းပန်းဆက်သွယ်ရေးတို့ ဖုန်း အင်တာနက်လိုင်းအခြေအနေကော ကောင်းလား ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ဆမီးနဲ့ ပလက်ဝတော့ အခြေအနေတော့ ပြောရခက်ပါတယ်။ အဲတာလည်းပဲ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကိုမေးရင်တော့ သူတို့သိရင်သိမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့လည်းပဲ တာဝန်ရှိတဲ့သူတွေနဲ့ နေ့တိုင်းအဆက်အသွယ်ရှိတာမဟုတ်ဘူးလေ။ ကျွန်တော်တို့က ဒေသခံတွေရဲ့ အသံကိုပဲနားထောင်ရင်းနဲ့ အခြေအနေတွေကိုပဲသိတာ အဲတော့ အစိုးရအဖွဲ့တွေရဲ့ အသံတွေက အချိန်နဲ့ တပြေးညီပေါ့။ ဘာကြောင့်လဲဆိုတော့ ပြောရခက်တယ်။ သူတို့လိုလည်း တစ်ချိန်လုံးဝင်စွတ်ဖက်ပြီးတော့မှလည်း ပြောဖို့မဟုတ်ဘူးလေ။

မေး။ ။ ပလက်ဝဒေသ ငြိမ်းချမ်းရေးအလားအလာနဲ့ တပ်မတော်နဲ့ AA ကိုဘာများပြောချင်လဲ။

ဖြေ။ ။ အစိုးရမှာလည်း သူတို့လုပ်တဲ့အဖွဲ့အစည်းတွေ အများကြီးရှိတာပဲလေ အများကြီးဆိုတဲ့နေရာမှာ အရပ်ဘက်မှာလည်းရှိမှာပဲ တစ်ခြားတိုင်းရင်းသားမှာလည်းရှိမှာပဲ အဲတာတွေက ကျွန်တော်အနေနဲ့ ဘာမှသဘောထားမှတ်ချက်ပေးစရာမရှိပါဘူး။ အားလုံးငြိမ်းချမ်းရေးအမြန်ဆုံးရပြီးမှ ညီအကိုတွေ ပြောမယ်ဆိုရင်တော့ တိုင်းရေးပြည်ရေးအတွက် သူများနဲ့ ရင်ဘောင်တန်းအောင် ဝိုင်းဝန်းလုပ်ဆောင်ဖို့ပါပဲ ကျွန်တော်တို့လိုချင်တာ။

မေး။ ။ လက်ရှိကလည်း မိုးရာသီဝင်လာတော့ စစ်ရှောင်တွေ အတွက် ဘာအခက်အခဲတွေဖြစ်နေလဲ။

ဖြေ။ ။ အခက်အခဲကတော့ အများကြီးပါ။ သူတို့ကို လူကယ်ပြန်ကနေ ထောက်ပံ့တယ်တယ်ဆိုတာကလည်း မလောက်မငှပဲ ပြောရမယ်ဆိုရင်တော့။ ဘာကြောင့်လဲဆိုတော့ သူတို့က စားနပ်ရိက္ခာအတွက် ဦးစားပေးထောက်ပံ့တာလေ။ အခုတကယ်တမ်းဆိုရင်တော့ နေရေးထိုင်ရေးက တကယ်တမ်းဆိုရင် လူကယ်ပြန်ကထောက်ပံ့တယ်ဆိုတဲ့ ပိုက်ဆံနဲ့က အိမ်ခြေပေါင်းက ထောင်နဲ့ချီရှိတယ်ဆိုရင် ရာဂဏန်းလောက်ပဲရတယ်လေ။ ပြောမယ်ဆိုရင် ထက်ဝက်ကျော်လောက်က အစိုးရအဆောက်အအုံတွေမှာ ဘာသာရေးအဆောင်အအုံတွေမှာ တစ်ခြားသောအဆောက်အအုံတွေမှာ နေရတဲ့အနေအထားရှိတယ်။

ကျွန်တော်တို့က ဒီမိုးမတိုင်ခင်မှာ အဲလိုမျိုး အဆောက်အုံကနေ အကုန်လုံးက လုံခြုံတဲ့တစ်နေရာမှာ IDP နဲ့သေချာနေခိုင်းစေချင်တာပါ။ အဲဒါကြောင့် ကျွန်တော်တို့က အခု ကူညီပေးနေတဲ့ အလှူရှင်တွေကို လိုက်ရှာပြီးတော့မှ အစိုးဘက်ကတစ်ဖက်လုပ် ပြီးမှအလှူရှင်ကနေရတဲ့ဟာလေးနဲ့ အဲလိုလေးတွေမှာ ဦးစားပေးပြီးတော့ ကျွန်တော်တို့လည်း အကူအညီတောင်းတာတွေရှိပါတယ်။ အဲတော့ နောက်တစ်ခုကတော့ ကျွန်တော်က မကြာခင်မှာဖြစ်ဖြစ် ကျောင်းပြန်ဖွင့်ရင် အဲလိုမျိုး ဒုက္ခရောက်တဲ့ ရွာကလူတွေက အထက ကျောင်းရှိတဲ့ရွာလည်းပါတယ်။ ကျောင်းရှိတဲ့ရွာတွေလည်းပါတယ်ဆိုတော့ အဲဒီရွာတွေမှာ ပညာသင်နိုင်တဲ့ ကလေးတွေပညာရေးအတွက် ဘယ်လိုလုပ်မလဲဆိုတဲ့ဟာက ကျွန်တော်တို့ရဲ့ အဓိကစိန်ခေါ်မှုတစ်ခုလိုပါပဲ။

အဲတာတွေကို သက်ဆိုင်ရအစိုးရအဖွဲ့တွေက အားလုံးပူးပေါင်းပြီးတော့ အကောင်းဆုံးလုပ်မယ်လို့ မျှော်လင့်တယ်ပေါ့။ ကျွန်တော်တို့ အခုအခက်အခဲမရောက်တဲ့ နိုင်ငံသူနိုင်ငံသား သားသမီးတွေ ပညာသင်ယူသလို အဲမှာ အခက်အခဲရောက်နေတဲ့ တိုင်ပွဲရှောင်နေတဲ့ ဒုက္ခသည်တွေရဲ့ သားသမီးတွေလည်း ပညာသင်နိုင်ဖို့အတွက် ကျွန်တော်တို့ လိုချင်တာပေါ့။

မေး။ ။ ပလက်ဒေသကို စားနပ်ရိက္ခာပို့တဲ့ လမ်းကြောင်းတွေကော ဘယ်လိုအခြေအနေရှိလဲ။ အဆင်ပြေနေပြီလား။

ဖြေ။ ။ အဲလမ်းကြောင်းကတော့ ကျွန်တော်ကတော့ ပြောရခက်ပါတယ်။ အဆင်ပြေတယ်။ မပြေဘူးဆိုတာကတော့ လုံခြုံရေးပိုင်းဆိုင်ရာဆိုတော့လေ အဲတာတော့ သက်ဆိုင်ရာကို မေးမှအဆင်ပြေမယ်ထင်တယ်။

မေး။ ။ လက်ရှိကော ပလက်ဝဒေသမှာ စားနပ်ရိက္ခာတွေအဆင်ပြေနေလား။

ဖြေ။ ။ လက်ရှိတော့ အရင်က ပို့ထားတာ ဆန်အိတ် ၂ထောင်ပို့ထားတာ ၁လလောက်ပဲရှိသေးတယ်လေ။ အဲမှာစစ်ရှောင်တင်မကဘူး။ မြို့သူမြို့သားလည်း အဲတာနဲ့ စားနေရတယ်ပေါ့။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts