Local News Peace Web TV

စစ်ဆင်ရေးဒေသ ရှမ်း၊ ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝကို ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီနဲ့ စစ်ဆင်ရေးပစ္စည်းတွေ ပို့ဆောင်နေရလို့ ဘတ်ဂျက် မလျှော့ဖို့ ကာကွယ်ရေးဝန်ကြီးပြော(ရုပ်/သံ)

စစ်ဆင်ရေးဒေသ ရှမ်း၊ ရခိုင်နဲ့ ချင်းပြည်နယ်ပလက်ဝကို ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီနဲ့ စစ်ဆင်ရေးပစ္စည်းတွေ ပို့ဆောင်နေရလို့ ဘတ်ဂျက် မလျှော့ဖို့ ကာကွယ်ရေးဝန်ကြီးပြော(ရုပ်/သံ)

ရန်ကုန်၊ မေ ၂၇

စစ်ဆင်ရေးဒေ ရှမ်း၊ ရခိုင်နှင့်ချင်းပြည်နယ်ပလက်ဝကို ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီနဲ့ စစ်ဆင်ရေးပစ္စည်းတွေ ပို့ဆောင်နေရရသဖြင့် ဘတ်ဂျက် မလျှော့ရန်ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တုံ့ပြန်ပြောဆိုလိုက်သည်။

မေလ ၂၂ ရက်နေ့က မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်က ငွေကျပ်သန်း ၂၂၇၀၀ ကာကွယ်ရေးဘတ်ဂျက်မှ လျှော့ချရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက “တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာဖြုန်းတီးခြင်းမရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားနှင့် အိမ်နီးချင်းတပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်ကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါး နိုင်ငံနှင့်နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက် အဆင့်မြင့်အောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တပ်မတော်မှာ ခေတ်မီ အဆင့်မြင့် အဆောက်အအုံများ မတတ်နိုင်သေးသော်လည်းပဲ အမိုးအကာ လုံလုံခြုံခြုံအောက်မှာ ကျန်းကျန်းမာမာ နေထိုင်စားသောက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာလည်း မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု လွှတ်တော်တွင် လာရောက်ပြောဆိုသွားသည်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ပြောဆိုခဲ့သော ကာကွယ်ရေးဘတ်ဂျက် သန်း ၂၂၇၀၀ မလျှော့ချရန် ကာကွယ်ပြောဆိုသော စကားရပ် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ပထမအချက်အနေနဲ့ သာမန်အသုံးစရိတ် လျာထားချက် ပိုမိုတောင်းခံခြင်းဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ အမှုထမ်းပို့ဆောင်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖြည့်စွက်တောင်းခံခြင်း ကျပ် ၂၁ ဒသမ ၉၅၅ ဘီလီယံနဲ့ပတ်သက်၍ ယင်းတောင်းခံငွေများမှာ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားများအတွက် စစ်ဆင်ရေး နေ့တွက် အထူးနှုန်းထားပြောင်းလဲခြင်းကြောင့် ထပ်မံ လိုအပ်ငွေကို ဖြည့်စွက်တောင်းခံထားခြင်း ပါဝင်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့မှ စ၍ တာဝန်ဖြင့် ခရီးသွားသည့် ဝန်ထမ်းများအတွက် ခရီးသွား နေ့တွက်စရိတ်နှုန်း ကို ကျပ် ၃၀၀၀ မှ ကျပ် ၄၈၀၀ သို့ တိုးမြှင့် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါတယ်။ စစ်ဆင်ရေးနဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် လိုအပ်သည့် ဒေသန္တရ ဝယ်ယူခြင်းများ ပြုလုပ်နိုင်ရန် ဝန်ထမ်း နေ့တွက် စရိတ်၏ ၂၅ ရာခိုင်နှုန်း ကို စစ်ဆင်ရေး အထူးစရိတ်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်ပါသဖြင့် ယခင် တစ်နေ့ ကျပ် ၇၅၀ နှုန်းမှ ယခု နေ့တွက ်စရိတ် ကျပ် ၄၈၀၀ ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ကျပ် ၂၂၀၀ နှုန်း တိုးမြှင့်ပေးအပ်နိုင်ရန် အထက်ဖော်ပြပါ ငွေများ လိုအပ်ခြင်းဖြစ်ပါတယ်။

ဝန်ထမ်းများ နေ့တွက် စရိတ်ပြောင်းလဲသဖြင့် စစ်ဆင်ရေး အထူးစရိတ် နေ့တွက်စရိတ် နှုန်းတား တိုးမြှင့်နိုင်ရန် အလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာန လုံခြုံရေးကောင်စီအစည်းအဝေး စီးပွားရေးရာ ကော်မတီ အစည်းအဝေး ပြည်ထောင်စုအစိုးရအဖွဲ့ တို့သို့ တစ်ဆင့်ပြီး တစ်ဆင့် တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့က ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ စစ်ဆင်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေသော စစ်မှု ထမ်းများအတွက် ၁ ၅ လ ၂၀၁၉ ရက်မှစ၍ ကျပ် ၂၂၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ခွင့်ပြုချက်ရသည့် ရက်စွဲမှာ သြဂုတ်လ ၂၂ ရက် ဖြစ်သဖြင့် မူလ ခန့်မှန်းခြေစာရင်း BE တွင် တောင်းခံရန် မမှီတော့သဖြင့် ဖြည့်စွက် တောင်းခံငွေအဖြစ်တောင်းခံရခြင်းဖြစ်ပါတယ်။ ရုံးလုပ်ငန်းများ အချိန်မီ ပြီးစီးအောင် မဆောင်ရွက်နိုင်သဖြင့် ကျနော်တို့ရုံးမှာ တာဝန်ရှိပါတယ်။ သို့ပါသော်လည်း စစ်ဆင်ရေး နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်နေရသော စစ်မှုများ ရသင့်ရထိုက်သည့် ခံစားငွေများ မဆုံးရှုံးစေရန်အတွက် ပြည်ထောင်စုလွှတ်တော်က မိမိတို့ တောင်းခံငွေကို ဖြတ်တောက်ခြင်းမပြုဘဲ ခွင့်ပြုပေးပါနိုင်ရန် တင်ပြလိုပါတယ်။

ဒုတိယအချက်အနေနဲ့ တပ်မြို့စည်ပင်သာရေးအဖွဲ့များအတွက် ထပ်မံငွေ လိုအပ်ငွေ ကျပ်သန်း ၈၂ ဒသမ ၇ တောင်းခံခြင်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ထောက်ပြထားသကဲ့သို့ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များ၏ အခွန်အကောက်ရငွေများကိုသာ တောင်းခံခြင်းဖြစ်ပါခြင်းနှင့် တပ်မြို့ စည်ပင်သာယာရေး အဖွဲ့၏ အသုံးစရိတ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်သမ္မတအားတာဝန်ခံပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

တတိယအချက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်မေဝင်းမြင့်အဆိုပြုတဲ့ ဓာတ်ဆီ စက်ဆီ တောင်းခံငွေမှ ကျပ်သန်းပေါင်း ၁၀၀၀၀ လျှော့ချ ခွင့်ပြုဖို့နဲ့ ခရိးစရိတ်နဲ့ နေ့တွက်စရိတ်မှ ကျပ်သန်း ၁၀၀ လျှော့ချဖို့ ကိစ္စများနဲ့ပတ်သက်၍ ယခု ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနေသည့် အကြောင်းအရာဖြစ်သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်တောင်းခံထားသော ကိစ္စရပ်များမဟုတ်ပါသဖြင့် သီးခြားဖြေကြားခြင်းမပြုတော့ပါကြောင်း တင်ပြလိုပါတယ်။

စတုတ္တအနေဖြင့် ပစ္စည်းပို့ဆောင်ရေးအတွက်ကျပ်သန်း ၁၂ ၉၆ ဒသမ ၃၇ သန်းတောင်းခံခြင်းနှင့်ပတ်သက်၍ ယခုဘဏ္ဍာရေးနှစ်အတွင်း စစ်ဆင်ရေး ဒေ သများဖြစ်သည့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ် ဒေသများသို့ ရိက္ခာ၊ စက်သုံးဆီ၊ လေယာဉ်ဆီများနဲ့ စစ်ဆင်ရေး အထောက်အကူပြု ပစ္စည်းများ ပို့ဆောင်ရာမှာ လိုအပ်တဲ့ ငှားရမ်းခများ ပေးချေရန် ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးက ကိုဗစ်ကြောင့် ခရီးသွားလာနိုင်ခြင်းမရှိဟု ဆိုသော်လည်းပဲ ကျနော်တို့ရဲ့ စစ်သည်တော်များဟာ ဝေးလံ ခေါင်းသီလှတဲ့ ဒေသတွေမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား တည်မြဲခိုင်မာနေဖို့ နေ့စဉ်နှင့်အမျှ တိုင်းပြည်တာဝန်ကို သက်စွန့်ကြိုးပမ်းထမ်းဆောင်လျက်ရှိပါတယ်။

ကြုံကြိုက်လို့ တင်ပြရရင် AA အကြမ်းဖက်သောင်းကျန်းသူများရဲ့ တိုက်ခိုက်မှုနဲ့ ကစ္ဆာပနဒီမြစ် ရေကြောင်းကျပ်တဲ့ အခြေအနေများအရ ချင်းပြည်နယ် ပလက်ဝမြို့သို့ တပ်မတော်ရဟတ်ယာဉ်များအသုံးပြု ပို့ဆောင်ရေး ဆောင်ရွက်လျက်ရှိရာမှာ တပ်မတော်သားများအတွက်သာမက ဒေသခံများ နိုင်ငံ့ဝန်ထမ်းများ ဘဏ်ငွေများ အခြေခံပညာ အထက်တန်းစာမေးပွဲ မေးခွန်းများ၊ အဖြေလွှာများ၊ စသည်ဖြင့် နိုင်ငံတော်အတွက် လိုအပ်နေသော အထောက်အကူများအားလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း တင်ပြလိုပါတယ်။

ဝန်ကြီးဌာနတစ်ခုမှ ရဟတ်ယာဉ် ဝယ်ယူထားကြောင်း သိရတဲ့အတွက် ၎င်း ရဟတ်ယာဉ်ကို သုံးကြည့်ပါက ရဟတ်ယာဉ်အတွက် ကုန်ကျစရိတ် မည်မျှရှိတာကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ လေ့လာ ကြည့်စေလိုပါတယ်။ လတ်တလောအနေနဲ့ ပလက်၀ ဒေသခံပြည်သူများ ရိက္ခာမပြတ်တောက်စေရန် တပ်မတော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ NGO များနဲ့ WFP က ထောက်ပံ့လှူဒါန်းတဲ့ ဆန်အိတ်များ ဆေးဝါးများ စားကုန်များကို တပ်မတော်ပိုင်ယာဉ်များနဲ့ အောင်မြင်စွာ သယ်ယူပို့ဆောင်ပေးနိုင်တာတွေ့မြင်နိုင်ပါတယ်။

ဒါဟာ တပ်မတော်အနေနဲ့ နိုင်ငံတော်လုံခြုံရေး ရပ်ရွာအေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး မှာ နိုင်ငံတော်အစိုးရကို အားဖြည့် ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ တောင်းခံထားတဲ့ ပစ္စည်းပို့ဆောင်ရေး စရိတ်များကိုလည်း လျှော့ချခြင်းမပြုဖို့ ပန်ကြားလိုပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ကာကွယ်ရေး ငွေလုံးငွေရင်း အသုံးစရိတ်မှ လက်ကျန်ငွေများ ရှိနေတဲ့အကြောင်းပြောကြားတဲ့ကိစ္စဖြစ်ပါတယ်။ အဆိုပါငွေများဟာ မြေယာ လျှော်ကြေးငွေများဖြစ်ပြီး တပ်ပိုင်မြေသိမ်းဆည်းခြင်းအတွက် လယ်မြေ ယာမြေဥယျာဉ်ခြံမြေပေးလျှော်နေခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာ ကာယကံရှင်များထံ စိစစ်ပေးအပ်နေသည့် အလျှောက်ကျနော်တို့ တောင်းခံထားတဲ့ငွေများကို လျှော့ချမည်ဆိုပါက မြေယာလျှော်ကြေးရရှိမည့် ပြည်သူလူထုကို ထိခိုက်နစ်နာစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယင်းငွေများကိုလည်း လျှော့ခြင်းမပြုသင့်ပါကြောင်း တင်ပြအပ်ပါတယ် ။ အချုပ်အားဖြင့် တပ်မတော်အနေနဲ့ နိုင်ငံဘဏ္ဍာဖြုန်းတီးခြင်းမရှိပါ။ နိုင်ငံတကာ တပ်မတော်များ မဆိုထားနှင့် အိမ်နီးချင်းတပ်မတော်များနှင့် နှိုင်းယှဉ်လေ့လာကြည့်လျှင်ပင် ကွာခြားချက်ကို ကိုယ်စားလှယ်တော်ကြီးများ တွေ့ရှိရမှာဖြစ်ပါတယ်။ သူတစ်ပါး နိုင်ငံနှင့်နှိုင်းယှဉ်၍ မိမိတို့တပ်မတော်သားများ အားမငယ်စေရန်အတွက် အဆင့်မြင့်အောင် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

တပ်မတော်မှာ ခေတ်မီ အဆင့်မြင့် အဆောက်အအုံများ မတတ်နိုင်သေးသော်လည်းပဲ အမိုးအကာ လုံလုံခြုံခြုံအောက်မှာ ကျန်းကျန်းမာမာ နေထိုင်စားသောက်နိုင်စေရန် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများမှာလည်း မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ “

Photo Credit – Reuters

ဘတ္ဂ်က္ မေလွ်ာ့ဖို႔ ကာကြယ္ေရး၀န္ႀကီးေျပာ(႐ုပ္/သံ)

စစ္ဆင္ေရးေဒသ ရွမ္း၊ ရခိုင္နဲ႔ ခ်င္းျပည္နယ္ပလက္၀ကို ရိကၡာ၊ စက္သုံးဆီ၊ ေလယာဥ္ဆီနဲ႔ စစ္ဆင္ေရးပစၥည္းေတြ ပို႔ေဆာင္ေနရလို႔ ဘတ္ဂ်က္ မေလွ်ာ့ဖို႔ ကာကြယ္ေရး၀န္ႀကီးေျပာ(႐ုပ္/သံ)ရန္ကုန္၊ ေမ ၂၇ စစ္ဆင္ေရးေဒ ရွမ္း၊ ရခိုင္ႏွင့္ခ်င္းျပည္နယ္ပလက္၀ကို ရိကၡာ၊ စက္သုံးဆီ၊ ေလယာဥ္ဆီနဲ႔ စစ္ဆင္ေရးပစၥည္းေတြ ပို႔ေဆာင္ေနရရသျဖင့္ ဘတ္ဂ်က္ မေလွ်ာ့ရန္ကာကြယ္ေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္၀င္းက ယေန႔ က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ တုံ႔ျပန္ေျပာဆိုလိုက္သည္။ ေမလ ၂၂ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚေမ၀င္းျမင့္က ေငြက်ပ္သန္း ၂၂၇၀၀ ကာကြယ္ေရးဘတ္ဂ်က္မွ ေလွ်ာ့ခ်ရန္ တင္ျပခဲ့ျခင္းျဖစ္သည္။ ကာကြယ္ေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္၀င္းက "တပ္မေတာ္အေနနဲ႔ ႏိုင္ငံဘ႑ာျဖဳန္းတီးျခင္းမရွိပါ။ ႏိုင္ငံတကာ တပ္မေတာ္မ်ား မဆိုထားႏွင့္ အိမ္နီးခ်င္းတပ္မေတာ္မ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာၾကည့္လွ်င္ပင္ ကြာျခားခ်က္ကို ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ေတြ႕ရွိရမွာျဖစ္ပါတယ္။ သူတစ္ပါး ႏိုင္ငံႏွင့္ႏႈိင္းယွဥ္၍ မိမိတို႔တပ္မေတာ္သားမ်ား အားမငယ္ေစရန္အတြက္ အဆင့္ျမင့္ေအာင္ တတ္စြမ္းသမွ် ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္။ တပ္မေတာ္မွာ ေခတ္မီ အဆင့္ျမင့္ အေဆာက္အအုံမ်ား မတတ္ႏိုင္ေသးေသာ္လည္းပဲ အမိုးအကာ လုံလုံျခဳံျခဳံေအာက္မွာ က်န္းက်န္းမာမာ ေနထိုင္စားေသာက္ႏိုင္ေစရန္ က်ယ္က်ယ္ျပန္႔ျပန္႔စဥ္းစား၍ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္။ ႏိုင္ငံေတာ္အစိုးရ တိုင္းျပည္တည္ေဆာက္ေရး လုပ္ငန္းမ်ားမွာလည္း မိမိတို႔ တတ္ႏိုင္သမွ် အစြမ္းကုန္ ကူညီေဆာင္ရြက္ေပးလ်က္ရွိပါတယ္" ဟု လႊတ္ေတာ္တြင္ လာေရာက္ေျပာဆိုသြားသည္။ ကာကြယ္ေရး၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိန္၀င္း ေျပာဆိုခဲ့ေသာ ကာကြယ္ေရးဘတ္ဂ်က္ သန္း ၂၂၇၀၀ မေလွ်ာ့ခ်ရန္ ကာကြယ္ေျပာဆိုေသာ စကားရပ္ အျပည့္အစုံမွာ ေအာက္ပါအတိုင္းျဖစ္သည္။ "ပထမအခ်က္အေနနဲ႔ သာမန္အသုံးစရိတ္ လ်ာထားခ်က္ ပိုမိုေတာင္းခံျခင္းဆိုတဲ့ ကိစၥျဖစ္ပါတယ္။ အမႈထမ္းပို႔ေဆာင္ျခင္းဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ျဖည့္စြက္ေတာင္းခံျခင္း က်ပ္ ၂၁ ဒသမ ၉၅၅ ဘီလီယံနဲ႔ပတ္သက္၍ ယင္းေတာင္းခံေငြမ်ားမွာ စစ္ဆင္ေရးနဲ႔ လုံျခဳံေရးတာ၀န္ထမ္းေဆာင္ေနၾကတဲ့ တပ္မေတာ္သားမ်ားအတြက္ စစ္ဆင္ေရး ေန႔တြက္ အထူးႏႈန္းထားေျပာင္းလဲျခင္းေၾကာင့္ ထပ္မံ လိုအပ္ေငြကို ျဖည့္စြက္ေတာင္းခံထားျခင္း ပါ၀င္ပါတယ္။ စီမံကိန္းနဲ႔ ဘ႑ာေရး၀န္ႀကီးဌာနက ၂၀၁၉ ခုႏွစ္ ေမလ ၁ ရက္ေန႔မွ စ၍ တာ၀န္ျဖင့္ ခရီးသြားသည့္ ၀န္ထမ္းမ်ားအတြက္ ခရီးသြား ေန႔တြက္စရိတ္ႏႈန္း ကို က်ပ္ ၃၀၀၀ မွ က်ပ္ ၄၈၀၀ သို႔ တိုးႁမွင့္ ျပင္ဆင္ သတ္မွတ္ေပးခဲ့ပါတယ္။ စစ္ဆင္ေရးနဲ႔ လုံျခဳံေရးတာ၀န္ထမ္းေဆာင္ေနၾကေသာ တပ္မေတာ္သားမ်ားအတြက္ လိုအပ္သည့္ ေဒသႏၲရ ၀ယ္ယူျခင္းမ်ား ျပဳလုပ္ႏိုင္ရန္ ၀န္ထမ္း ေန႔တြက္ စရိတ္၏ ၂၅ ရာခိုင္ႏႈန္း ကို စစ္ဆင္ေရး အထူးစရိတ္အျဖစ္ သတ္မွတ္ေပးထားၿပီးျဖစ္ပါသျဖင့္ ယခင္ တစ္ေန႔ က်ပ္ ၇၅၀ ႏႈန္းမွ ယခု ေန႔တြက ္စရိတ္ က်ပ္ ၄၈၀၀ ၏ ၂၅ ရာခိုင္ႏႈန္းျဖစ္ေသာ က်ပ္ ၂၂၀၀ ႏႈန္း တိုးႁမွင့္ေပးအပ္ႏိုင္ရန္ အထက္ေဖာ္ျပပါ ေငြမ်ား လိုအပ္ျခင္းျဖစ္ပါတယ္။ ၀န္ထမ္းမ်ား ေန႔တြက္ စရိတ္ေျပာင္းလဲသျဖင့္ စစ္ဆင္ေရး အထူးစရိတ္ ေန႔တြက္စရိတ္ ႏႈန္းတား တိုးႁမွင့္ႏိုင္ရန္ အလို႔ငွာ ကာကြယ္ေရး၀န္ႀကီးဌာန လုံျခဳံေရးေကာင္စီအစည္းအေ၀း စီးပြားေရးရာ ေကာ္မတီ အစည္းအေ၀း ျပည္ေထာင္စုအစိုးရအဖြဲ႕ တို႔သို႔ တစ္ဆင့္ၿပီး တစ္ဆင့္ တင္ျပခဲ့ရာ ျပည္ေထာင္စုအစိုးရအဖြဲ႕က ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ စစ္ဆင္ေရးနဲ႔ လုံျခဳံေရး တာ၀န္ထမ္းေဆာင္ေနေသာ စစ္မႈ ထမ္းမ်ားအတြက္ ၁ ၅ လ ၂၀၁၉ ရက္မွစ၍ က်ပ္ ၂၂၀၀ သို႔ တိုးႁမွင့္သတ္မွတ္ေပးခဲ့ပါတယ္။ ခြင့္ျပဳခ်က္ရသည့္ ရက္စြဲမွာ ၾသဂုတ္လ ၂၂ ရက္ ျဖစ္သျဖင့္ မူလ ခန္႔မွန္းေျခစာရင္း BE တြင္ ေတာင္းခံရန္ မမွီေတာ့သျဖင့္ ျဖည့္စြက္ ေတာင္းခံေငြအျဖစ္ေတာင္းခံရျခင္းျဖစ္ပါတယ္။ ႐ုံးလုပ္ငန္းမ်ား အခ်ိန္မီ ၿပီးစီးေအာင္ မေဆာင္ရြက္ႏိုင္သျဖင့္ က်ေနာ္တို႔႐ုံးမွာ တာ၀န္ရွိပါတယ္။ သို႔ပါေသာ္လည္း စစ္ဆင္ေရး နဲ႔ လုံျခဳံေရးတာ၀န္ထမ္းေဆာင္ေနရေသာ စစ္မႈမ်ား ရသင့္ရထိုက္သည့္ ခံစားေငြမ်ား မဆုံးရႈံးေစရန္အတြက္ ျပည္ေထာင္စုလႊတ္ေတာ္က မိမိတို႔ ေတာင္းခံေငြကို ျဖတ္ေတာက္ျခင္းမျပဳဘဲ ခြင့္ျပဳေပးပါႏိုင္ရန္ တင္ျပလိုပါတယ္။ ဒုတိယအခ်က္အေနနဲ႔ တပ္ၿမိဳ႕စည္ပင္သာေရးအဖြဲ႕မ်ားအတြက္ ထပ္မံေငြ လိုအပ္ေငြ က်ပ္သန္း ၈၂ ဒသမ ၇ ေတာင္းခံျခင္းႏွင့္ပတ္သက္၍ လႊတ္ေတာ္ကိုယ္စားလွယ္ ေထာက္ျပထားသကဲ့သို႔ တပ္ၿမိဳ႕ စည္ပင္သာယာေရး အဖြဲ႕မ်ား၏ အခြန္အေကာက္ရေငြမ်ားကိုသာ ေတာင္းခံျခင္းျဖစ္ပါျခင္းႏွင့္ တပ္ၿမိဳ႕ စည္ပင္သာယာေရး အဖြဲ႕၏ အသုံးစရိတ္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္အညီ ကာကြယ္ေရး၀န္ႀကီးဌာနက ႏိုင္ငံေတာ္သမၼတအားတာ၀န္ခံၿပီး ဥပေဒ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္ရြက္ေနျခင္းျဖစ္ပါေၾကာင္း ရွင္းလင္းတင္ျပအပ္ပါတယ္။ တတိယအခ်က္အေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚေမ၀င္းျမင့္အဆိုျပဳတဲ့ ဓာတ္ဆီ စက္ဆီ ေတာင္းခံေငြမွ က်ပ္သန္းေပါင္း ၁၀၀၀၀ ေလွ်ာ့ခ် ခြင့္ျပဳဖို႔နဲ႔ ခရိးစရိတ္နဲ႔ ေန႔တြက္စရိတ္မွ က်ပ္သန္း ၁၀၀ ေလွ်ာ့ခ်ဖို႔ ကိစၥမ်ားနဲ႔ပတ္သက္၍ ယခု ျပည္ေထာင္စုလႊတ္ေတာ္တြင္ ေဆြးေႏြးေနသည့္ အေၾကာင္းအရာျဖစ္သည့္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ျဖည့္စြက္ေတာင္းခံထားေသာ ကိစၥရပ္မ်ားမဟုတ္ပါသျဖင့္ သီးျခားေျဖၾကားျခင္းမျပဳေတာ့ပါေၾကာင္း တင္ျပလိုပါတယ္။ စတုတၱအေနျဖင့္ ပစၥည္းပို႔ေဆာင္ေရးအတြက္က်ပ္သန္း ၁၂ ၉၆ ဒသမ ၃၇ သန္းေတာင္းခံျခင္းႏွင့္ပတ္သက္၍ ယခုဘ႑ာေရးႏွစ္အတြင္း စစ္ဆင္ေရး ေဒ သမ်ားျဖစ္သည့္ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္ ေဒသမ်ားသို႔ ရိကၡာ၊ စက္သုံးဆီ၊ ေလယာဥ္ဆီမ်ားနဲ႔ စစ္ဆင္ေရး အေထာက္အကူျပဳ ပစၥည္းမ်ား ပို႔ေဆာင္ရာမွာ လိုအပ္တဲ့ ငွားရမ္းခမ်ား ေပးေခ်ရန္ ျဖစ္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးက ကိုဗစ္ေၾကာင့္ ခရီးသြားလာႏိုင္ျခင္းမရွိဟု ဆိုေသာ္လည္းပဲ က်ေနာ္တို႔ရဲ႕ စစ္သည္ေတာ္မ်ားဟာ ေ၀းလံ ေခါင္းသီလွတဲ့ ေဒသေတြမွာ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရား တည္ၿမဲခိုင္မာေနဖို႔ ေန႔စဥ္ႏွင့္အမွ် တိုင္းျပည္တာ၀န္ကို သက္စြန္႔ႀကိဳးပမ္းထမ္းေဆာင္လ်က္ရွိပါတယ္။ ၾကဳံႀကိဳက္လို႔ တင္ျပရရင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားရဲ႕ တိုက္ခိုက္မႈနဲ႔ ကစၧာပနဒီျမစ္ ေရေၾကာင္းက်ပ္တဲ့ အေျခအေနမ်ားအရ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕သို႔ တပ္မေတာ္ရဟတ္ယာဥ္မ်ားအသုံးျပဳ ပို႔ေဆာင္ေရး ေဆာင္ရြက္လ်က္ရွိရာမွာ တပ္မေတာ္သားမ်ားအတြက္သာမက ေဒသခံမ်ား ႏိုင္ငံ့၀န္ထမ္းမ်ား ဘဏ္ေငြမ်ား အေျခခံပညာ အထက္တန္းစာေမးပြဲ ေမးခြန္းမ်ား၊ အေျဖလႊာမ်ား၊ စသည္ျဖင့္ ႏိုင္ငံေတာ္အတြက္ လိုအပ္ေနေသာ အေထာက္အကူမ်ားအားလုံးကို က်ယ္က်ယ္ျပန္႔ျပန္႔ ေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း တင္ျပလိုပါတယ္။ ၀န္ႀကီးဌာနတစ္ခုမွ ရဟတ္ယာဥ္ ၀ယ္ယူထားေၾကာင္း သိရတဲ့အတြက္ ၎ ရဟတ္ယာဥ္ကို သုံးၾကည့္ပါက ရဟတ္ယာဥ္အတြက္ ကုန္က်စရိတ္ မည္မွ်ရွိတာကို လႊတ္ေတာ္ကိုယ္စားလွယ္ႀကီးမ်ား ေလ့လာ ၾကည့္ေစလိုပါတယ္။ လတ္တေလာအေနနဲ႔ ပလက္၀ ေဒသခံျပည္သူမ်ား ရိကၡာမျပတ္ေတာက္ေစရန္ တပ္မေတာ္၊ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ NGO မ်ားနဲ႔ WFP က ေထာက္ပံ့လွဴဒါန္းတဲ့ ဆန္အိတ္မ်ား ေဆးဝါးမ်ား စားကုန္မ်ားကို တပ္မေတာ္ပိုင္ယာဥ္မ်ားနဲ႔ ေအာင္ျမင္စြာ သယ္ယူပို႔ေဆာင္ေပးႏိုင္တာေတြ႕ျမင္ႏိုင္ပါတယ္။ ဒါဟာ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္လုံျခဳံေရး ရပ္ရြာေအးခ်မ္းသာယာေရး တရားဥပေဒစိုးမိုးေရး မွာ ႏိုင္ငံေတာ္အစိုးရကို အားျဖည့္ ေဆာင္ရြက္ေပးေနတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ေတာင္းခံထားတဲ့ ပစၥည္းပို႔ေဆာင္ေရး စရိတ္မ်ားကိုလည္း ေလွ်ာ့ခ်ျခင္းမျပဳဖို႔ ပန္ၾကားလိုပါတယ္။ ေနာက္ဆုံးအခ်က္အေနနဲ႔ ကာကြယ္ေရး ေငြလုံးေငြရင္း အသုံးစရိတ္မွ လက္က်န္ေငြမ်ား ရွိေနတဲ့အေၾကာင္းေျပာၾကားတဲ့ကိစၥျဖစ္ပါတယ္။ အဆိုပါေငြမ်ားဟာ ေျမယာ ေလွ်ာ္ေၾကးေငြမ်ားျဖစ္ၿပီး တပ္ပိုင္ေျမသိမ္းဆည္းျခင္းအတြက္ လယ္ေျမ ယာေျမဥယ်ာဥ္ျခံေျမေပးေလွ်ာ္ေနျခင္းျဖစ္ပါတယ္။ သက္ဆိုင္ရာ ကာယကံရွင္မ်ားထံ စိစစ္ေပးအပ္ေနသည့္ အေလွ်ာက္က်ေနာ္တို႔ ေတာင္းခံထားတဲ့ေငြမ်ားကို ေလွ်ာ့ခ်မည္ဆိုပါက ေျမယာေလွ်ာ္ေၾကးရရွိမည့္ ျပည္သူလူထုကို ထိခိုက္နစ္နာေစမွာျဖစ္ပါတယ္။ သို႔ျဖစ္ပါ၍ ယင္းေငြမ်ားကိုလည္း ေလွ်ာ့ျခင္းမျပဳသင့္ပါေၾကာင္း တင္ျပအပ္ပါတယ္ ။ အခ်ဳပ္အားျဖင့္ တပ္မေတာ္အေနနဲ႔ ႏိုင္ငံဘ႑ာျဖဳန္းတီးျခင္းမရွိပါ။ ႏိုင္ငံတကာ တပ္မေတာ္မ်ား မဆိုထားႏွင့္ အိမ္နီးခ်င္းတပ္မေတာ္မ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာၾကည့္လွ်င္ပင္ ကြာျခားခ်က္ကို ကိုယ္စားလွယ္ေတာ္ႀကီးမ်ား ေတြ႕ရွိရမွာျဖစ္ပါတယ္။ သူတစ္ပါး ႏိုင္ငံႏွင့္ႏႈိင္းယွဥ္၍ မိမိတို႔တပ္မေတာ္သားမ်ား အားမငယ္ေစရန္အတြက္ အဆင့္ျမင့္ေအာင္ တတ္စြမ္းသမွ် ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္။ တပ္မေတာ္မွာ ေခတ္မီ အဆင့္ျမင့္ အေဆာက္အအုံမ်ား မတတ္ႏိုင္ေသးေသာ္လည္းပဲ အမိုးအကာ လုံလုံျခဳံျခဳံေအာက္မွာ က်န္းက်န္းမာမာ ေနထိုင္စားေသာက္ႏိုင္ေစရန္ က်ယ္က်ယ္ျပန္႔ျပန္႔စဥ္းစား၍ ႀကိဳးပမ္းေဆာင္ရြက္လ်က္ရွိပါတယ္။ ႏိုင္ငံေတာ္အစိုးရ တိုင္းျပည္တည္ေဆာက္ေရး လုပ္ငန္းမ်ားမွာလည္း မိမိတို႔ တတ္ႏိုင္သမွ် အစြမ္းကုန္ ကူညီေဆာင္ရြက္ေပးလ်က္ရွိပါတယ္။ "

Posted by Khit Thit Media on Wednesday, 27 May 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts