Local News Peace political news

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံမှ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချ၊ ဗြိတိန်က ရခိုင်နှင့်ချင်းတွင် အပစ်ရပ်ရန် တပ်မတော်ကို တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံမှ အရပ်သားများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချ၊ ဗြိတိန်က ရခိုင်နှင့်ချင်းတွင် အပစ်ရပ်ရန် တပ်မတော်ကို တိုက်တွန်း

ရန်ကုန်၊ မေ ၁၅

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် ဥရောပနိုင်ငံများနှင့် ဗြိတိန်က မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အရပ်သားများ ထိခိုက်သေဆုံးစေသည့် အကြမ်းဖက်မှုများကို ရှုတ်ချပြီး စိုးရိမ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ဗြိတိန်က တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင်ပါ အပစ်ရပ်ရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မေလ ၁၄ ရက်နေ့တွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များသို့ မြန်မာနိုင်ငံ၏ အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံနှင့်ပတ်သက်သော တင်ပြချက်များကို လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံက တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲများသည် ကိုဗစ်ကာလ အရပ်သားများအပေါ် ထိခိုက်ဆုံးရှုံးစေမှု အကြီးအကျယ်ဖြစ်ပေါ်နေသဖြင့် စိုးရိမ်ကြောင်း ထုတ်ဖော်ပြေဆာိုသည်။

“ပဋိပက္ခကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရတာ၊လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် ကန့်သတ်ပိတ်ဆို့မှုတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေကို တိုးပွားမြင့်တက်လာနေပါတယ်” ဟု ဗြိတိန်က ထုတ်ပြန်ကြေညာသည်။

ဥရောပ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘယ်လဂျီယံ၊ အက်စတိုးနီးယား၊ ပြင်သစ်နှင့် ဂျာမနီတို့က အားလုံးပါဝင်ပြီး တစ်နိုင်ငံလုံးလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် တောင်းဆိုလိုက်ပြီး အခြေအနေများအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

“ရိုဟင်ဂျာအမျိုးသမီးများ အပါအဝင် ဒုက္ခသည်များနှင့်ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးရသူများအတွက် COVID-19 ကူးစက်ရောဂါဆိုင်ရာ ထိရောက်ကောင်းမွန်သော စောင့်ရှောက်မှု ပေါ်ရန် ဥရောပနိုင်ငံများက တောင်းဆိုထားသည်။

ဗြိတိန်နိုင်ငံကမူ တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရန် ကြေညာထားမှုကို ရခိုင်နှင့် ချင်းပြည်နယ်တွင်ပါ ဆောင်ရွက်ရန် ၊ မြန်မာအစိုးရအနေဖြင့် ရခိုင်နှင့်ချင်းပြည်နယ်များရှိ စစ်ဘေးရှောင်များထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံခြုံစိတ်ချစွာ ရောက်ရှိရေး ဆောင်ရွက်ပေးရန်၊ ကိုဗစ်ကာလတွင် အင်တာနက် ပိတ်ဆို့ခြင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုများကို ကန့်သတ်ခြင်းများကို ဖယ်ရှားရရန်၊ ရိုဟင်ဂျာအသိုင်းအဝိုင်းနှင့် စစ်ဘေးရှောင်များအပါအဝင် လူ့အဖွဲ့အစည်း ကျန်းမာရေးစောင့်ရှောက်မှုများ ရောက်ရှိရေး ဆောင်ရွက်ပေးရန်တို့ကို တိုက်တွန်းတောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts