All News interview

ကိုဗစ်ကာလ အလုပ်သမားများသို့ အစိုးရပေးမည်ဆိုသော လူမှုဖူလုံရေး ထောက်ပံ့ငွေ တစ်ဦးလျှင် သောင်းဂဏန်းမျှသာရနိုင်၍ ဝေဖန်ခံရ

ကိုဗစ်ကာလ အလုပ်သမားများသို့ အစိုးရပေးမည်ဆိုသော လူမှုဖူလုံရေး ထောက်ပံ့ငွေ တစ်ဦးလျှင် သောင်းဂဏန်းမျှသာရနိုင်၍ အကြီးအကျယ် ဝေဖန်ခံရ

By ရန်ကုန်ခေတ်သစ်

ကိုဗစ်ကာလ စက်ရုံအလုပ်ရုံများ ရပ်နား ပိတ်သိမ်းမှုများရှိလာရချိန်တွင် အစိုးရက အလုပ်သမားများလုပ်ခလစာတစ်တစ်ပိုင်းကို လူမှုဖူလုံရေးထောက်ပံ့ငွေပေးမည်ဟု ကြေညာခဲ့ပြီး ယင်းလူမှုဖူလုံရေး ထောက်ပံ့ငွေနှင့်ပတ်သက်၍ အလုပ်သမားအရေးလှုပ်ရှားသူများ၏ အမြင်များကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မမိုးစန္ဒာမြင့် (Federation OF Garment Workers-Myanmar) ယာယီတာဝန်ခံ

အစ်မတို့ သိရသလောက်ကတော့လူမှုဖူလုံရေး ထည့်ဝင်ကြေးထ ည့်ထားတဲ့ အလုပ်သမားတိုင်းဟာ ဒီ၁လပိုင်းမှာထုတ်ထားတဲ့ လုပ်ခလစာရဲ့ ၄၀ရာခိုင်နှုန်းကို ထုတ်ယူခွင့်ရှိမယ်ပေါ့။ နောက်တစ်ခုက ၁လပိုင်းမှာ လူမှုဖူလုံရေး ထည့်ဝင်ကြေး ထည့်ထားမှသာလျှင် ၄၀ရာခိုင်နှုန်း ကို ထုတ်ယူခွင့်ရှိမယ်လို့ပြောတယ်။ ၁လပိုင်း မှာလူမှုဖူလုံရေးကြေး မထည့်ဝင်ထားတဲ့ လူတွေက ခံစားခွင့်မရှိဘူးဆိုတဲ့ သဘောမှာ သက်ရောက်တာပေါ့။

၄၀ရာခိုင်နူန်းကတော့ တစ်ရက်ကို ၂၀၅၅ကျပ် အခြေခံလစာနဲ့ ရာခိုင်နှုန်းနဲ့ တွက်လိုက်တာပေါ့။ လုပ်သားတစ်ယောက်ကို ၂ထောင်ကျော်ပဲရတာကို ၅ရက်ပိတ်ထားလို့ရှိ ရင်ပိတ်တဲ့ ရက်ပဲပေးမှာ သူတို့ပိတ်တဲ့ရက်ပဲပေးမှာ ၅ရက်ပိတ်တယ်ဆိုရင် သူတို့မှာ၁သောင်းပဲ ရမှာအဲဒီတော့ အလုပ်သမားတွေ ဘာပြန်ပြောလဲ ဆိုတော့ အဲဒီ တစ်သောင်းကို မယူဘူး။ပြန်ပေးမှာတဲ့ ဒီကြားထဲ မှာက၁လပိုင်းမှာ ထည့်ဝင်ကြေး မထည့်ဝင်ထားတဲ့ ၂ပိုင်းလမှာအလုပ်ဝင်တဲ့လူ ၃လပိုင်းမှာ အလုပ်ဝင်တဲ့သူဆိုရင် အဲဒီတစ်သောင်းတောင် မရဘူး။ လူမှုဖူလုံရေးကြေးဆိုတာက အစ်မတို့အလုပ်တွေလုပ်ပြီဆိုရင် အလုပ်သမား တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု လူမှုဘဝကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသခံ ယူမှုအတွက်ကိုပဲ အစ်မတို့အလုပ်ရှင်က ၃ရာခိုင်နှုန်း အလုပ်သမားက ၂ရာခိုင်နှုန်း ပေါင်း၅ရာခိုင်နှုန်း မှတ်ပုံတင်ပြီဆိုတာနဲ့ တရားဝင်လူ မှုဖူလုံရေးကို တရားဝင်မှတ်ပုံ တင်ရတယ်။ အလုပ်သမားတွေက ဆေးခန်းပြလို့ရတယ်။ ဆေးမှတ်တမ်းတွေယူပြီးတော့လူမှုဖူ လုံရေး ခွင့်ရက်တွေကိုဆေးခွင့်တွေကို ခံစားခွင့်ရှိတယ်ပေါ့။

ခန့်မှန်းခြေကတော့ တိတိကျကျမသိသေးဘူး။ ဆိုလိုတာကတော့ အခုအစ်မလည်း ဒီလူတွေထဲမှာပေါ့။ အဲဒါလေးကိုတစ်ချက် စစ်တမ်းကောက်ဖို့တော့ လုပ်နေတယ်။ ၁လပိုင်းနောက်ပိုင်း မှာဝင်တဲ့ အလုပ်သမားကဘယ်နှစ်ယောက်ရှိလဲပေါ့။ ၄၀ရာခိုင်နှုန်းကိုရမှာ စက်ရုံ တစ်ရုံမှာ အချိုးကျဘယ်လောက်ရှိလဲ။ အစ်မစစ်တမ်း ကောက်ဖို့တော့လုပ်ေ န တယ်။ လောလောဆယ်ကတော့ အစ်မတို့တိတိကျ ကျဖြေလို့မရသေးဘူး။ ဘယ်လိုလုံလောက်မှာလဲ။ မလုံလောက်လို့ ကျေးဇူးတင်ခံပြီး မယူကြဘူး။

ဘယ်လို ဖြေရှင်းနိုင်ပါ့မလဲ။ ဒီအခြေအနေမျိုးမှာတော့ အဓိက ပြည်သူ့တွေကို ပံ့ပိုး ကူညီရမယ်။ ပြည်သူတွေနှစ်ရှည်လများ လူ့အရင်းအမြစ်နဲ့လည်း အစိုးရကရော နိုင်ငံတော်ရော အများကြီးရင်းနှီးမြုပ်နှံပြီးတော့ ဒီကိုယ်ခံအားတွေ စွမ်းအားတွေနဲ့ ထုတ်လုပ်ပြီးတော့ အကျိုးပြုခဲ့ကြတာပဲလေ။ အခုလိုမျိုး COVID 19ကူးစက်ရောဂါ အခြေအနေမျိုးရောက်လာတဲ့အခါမှာ ကူးစက်ရောဂါကြောင့် ဒီအလုပ်သမားတွေ အနေ နဲ့ Stay Home နေရမယ်ဆိုရင်လည်း ဒီအလုပ်သမားတွေ Stay Home ကို သက် တောင့်သက်သာနဲ့ စိတ်ချမ်းချမ်းသာသာနေရဖို့အတွက်ကိုပဲ အစိုးရတစ်ရပ်အေ နနဲ့ကတော့ ဝင်ပြီးတော့ပါဝင်ပြီးတော့ ပူပေါင်းပြီး ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ အစ်မကတော့ ထင်တယ်။

ကိုမြတ်ကျော်( ပြည်သူ့ပါတီ အလုပ်သမားရေးတာဝန်ခံ)

လောလောဆယ် လူမှုဖူလုံရေးကြေညာထားတာတော့ ဒီ၂၀ရက်နေ့မှပြန်မဖွင့်နိုင်တဲ့ စက်ရုံတွေပေါ့။ အလုပ်ပိတ်ထားတဲ့စက်ရုံတွေလကုန်ပြီး ၁၀ရက်စာကိုလူမှုရေးကလုပ်ခ လစာရဲ့ ၄၀ရာခိုင်နှုန်း ကို ပေးမယ်လို့ပြောတယ်။ ထုတ်ပြန်ချက်မရှင်းလင်းဘူး။

နောက်တစ်ခုက လစာရဲ့၄၀ရာခိုင်နူန်း ၁၀ရက်စာဆိုရင်တော့ ကျွန်တော်တို့ တွက်ကြည့်တာ ၁၉၀၀၀လောက်ရမယ်။ ခပ်ရှင်းရှင်းပြောရရင်တော့ဗျာ မပေးတာပို ကောင်းတာပေါ့။ အလုပ်တွေရှုပ်တယ်။သွားရတဲ့ကယ်ရီခတွေ ဘာတွေနဲ့ တင်ကလေး တွေဘာမှမထူးဘူး။ နောက်ပြီးတော့တစ်ချို့ကိစ္စတွေ ကျွန်တော် နည်းနည်းလေးရိုင်း ရိုင်းပြောရရင် သူတောင်းစားပေးမပေးနဲ့လို့ ကျွန်တော်ပြောချင်တာက ကျွန်တော် တော်တော်စိတ်တိုတယ်။

အဲဒီကိစ္စကို ကျွန်တော်ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ ပြောနေတာက ဒီဧပြီလမှာ အလုပ်က တစ်လလုံးနီးပါးပိတ်တယ်။ တစ်လလုံးနီးပါး ပိတ်တဲ့အချိန်မှာ ၆၀ရာခိုင်နှုန်းကို လူမှုဖူလုံရေးကပေးပါ ၄၀ရာခိုင်နှုန်းကို အလုပ်ရှင်က ကျခံပါ။ အလုပ်သမားတွေရဲ့ ကျန်းမာရေးတွေနဲ့ ပတ်သတ်တာတွေကို တာဝန်ယူကျ ပါ။စိတ်ဒဏ်ရာတွေ မပေးကျပါနဲ့ နောက်ပြီးတော့ ခပ်ရှင်းရှင်းပြောရရင် အလုပ်သမား တွေ လက်ရှိအခြေအနေထိ လူမှုဒုက္ခတွေ စိတ်သောကတွေဘယ်သူမှ အကာကွယ် ယ်မပေးနိုင်တဲ့အခြေအနေမျိုးရောက်နေတယ်။

တစ်ချို့အလုပ်သမားတွေကိုဆိုရင် စားစရာဆန်မရှိတဲ့ အခြေအနေတွေ ဒီလကုန်ဆိုရင်လည်း သိတဲ့အတိုင်းပဲ အဆောင်လ စာတွေမပေးနိုင်တဲ့ အခြေအနေတွေဖြစ်နေတယ်။ လူမှုဖူလုံရေး ကထုတ်ပြန်ချက်နဲ့ပတ် သတ်ပြီး ကျွန်တော်တည့်တည့်ပြောရရင်တော့ ဒါဟာအလုပ်သမားတွေကို ငှဲ့ကြည့်ပြီး လုပ်တဲ့အလုပ်မဟုတ်ဘူး။ မဖြစ်မနေ အားလုံးဝိုင်းပြောလို့သာထုတ်ပေးတဲ့ကိစ္စလို့သာ ကျွန်တော်မြင်တယ်။ ငွေကြေး ၁၉၀၀၀လောက်နဲ့ သွားရေးလာရေးစရိတ်နဲ့ ဘာများထူး ထူးခြားခြား အလုပ်သမားတွေရဲ့ဘဝက တိုးတက်ပြောင်းလည်း နိုင်မှာမို့လို့လဲ။ ဘာ အထောက်အပံ့ အကူတွေလည်းရနိုင်မှာမို့လဲ။ ကျွန်တော်တို့မြင်တာတော့ အဲဒီလို မြင်ပါတယ်။အမှန်က သူတို့ထုတ်ပြန်ချက်ကို ကျွန်တော်တို့ ဘာတွေရလည်း ဆိုတော့ ၂၀ရက်နေ့ဗျ ၂၀ရက်နေ့အတွက် Home Stayပေါ့ဗျာ။ Home Stayကာလ ၂၀ရက်ေ န့ သတ်မှတ်တယ်။

နောက်ပိုင်းမှာ ထပ်တိုးတော့လကုန်ထိဖြစ်သွားတယ်။ ကြားကာလ မှာစက်ရုံတွေမဖွင့်နိုင်ဘူး။ မဖွင့်နိုင်ဘူးဆိုတဲ့နေရာမှာ ၁၀ရက်စာကို လုပ်ခလစာရဲ့ ၄၀ရာခိုင်နှုန်းအနည်းဆုံး လုပ်ခလစာရဲ့ ၁၄၄၀၀၀ဗျာ။ အဲဒါရဲ့ ၄၀ရာခိုင်နှုန်းပေးမှာ အဲဒါကို ၁၀ရက်စာပေးမှာ လူမှုဖူလုံရေးကပေးမှာ ကျွန်တော်ပြောချင်တာက ၂၀ရက် နေ့နဲ့၃၀ရက်နေ့ အတွင်းပဲပေးမယ်။ နောက်ပြီးတော့လစာရဲ့ ၄၀ရာခိုင်နှုန်းပေးမယ်။ နောက်ပြီးတော့ ကျန်တဲ့ဥစ္စာတွေကို သူတို့တာဝန်မယူဘူးဆိုတဲ့သဘောပေါ့။ ၃၀ ရက်နေ့ထိပေးမယ်။ နောက်ပြီးတော့လူမှုဖူလုံရေးကဒ်ရှိမှရမှာ။ တစ်ချို့အလုပ်ရုံတွေမှာ စက်ရုံပိုင်ရှင်တွေက လူမှုဖူလုံရေးကဒ်ကို အလုပ်သမားတွေတောင်းဆိုရဲ့ သားနဲ့မလုပ်ပေးတဲ့ စက်ရုံတွေအများကြီးရှိတယ်။ အဲဒီပြဿနာတွေလည်းရှင်းလင်း ကြပါလိမ့်ဦးမယ်။

ပိတ်သိမ်းတဲ့ စက်ရုံအရေအတွက်အတိကျတော့ အလုပ်သ မား ညွှန်ကြားရေးမှူးဦး စီးဌာနကိုမေးရင်တော့ပိုသင့်တော်လိမ့်မယ်ဗျာ။ကျွန်တော်တို့က ကျတော့မြန်မာတစ်ပြည်လုံးသော်လည်ကာင်း ရန်ကုန်တိုင်းတစ်တိုင်းလုံးသော် လည်းကောင်း ခြုံငုံပြီး တိတိကျကျသိမနေဘူး ။ဘာကြောင့်လည်းဆိုတော့ စာရင်းစစ်ကတော့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်ဆီမှာ လည်းရှိနိုင်တယ်။ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှာလည်း ရှိနိုင်တာ ပဲဒါကိုမေး ရင်တော့ ပိုပြီးသေချာမယ်ထင်ပါတယ်။ ခန့်မှန်းခြေကတော့ ပိတ်မလားဖွင့်မလား မသဲ ကွဲဘူး။ ၁ရက်နေ့ဖွင့်မလို့ ၃ရက်နေ့ဖွင့်မလို ၄ရက်နေ့ဖွင့်မလိုလိုမဖွင့်ပဲမဖွင့်မလိုလို ဖွင့်တဲ့စက်ရုံတွေလည်း ဖွင့်ဖို့ ပြင်နေတယ်ပေါ့။ဘာမှန်းတွေတိ တိကျကျသေသေ ချာချာဘာမှကျွန်တော်တို့ကတော့ ရှိမနေဘူးလို့ထင်တယ်ပေါ့လေ။ ဒါပေမယ့် ကာ လတစ်ခုပေါ့။ ဒီလကုန်ပြီး ကျွန်တော်ထင်တယ်။ မေဒေးပြီးရင်လကုန်ပြီးလေးငါး ရက်လောက်မှာတော့အဖြေတစ်ခုထွက်လာနိုင်တယ်လို့ ကျွန်တော်တို့တွေးပါတယ်။

လုံးဝပိတ်သိမ်းတဲ့ဆိုတဲ့ စက်ရုံတွေမှာ အလုပ်သမားတွေ ၃၀၀တို့ ၄၀၀ကျော်လောက်ပိ တ်သွားတယ်ပေါ့။ နည်းနည်းပဲ ကျွန်တော်တို့ ကြားသေးတယ်ပေါ့။ အိတ်စက်ရုံပေါ့။

လူမှုဖူလုံရေးကြေးဆိုတာက အလုပ်သမားအလုပ်ရှင်က လူမှုဖူလုံရေးကြေးသွင်း ရတယ်။ လူမှုဖူလုံရေး အာမခံသွင်းရတယ်။ မှတ်ပုံတင်ရတာပေါ့ဗျာ။ အလုပ်သမား တစ်ဦးချင်း မှတ်ပုံတင်ရတာပေါ့ဗျာ။ လူမှုဖူလုံကြေးကိုတစ်လကို အလုပ်သမား ၂ထောင်နဲ့ အလုပ်ရှင် ၂၅၀၀၊ ၃၀၀၀ထောင်လာက်သွင်းရတယ်။စက်ရုံပေါ်မူတည်ပြီး လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတော့ လူမှုဖူလုံရေးဆိုတာက ငါးယောက်ထပ်ကျော် တဲ့စက်ရုံ ၁၀ယောက်ထပ်ကျော်တဲ့စက်ရုံ အလုပ်ရုံတွေမှန်သမျှ လူမှုဖူလုံရေးမှတ်ပုံ တင်ရတယ်။တော်တော်များများတော့ မတင်တဲ့ စက်ရုံတွေလည်း ရှိ နေသေး တယ်။ လူမှုဖူလုံရေးကြေးသွင်းထားတဲ့အလုပ်သမားတွေရဲ့ ပိုက်ဆံ ကိုပဲအလုပ်သမားတွေကို ပြန်ပေးတာဖြစ်တယ်။ အလုပ်သမားတွေကို တိတိကျ ကျရပ်တည်နိုင်တဲ့ ငွေကြေး အနေအထားမျိုးဟုတ်မနေတာ လည်းတွေရတယ်ပေါ့။ ပိုက်ဆံ ၁၉၀၀၀ထောင် ဘယ် နှစ်ရက်စားရမှာလည်း ၄၈၀၀ ၁၀ရက်စာကို ၄၈၀၀၀ ကို ၄၀ရာခိုင်နူန်းနဲ့ တွက်ကြည့်လေ ဘယ်လောက်ရှိမလဲ။ အခုလက်ရှိအခြေနေကတော့ ဘာဖြစ်နေလည်းဆိုတော့ အလုပ်သမားအများစု အဆောင်လခတွေပေးဖို့မရှိဘူး။စားဝတ်နေရေး တွေခက်ခဲ နေကြတယ် စက်ရုံပြန်ဖွင့်တဲ့ကာလတွေမှာတော့ လောလောဆယ်ရပ်ဆိုင်းထားတဲ့ ကိုဗစ်ကြေညာချက်ကြောင့် ရပ်ဆိုင်းထားတဲ့ သပိတ်တွေက လေးငါးဆယ်ခု လောက်ရှိ တယ်။တရားစွဲခံရတာတွေလည်းရှိတယ်။

ဒီကာလလွန် မြောက်သွားပြီးစက်ရုံအလုပ်ရုံ တွေ ပြန်ဖွင့်တဲ့အချိန်ကျရင် ဘယ်လိုတောင်းဆိုမှုမျိုးတွေ ဘယ်လိုကိစ္စမျိုးတွေဖြစ်လာ မလည်းဆိုတာတော့ အဓိကတော့ ငွေရေးကြေးနဲ့ပတ်သက်တဲ့ လူနေမှုအဆင့်အတန်းနိမ့်ကျတဲ့ ပြဿနာကနေအခြေခံပြီးတော့စားဝတ်နေရေး ကြပ်တည်းမှုကြောင့်စိတ်ထွက်ပေါက်ရှာမှာတွေပေါ့။ စိတ်ထွက်ပေါက်ရှာတာနည်း လမ်းအမျိုးမျိုး ရှိတယ်။မိန်းကလေးဆိုရင်ဘယ်လိုဖြစ်နိုင်မလဲ။ ယောက်င်္ကျားဆိုရင် အရက်တွေေ သာက်မယ်မူးပြီးရမ်းမယ်။ လုတာတွေယက်တာတွေအဲဒီလိုမျိုးတွေ ကျွန်တော်တို့ဒါကို စိုးရိမ်တယ်ပေါ့လေ။ မဖြစ်ပါစေနဲ့လို့ ကျွန်တော်တို့ဆုတောင်းနေတယ်။

တတ်နိုင်သ မျှ ဒီဘက်မှာဝေခြမ်းလှူဒါန်းတာတွေ အလုပ်သမားတွေလုပ်နေပါတယ်။ သက်ဆိုင်ရာ လူမှုဖူလုံရေးဦးစီးဌာနက ၄၀ရာခိုင်နူန်း ထုတ်ပြန်မှုအလုပ်သမား တွေအတွက်လုံးဝ အထောက်အပံ့မဖြစ်တဲ့ စဉ်စားတွေးခေါ်မှုနဲ့လုပ်တာလို့ ကျွန်တော်တို့ သုံးသပ်ပါ တယ်။ ဒါကိုပြန်လည်သုံးသပ်ပြီး ပြင်ဆင်စေချင်ပါတယ်လို့ ပြောချင်ပါတယ်။

ကိုကျော်မျိုးထွေး(Labor Power Group) ဥက္ကဋ္ဌ

သူတို့ကနဦး ကြေညာ တဲ့အထဲမှာတော့ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်း ထားတဲ့အလုပ်သမားတွေပဲပေါ့နော်။ထည့်ဝင်ကြေးပေးသွင်းထားတဲ့အလုပ်သမားတွေ ၄၀ရာခိုင်နူန်းရမယ်လို့ပြောတယ် အဲဒီမှာ နောက်တစ်ချက်စဉ်စားရမှာကဒီလူမှုဖူလုံ ရေးထည့်ဝင်ကြေးကိုအချို့ကမထည့်ဝင်ထားတဲ့ အလုပ်သမားတွေရှိတယ်။ မထည့် ဝင်ထားတဲ့ အလုပ်သမားတွေဆိုတာက အလုပ်သမားတွေက မထည့်ဝင်ချင်လို့မဟုတ် ဘူး။

အလုပ်ရှင်ဖက်ကမဖြတ်တာပေါ့။ အလုပ်ရှင်ဖက်ကမဖြတ်တဲ့ လုပ်ငန်းစုတွေလည်း ရှိတယ်။ ဒါလုပ်ငန်းစုတစ်ခု လုံးလည်းရှိတယ်။ တစ်ချို့စက်ရုံတွေမှာကျတော့ ဥပမာ လူဦးရေ၁ဝဝဝ ရှိရင် ၈ဝဝလောက်ကို ဆောင်ထားတယ်ပေါ့နော်။ လူမှုဖူလုံရေးထည့် ဝင်ကြေးဆောင်ထားတယ်။၂ဝဝ လောက်ကို စာရင်းဖျောက်ထားတာမျိုးလည်း ရှိ တယ်။ အဲဒီလိုအခြေအနေမျိုးတွေမှာ ဆိုလိုရှိရင် အကျုံးဝင်တဲ့လူမှုဖူလုံရေး အာမခံအကျုံးဝင် လုပ်ငန်းတွေ မှန်သမျှသည် လူမှုဖူလုံရေး ထည့်ဝင်ကြေးကို ပေးဆောင်ရမယ်။ ထည့် ဝင်ကြေးသွင်းကိုသွင်းရမယ်ဆိုတဲ့ အခြေအနေမျိုးတော့ရှိတယ်။လူမှုဖူလုံရေး ပုဒ်မ(၁၁) မှာလည်း အကျုံးဝင်လုပ်ငန်းတွေကို အဲဒီမှာပြဌာန်းထားတယ်ပေါ့နော် ။အလုပ်သ မားတစ်ဦးနဲ့ အထက်ပိုရှိရင်တောင်သွင်းရမယ်လို့ပြောထားတာ အဲဒီမှာအကျုံး မဝင်တဲ့လုပ်ငန်းတွေက ကျွန်တော်တို့ ပရဟိတလုပ်ငန်းတွေဖြစ်မယ်။ နောက်ဒီ အကျိုးအမြတ်မယူတဲ့ NGO အဖွဲ့အစည်းမျိုးေ တွပေါ့နော်။

ဒီလိုလုပ်ငန်းမျိုးတွေ လောက်ပဲ ထည့်ဝင်ကြေးမပေးဆောင်ရတဲ့ ကင်းလွတ်ခွင့်ရှိတဲ့ အဖွဲ့အစည် းတွေ လုပ်ငန်းစုတွေထဲမှာပါတာပေါ့။ တစ်ခြားလုပ်ငန်းစုပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တော်တော်များများကလူမှုဖူလုံရေးကြေးထည့်ဝင်ကြေးက လူမှုဖူ လုံရေးကြေးပေးသွင်း ရမယ့်အခြေအနေမျိုးဖြစ်တယ်။ ဥပဒေအရပေါ့။ တစ်ချို့ကျတော့ အဲဒီဟာတွေကိုပေးသွင်းဖို့ ရှောင်ထားတဲ့ဟာတွေရှိတယ်။ အလုပ်ရှင်တွေကတစ်စိတ် တစ်ပိုင်း သော်လည်းကောင်း တစ်ခုလုံးသော်လည်းကောင်း ရှောင်ထားတဲ့ဟာမျိုးတွေ ရှိတယ်။ တချို့ကျတော့လည်း လူနည်းစုနဲ့ပဲလုပ်တယ်ပေါ့။ လူဦးရေ ၂၀နဲ့ ၂၅လော က်နဲ့လုပ်တဲ့ ကုမ္ပဏီလေးတွေရှိတယ်။ အဲဒီကုမ္ပဏီလေးတွေဆိုရင် များသောအားဖြင့် ထည့်ဝင်ကြေးလေးတွေ မပေးသွင်းတာများတယ်။ နောက်ဒီစက်ရုံကြီးတွေဆိုရင် အ ထည်ချုပ်လိုမျိုး စက်ရုံကြီးတွေ လူထောင်ချီစက်ရုံမျိုးကြီးတွေဆိုရင်တော့ သူတို့က ထည့်ဝင်ကြေးဆောင်ကျတာများတယ်။ ဒါပေမယ့် အဲဒီမှာ ဘာလွှတ်နေတာလည်း ဆိုတော့ အဲဒီမှာနေ့စားအလုပ်သမားတွေရှိတယ်။ ထောင်နဲ့ချီပြီးလုပ်တဲ့ စက်ရုံတွေထဲ မှာသူက ဥပဒေမှာကအလုပ်ခန့်ထားပြီး ၁၀ရက်အတွင်း မှတ်ပုံတင်ရမယ်။ ဒီလူမှုဖူ လုံရေးဌာနကို ဒီနေ့စားအလုပ်သမားတွေကလည်း အမှန်မှန်တော့ ကင်း လွတ်နေတဲ့ အချိန်အနေကအလုပ်ရှင်ဖက်ကပေါ့လျော့လို့သာကင်း လွတ်နေတာပေါ့။ ဥပဒေအရ ဆိုရင်တော့ ဒါကင်းလွတ်စရာအကြောင်းမရှိဘူး။ အလုပ်စပြီးတော့လုပ်တယ်။

သူရဲ့ တစ်လပြည့်တဲ့နေမှာပဲ အလုပ်စဝင်ပြီး တစ်လပြည့် တဲ့နေမှာပဲ လူမှုဖူလုံ ရေးကြေးက စဖြတ်ရတော့မှာ အဲဒီလိုမျိုး ဥပဒေအရ တိတိကျကျကလုပ်တယ်ဆိုရင် ဒီအခြေအေ နမျိုးတွေပေါ်မှာမဟုတ်ဘူးပေါ့။ အခုကျတော့ အဲဒီလိုတွေမဟုတ်ဘူး။ မဖြတ်ပဲနဲ့ ချန်ထားခံရတဲ့ အုပ်စုတွေရှိနေတယ်။ တစ်ဖက်မှာတော့ အဲဒီအုပ်စုတွေမှာလေ အဲဒီ အုပ်စုတွေကတော့ ဒီအကျိုးခံစားခွင့်ကို ရမှာတော့မဟုတ်ဘူး။ ဒါပေမယ့်မူလလူမှုဖူ လုံရေး ဥပဒေပုဒ်မ ၆၉ မှာ သူကပြောထားတာရှိတာက ဒီထည့်ဝင်ကြေးတွေ ကိုမပေးသွင်းရင် လူမှုဖူလုံရေးက ပေးမယ့် အကျိုးခံစားခွင့်တွေကို ပဲဖြစ်ဖြစ်လူ မှုဖူလုံရေးက ဆေးကုသမှု ကုန်ကျစရိတ်ကိုပဲဖြစ်ဖြစ် အလုပ်ရှင်ကကျခံရမယ်။ အဲဒီအပြင်ကိုပျက်ကွက်ကြေးဒဏ်ကြေးအနေနဲ့ပါ ဆောင်ရမယ်လို့ပြောထားတာ လက်ရှိမှာ ၄၀ရာခိုင်နှုန်းထဲမှာ မပါသွားတဲ့ ထည့်ဝင်ကြေးဖြတ်တောက်ချင်းမခံ ရသေးတဲ့ အလုပ်သမားတွေက လူမှုဖူလုံရေးကတော့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် စောစောကပြောတဲ့အချက်အလက်တွေအရ ပုဒ်မတွေအရဆိုရင် အဲဒီ၄၀ရာခိုင်နှုန်းကို အလုပ်ရှင်က ပေးရမယ့်တာဝန်ဖြစ်တယ်။

အရေအတွက်တိတိကျကျတော့ကျွန်တော်လည်း သေချာမသိဘူး။ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းကနေ ထုတ်ပြန်ချက်အ ရဆိုရင်တော့ စက်ရုံ ၆၀လားပဲ အဲဒီလိုတော့ ကျွန်တော်တို့တွေ့တယ်။ ၆၀ ကတော့အထည်ချုပ်တွေပဲများ မယ်ထင်တယ်။ အများစုဖြစ်တယ်ပေါ့နော်။ ၆၀မှာဆိုရင် လက်ရှိအလုပ်လက်မဲ့ဦးရေ သောင်းဂဏန်း လောက်ဖြစ်သွားပြီပေါ့။ သောင်းကျော်သွားပြီပေါ့။ ၁၅ဝဝဝနဲ့ ၂ဝဝဝဝ ဝန်းကျင်လောက်တော့ ဖြစ်နေပြီထင်တယ် ။ သူက ထည့်ဝင်ကြေးရဲ့ ၄၀ရာခိုင်နှုန်းပေါ့။ ထည့်ဝင်ကြေးဆိုတာကလစာကို ဘယ်နှုန်းနဲ့ တင်ထားတာလည်း ဆိုတဲ့အပေါ်မှာမူ တည်တယ်။စက်ရုံတစ်ရုံ တစ်ယောက်နဲ့ တစ်ယောက်တူချင်မှတူမယ်။ အထည်ချုပ်စက် ရုံတွေ တော်တော်များများကတော့တူလိမ့်မယ်။ အနည်းဆုံးအခကြေးငွေ ၄၈၀၀ပေါ့။ ထည့်ဝင်ကြေးပေးသွင်းတာပေါ့။ ကုမ္ပဏီကြီးရှိတယ်။ ကုမ္မဏီကြီးတွေဆိုရင် လစာများ တဲ့သူတွေပေါ့။ လစာများ တဲ့သူတွေဆိုရင် သူကပိုသွင်းရတာရှိတယ်။ တစ်ချို့ကျတော့ လည်း အနည်းဆုံးအခကြေးငွေအရ မဟုတ်ဘဲနဲ့ တစ်ချို့ကျတော့လည်း လစာကို ၂သိန်းနဲ့ ဆောင်ထားတဲ့သူတွေရှိတယ်။ ၃သိန်းနဲ့ဆောင်ထားတဲ့သူတွေရှိတယ်။

အဲဒီလို အခြေအနေမျိုးတွေရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရမယ့်၄ဝရာခိုင်နှုန်း ကတော့ တူမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အများစုကတော့ ၄၈၀၀ နဲ့ပဲ ထည့်ဝင်ကြေးကိုပေးသွင်းတာ ဖြစ်တဲ့အတွက်ကြောင့် ဒီ၄၈၀၀ကို ကျွန်တော်တို့ ရာခိုင်နှုန်းနဲ့ ချလိုက်တဲ့အခါကျတော့ ၁၉၂၀ကျပ်ရတယ်။ ၄၀ရာခိုင်နှုန်းဆိုရင်လေ။ အဲဒါကို ၁၀ရက်ပိတ်တယ်ဆိုရင် ၁၉၂၀၀ကျပ်ပေါ့။ အဲဒီလိုရမယ့် သဘောတော့ ရှိတယ်။

ဒါကတော့ အများစုနှုန်းနဲ့ တွက်လိုက်တာပေါ့။ အဲဒီထက်ပိုပြီး ပိုသွင်းထားတဲ့ ထည့်ဝင်ကြေး ပိုသွင်းထားတဲ့သူတွေကတော့ အဲဒီအတိုင်းပဲ ရာခိုင်နှုန်း အလိုက်တ က်သွားပြီးတော့ သူတို့ပိုရမှာပေါ့။လူမှုဖူလုံရေးကြေးဆိုတာက အာမခံထားတာပေါ့။ ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအတွက် ဒီလုပ်ငန်းခွင် ထိခိုက်မှုတွေ အတွက် အာမခံထားတဲ့စနစ်ပါ။ အဲဒီဥစ္စာက အလုပ်ရှင်နဲ့ အလုပ်သမားက လူမှုဖူလုံရေးဌာနမှာ အာမခံထည့်ထားခြင်းအားဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မူတွေ အခက်အ ခဲကြုံလာရင် နောက်တစ်ခုက လုပ်ငန်းထိခိုက်မှုတွေကြုံလာရင် လူမှုဖူလုံရေးက သူတို့အခမဲ့ဆေးကုပေးတာ ဆေးကုသနေတဲ့ကာလမှာကိုဝင်ငွေမရှိရင် အလုပ်သမားကို ရာခိုင်နှုန်းအလိုက် ထောက်ပံ့တာပေါ့။ အဲဒီဟာမျိုးတွေကိုလုပ်တာပေါ့။

အာမခံထားတာပေါ့။ အသက်အာမခံတို့ ကားအာမခံတို့ ပုံစံမျိုးတွေ ထားသလိုပေါ့။ လုံလောက်တာတော့တကယ်မလုံလောက်ဘူးပေါ့။ အလုပ်သမားတွေဘက်ကတော့ ဝေဖန်တာကတော့ အရမ်းနည်းတယ်ပေါ့ ။ အစိုးရဘက်က လည်းဖြစ်နိုင်တဲ့နှုန်းထားကို ပျှမ်းမျှချပြီးတော့ ပေးတယ်။ ဒါကတော့ တစ်ဖက်နဲ့တစ်ဖက်ကတော့အမြင်တွေက တူ ချင်မှတူမှာကျွန်တော်တို့ အနေနဲ့ အလုပ်သမားရေး ကာကွယ်မြှင့်တင့်တဲ့ သူတွေအနေ နဲ့ပြောပါဆိုရင်တော့ ကျွန်တော်တို့ ၄၀ဆိုတာကတော့နည်းတယ်လို့ပဲ သုံးသပ်ပါတယ်။ ပထမကျွန်တော်တို့ ကြားထားတာက ၆၀ရာခိုင်နှုန်းကြားတယ်ပေါ့။

ကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ထဲကနေပြီးတော့ခွဲဝေပြီး ထောက်ပံ့မယ်ပေါ့။ ၆၀ဆယ်ရာခိုင်နူန်းဆိုတော့ ၆၀ဆိုလည်းမဆိုပါဘူး။ အခု ၄ဝဆိုတဲ့အခါကျတော့ရမယ့် အလုပ်သမားကတော့အရမ်းနည်းသွားတယ်။ စားဝတ်နေရေးကတော့ အရမ်းလုံ လောက်အောင်တော့ ဖြစ်မသွားဘူးပေါ့။ တစ်ထောင့်တစ်နေရာတော့ ထောက်ပံ့မှု ရသွားတာပေါ့။ တစ်ရက် ၁၉၂၀ကျပ် ၊ ၂၀၀၀ကျပ်ဝန်းကျင်ရတယ်။ အလုပ်နား နေ ရတဲ့ကာလမှာ၂၀၀၀ကျပ်ဝန်းကျင်ရတဲ့ကာလမှာ လုံးဝမရ လိုက်တာထက်စာလိုရှိရင် တစ်စုံတစ်ရာတော့ အထောက်အပံ့ဖြစ်တာပေါ့။ဒါပေမယ့်လုံလောက်အောင် ရတာလား ဆိုတော့ လုံလောက်အောင်မ ရဘူး။ ဒါပေမယ့် ဒီ၂၀၀၀ကျပ်လောက်နဲ့ လူတစ်ယောက် ကတစ်နေ့မှာ မငတ်အောင်လို့တော့ စားလိုက်လို့ရမယ်။ အဲဒီသဘောပဲရှိပါတယ်။

ကျွန်တော်ထင်ပါတယ် သိပ်တော့လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာနိုင်စရာတော့မရှိ ပါဘူး။ ဒီလောက်ပဲ အစိုးရဆုံးဖြတ်ပြီးတော့ ဒီလောက်ပဲသတ်မှတ်ပေးလိုက်တယ်ဆိုဒီ လောက်ပဲယူကျမှာပါပဲ။ ရတဲ့ဥစ္စာကိုပဲ အလုပ်သမားတွေ ကယူကျမှာပါပဲ။ အဲဒီအပေါ် မှာရာခိုင်နှုန်းနည်းတယ်ဆိုပြီးတော့မှ မကျေနပ်တာတွေတော့ပြောကြ ဆိုကြတော့ရှိမှာ ပေါ့။ အဲဒီအတွက်တော့ ကြီးကြီးမားမားရိုက်ခတ်နိုင်စရာတော့ မရှိပါဘူး။ဒါပေမယ့် ရိုက်ခတ်လာမှာက အကုန်လုံးမရဘူး။ ရတယ်ဆို တဲ့ကိစ္စတွေပေါ့။ တစ်ချို့ကျတော့ လည်း လူမှုဖူလုံရေးကြေးတွေ သူတို့ကို အလုပ်ရှင်ဖက်က မဖြတ်တဲ့ကိစ္စတွေပေါ့။ မဖြတ်ပဲ တစ်ခြားအလုပ်သမားတွေကရတယ်။ကိုယ့်တွေကမရဘူး။နောက်ဆက်တွဲ ပြဿနာ တွေကတော့ အလုပ်သမားရုံးတွေမှာ ရှင်း ရမယ်ထင်တယ်။ အဲဒီလောက်ပဲဖြစ်ဖို့များပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts