Health Local News Web TV

မန္တလေးတိုင်း၊ ရမည်းသင်းတွင် Quarantine ဝင်သူ ၅၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် ၄၀၀ ကျော်သာကျန်ရှိ

မန္တလေးတိုင်း၊ ရမည်းသင်းတွင် Quarantine ဝင်သူ ၅၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိတွင် ၄၀၀ ကျော်သာကျန်ရှိ

ရန်ကုန်၊ ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီးတွင် ရမည်းသင်းမြို့နယ်သည် ပြည်ပမှပြန်ရောက်လာသူ အများဆုံးရှိနေသည့်မြို့ဖြစ်ပြီး စောင့်ကြည့်ခံရသူ ၅၂၄၀ ဦးရှိခဲ့ပြီး လက်ရှိတွင်မူ စောင့်ကြည့်သူ ၄၀၀ ကျော် သာကျန်ရှိတော့ကြောင်း ရမည်းသင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရှိရသည်။

COVID-19 ရောဂါပိုးကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် Facility Quarantine Centre (၅)ခု ထပ်မံ လျာထားကြောင်း ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်မော်က ပြောဆိုသည်။

လက်ရှိအချိန်တွင့်သာသနာ့ဗိမာန်ရှိ Community Based Facility Quarantine Center တွင် ပြည်ပမှပြန်ရောက်လာသူ (၂၄၂)ဦး ၊ ရမည်းသင်းနည်းပညာတက္ကသိုလ် ရှိ Community Based Facility Quarantine Center တွင် တရုတ်နိုင်ငံမှပြန်လာသူ (၁၆၉)ဦး ၊ တိုင်းရင်းဆေးရုံတွင် နေရပ်ပြန်ဝန်ထမ်း(၈) ဦး ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့ပေါ်တွင် စောင့်ကြည့်ခံရသူ(၄၁၉) ဦး နှင့် ရပ်ကွက်၊ကျေးရွာများတွင် (၃၀)ဦးရှိကာ စုစုပေါင်း(၄၄၉)ဦး ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေး မှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများမှ နေထိုင်စားသောက်ရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း၊အဆိုပါ Community Based Facility Quarantine Center (၂) ခု ကို တီးဝိုင်းများဖြင့် ညစဉ် လာရောက်ဖျော်ဖြေလျက်ရှိကြောင်း သိရှိရသည်။

မႏၱေလးတုိင္း၊ ရမည္းသင္းတြင္ Quarantine ၀င္သူ ၅၀၀၀ ေက်ာ္ရွိခဲ့ၿပီး လက္ရွိတြင္ ၄၀၀ ေက်ာ္သာက်န္ရွိ့့

မႏၱေလးတုိင္း၊ ရမည္းသင္းတြင္ Quarantine ၀င္သူ ၅၀၀၀ ေက်ာ္ရွိခဲ့ၿပီး လက္ရွိတြင္ ၄၀၀ ေက်ာ္သာက်န္ရွိရန္ကုန္၊ ဧၿပီ ၃၀ မႏၲေလးတိုင္းေဒသႀကီးတြင္ ရမည္းသင္းၿမိဳ႕နယ္သည္ ျပည္ပမွျပန္ေရာက္လာသူ အမ်ားဆုံးရွိေနသည့္ၿမိဳ႕ျဖစ္ၿပီး ေစာင့္ၾကည့္ခံရသူ ၅၂၄၀ ဦးရွိခဲ့ၿပီး လက္ရွိတြင္မူ ေစာင့္ၾကည့္သူ ၄၀၀ ေက်ာ္ သာက်န္ရွိေတာ့ေၾကာင္း ရမည္းသင္းၿမိဳ႕နယ္၊ ျပည္သူ႕က်န္းမာေရးဦးစီးဌာနထံမွ သိရွိရသည္။ COVID-19 ေရာဂါပိုးႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ Facility Quarantine Centre (၅)ခု ထပ္မံ လ်ာထားေၾကာင္း ရမည္းသင္းၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဆရာ၀န္ႀကီး ေဒါက္တာျမင့္ျမင့္ေမာ္က ေျပာဆုိသည္။လက္ရွိအခ်ိန္တြင့္သာသနာ့ဗိမာန္ရွိ Community Based Facility Quarantine Center တြင္ ျပည္ပမွျပန္ေရာက္လာသူ (၂၄၂)ဦး ၊ ရမည္းသင္းနည္းပညာတကၠသိုလ္ ရွိ Community Based Facility Quarantine Center တြင္ တ႐ုတ္ႏိုင္ငံမွျပန္လာသူ (၁၆၉)ဦး ၊ တိုင္းရင္းေဆး႐ုံတြင္ ေနရပ္ျပန္၀န္ထမ္း(၈) ဦး ရွိေၾကာင္း သိရသည္။ရမည္းသင္းၿမိဳ႕ေပၚတြင္ ေစာင့္ၾကည့္ခံရသူ(၄၁၉) ဦး ႏွင့္ ရပ္ကြက္၊ေက်း႐ြာမ်ားတြင္ (၃၀)ဦးရွိကာ စုစုေပါင္း(၄၄၉)ဦး ကို ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ က်န္းမာေရး၀န္ထမ္းမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး မွတာ၀န္ရွိသူမ်ား၊ ေစတနာ့၀န္ထမ္းမ်ားမွ ေနထိုင္စားေသာက္ေရးႏွင့္ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း၊အဆိုပါ Community Based Facility Quarantine Center (၂) ခု ကို တီးဝိုင္းမ်ားျဖင့္ ညစဥ္ လာေရာက္ေဖ်ာ္ေျဖလ်က္ရွိေၾကာင္း သိရွိရသည္။

Posted by Khit Thit Media on Wednesday, 29 April 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts