All News Local News Peace

TNLA ၊ AA နှင့် MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှု ၂၅ ရက်တာ ထပ်မံတိုးမြှင့်

TNLA ၊ AA နှင့် MNDAA ညီနောင်မဟာမိတ် ၃ ဖွဲ့က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှု ၂၅ ရက်တာ ထပ်မံတိုးမြှင့်

ရန်ကုန်၊ မတ် ၁

ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်သော ကိုးကန့် MNDAA ၊ ပလောင် TNLA နှင့် ရခိုင်AA လက်နက်ကိုင်အဖွဲ့များက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုကို ၄ ကြိမ်မြောက်အဖြစ် ထပ်မံ သက်တမ်းတိုးလိုက်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့ အထိ တစ်ဖက် အပစ်အခတ်ရပ်စဲထားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိရန်၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်၊ လက်ရှိတွင် ဖြစ်ပေါ်နေသော ကော်ရိုနာဗိုင်းရပ်စ်ကို စုပေါင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ရန် အတွက် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှုကို သက်တမ်းတိုးမြှင့်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်သည် ညီနောင်မဟာမိတ်ဖြစ်သော AA အပေါ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး မရပ်တန့်သည့်အပြင် ပြင်းထန်သော ထိုးစစ်ကြီးများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေကြောင်း၊ တအာင်းနှင့်ကိုးကန့်ဒေသတွင်လည်း စစ်ဆင်ရေး ဆက်လက် ပြုလုပ်နေ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ လက်ရှိ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများအား ခုခံသောအနေဖြင့် တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts