All News Election Local News

NLD ပါတီစည်းရုံးရေး မြို့နယ်တစ်ခုလျှင် ကျပ်သိန်း ၃၀ ၊ ခရိုင်တစ်ခုလျှင် ကျပ် ၁၀ သိန်းနှင့် ပြည်နယ်/တိုင်းတစ်ခုလျှင် ကျပ်သိန်း ၂၀ စီ ပထမအရစ် ထုတ်ပေးမည်

NLD ပါတီစည်းရုံးရေး မြို့နယ်တစ်ခုလျှင် ကျပ်သိန်း ၃၀ ၊ ခရိုင်တစ်ခုလျှင် ကျပ် ၁၀ သိန်းနှင့် ပြည်နယ်/တိုင်းတစ်ခုလျှင် ကျပ်သိန်း ၂၀ စီ ပထမအရစ် ထုတ်ပေးမည်

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ပါတီစည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီအတွက် ကျပ်သိန်း(၂၀)စီ၊ ခရိုင်တစ်ခုလျှင် ကျပ်သိန်း(၁၀)စီ နှင့် မြို့နယ်တစ်ခုစီအတွက် ကျပ် သိန်း(၃၀)စီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်မေဝင်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စည်းရုံးရေးရန်ပုံငွေကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မှ ငွေလက်ခံမည့်သူ၏ အမည်၊ ပါတီတာဝန်၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်တို့ ပါရှိရမည်ဖြစ်ကာ ဧရာဝတီဘဏ်နှင့် မြန်မာစီးပွားရေးဘဏ်တို့မှ လွှဲပေးမည်ဖြစ်ပြီး ငွေလွှဲခကို ပါတီရန်ပုံငွေမှ ကျခံသွားမည်ဖြစ်ကာ ငွေရောက်ရှိကြောင်း ပြန်လည်အကြောင်း ကြားရမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုပထမစတင်ပေးသည့် ငွေကြေးသည် ပထမအရစ်ပေးအပ်ခြင်းဖြစ်ပြီး ဆက်တိုက်ဆိုသလို စည်းရုံးရေးအတွက် ငွေကြေးထောက်ပံံ့ရန်ရှိကြောင်း သိရှိရသည်။

NLD ပါတီ၏ စည်းရုံးရေးရန်ပုံငွေများကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး၊ မြို့နယ်အမျိုးသမီး လုပ်ငန်းကော်မတီ ဘဏ္ဍာရေးမှူး (သို့) လူငယ်လုပ်ငန်းအဖွဲ့ ဘဏ္ဍာရေးမှူး နှစ်ဦးတွဲ၍ ငွေစာရင်းဖွင့်လှစ်သုံးစွဲသွားရမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် ပါတီစည်းရုံးရေးရန်ပုံငွေများကို NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်များ၏ စုဆောင်းထားသော ငွေများဖြစ်သည်ဟု ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ထံမှ သိရှိရသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com