Election interview Web TV

NLD ပါတီက စည်းရုံးရေးအတွက် ငွေကျပ်သိန်းဆယ်ချီ ထုတ်ပေးမှု ဒေါက်တာဒေါ်မေဝင်းမြင့် ဘာပြောလဲ(ရုပ်/သံ)

NLD ပါတီက စည်းရုံးရေးအတွက် ငွေကျပ်သိန်းဆယ်ချီ ထုတ်ပေးမှု ဒေါက်တာဒေါ်မေဝင်းမြင့် ဘာပြောလဲ(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သည် ပါတီစည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီအတွက် ကျပ်သိန်း(၂၀)စီ၊ ခရိုင်တစ်ခုလျှင် ကျပ်သိန်း(၁၀)စီ နှင့် မြို့နယ်တစ်ခုစီအတွက် ကျပ် သိန်း(၃၀)စီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင် ဒေါ်မေဝင်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ စည်းရုံးရေးရန်ပုံငွေကို တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မှ ငွေလက်ခံမည့်သူ၏ အမည်၊ ပါတီတာဝန်၊ မှတ်ပုံတင်နံပါတ်နှင့် ဖုန်းနံပါတ်တို့ ပါရှိရမည်ဖြစ်ကာ ဧရာဝတီဘဏ်နှင့် မြန်မာစီးပွားရေးဘဏ်တို့မှ လွှဲပေးမည်ဖြစ်ပြီး ငွေလွှဲခကို ပါတီရန်ပုံငွေမှ ကျခံသွားမည်ဖြစ်ကာ ငွေရောက်ရှိကြောင်း ပြန်လည်အကြောင်း ကြားရမည်ဖြစ်ကြောင်း သိရှိရသည်။

ယခုပထမစတင်ပေးသည့် ငွေကြေးသည် ပထမအရစ်ပေးအပ်ခြင်းဖြစ်ပြီး ဆက်တိုက်ဆိုသလို စည်းရုံးရေးအတွက် ငွေကြေးထောက်ပံံ့ရန်ရှိကြောင်း သိရှိရသည်။

NLD ပါတီ၏ စည်းရုံးရေးရန်ပုံငွေများကို မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦး၊ မြို့နယ်အမျိုးသမီး လုပ်ငန်းကော်မတီ ဘဏ္ဍာရေးမှူး (သို့) လူငယ်လုပ်ငန်းအဖွဲ့ ဘဏ္ဍာရေးမှူး နှစ်ဦးတွဲ၍ ငွေစာရင်းဖွင့်လှစ်သုံးစွဲသွားရမည်ဖြစ်ကြောင်း သိရသည်။

NLD ပါတီအနေဖြင့် ပါတီစည်းရုံးရေးရန်ပုံငွေများကို NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့ဝင်များ၏ စုဆောင်းထားသော ငွေများဖြစ်သည်ဟု ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ထံမှ သိရှိရသည်။

Photo Credit – Reuters

စည္းရုံးေရးအတြက္ ေငြက်ပ္သိန္းဆယ္ခ်ီ ထုတ္ေပးမႈ NLD CEC ေဒါက္တာေဒၚေမ၀င္းျမင့္ ရွင္းလင္း

NLD ပါတီက စည္းရုံးေရးအတြက္ ေငြက်ပ္သိန္းဆယ္ခ်ီ ထုတ္ေပးမႈ ပါတီဗဟုိအလုပ္အမႈေဆာင္ ေဒါက္တာေဒၚေမ၀င္းျမင့္ ဘာေျပာလဲ(ရုပ္/သံ) By ရန္ကုန္ေခတ္သစ္အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) သည္ ပါတီစည္းရုံးေရးလုပ္ငန္းမ်ားလုပ္ေဆာင္ႏိုင္ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တစ္ခုစီအတြက္ က်ပ္သိန္း(၂၀)စီ၊ ခရိုင္တစ္ခုလွ်င္ က်ပ္သိန္း(၁၀)စီ ႏွင့္ ၿမိဳ႕နယ္တစ္ခုစီအတြက္ က်ပ္ သိန္း(၃၀)စီ ထုတ္ေပးသြားမည္ျဖစ္ေၾကာင္း NLD ပါတီဗဟုိအလုပ္အမႈေဆာင္ ေဒၚေမ၀င္းျမင့္က ရန္ကုန္ေခတ္သစ္သတင္းဌာနသုိ႔ ေျပာၾကားသည္။အဆိုပါ စည္းရုံးေရးရန္ပုံေငြကို တိုင္းေဒသႀကီးႏွင့္ျပည္နယ္၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္မွ ေငြလက္ခံမည့္သူ၏ အမည္၊ ပါတီတာဝန္၊ မွတ္ပုံတင္နံပါတ္ႏွင့္ ဖုန္းနံပါတ္တို႔ ပါရွိရမည္ျဖစ္ကာ ဧရာ၀တီဘဏ္ႏွင့္ ျမန္မာစီးပြားေရးဘဏ္တို႔မွ လႊဲေပးမည္ျဖစ္ၿပီး ေငြလႊဲခကို ပါတီရန္ပုံေငြမွ က်ခံသြားမည္ျဖစ္ကာ ေငြေရာက္ရွိေၾကာင္း ျပန္လည္အေၾကာင္း ၾကားရမည္ျဖစ္ေၾကာင္း သိရွိရသည္။ယခုပထမစတင္ေပးသည့္ ေငြေၾကးသည္ ပထမအရစ္ေပးအပ္ျခင္းျဖစ္ၿပီး ဆက္တုိက္ဆိုသလို စည္းရုံးေရးအတြက္ ေငြေၾကးေထာက္ပံံ့ရန္ရွိေၾကာင္း သိရွိရသည္။NLD ပါတီ၏ စည္းရုံးေရးရန္ပုံေငြမ်ားကို ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႔ဝင္ တစ္ဦး၊ ၿမိဳ႕နယ္အမ်ဳိးသမီး လုပ္ငန္းေကာ္မတီ ဘ႑ာေရးမွဴး (သို႔) လူငယ္လုပ္ငန္းအဖြဲ႔ ဘ႑ာေရးမွဴး ႏွစ္ဦးတြဲ၍ ေငြစာရင္းဖြင့္လွစ္သုံးစြဲသြားရမည္ျဖစ္ေၾကာင္း သိရသည္။NLD ပါတီအေနျဖင့္ ပါတီစည္းရုံးေရးရန္ပုံေငြမ်ားကို NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အစိုးရအဖြဲ႔၀င္မ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ အစိုးရအဖြဲ႔၀င္မ်ား၏ စုေဆာင္းထားေသာ ေငြမ်ားျဖစ္သည္ဟု ပါတီဗဟုိအလုပ္မႈေဆာင္အဖြဲ႕ထံမွ သိရွိရသည္။www.khitthitnews.com

Posted by Khit Thit Media on Tuesday, 3 March 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts