Health Local News political news

Covid 19 ရောဂါလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိပြီး လူနာစုစုပေါင်း ၈ ဦး အထိရှိလာ၊ ဗဟန်းမြို့နယ်မှ လူနာမှာ ပြည်ပခရီးသွားခြင်းမရှိဘဲ ပြည်တွင်းတွင် စတင်ကူးစက်ခံရ

Covid 19 ရောဂါလူနာအသစ် ၃ ဦး ထပ်မံတွေ့ရှိပြီး လူနာစုစုပေါင်း ၈ ဦး အထိရှိလာ၊ ဗဟန်းမြို့နယ်မှ လူနာမှာ ပြည်ပခရီးသွားခြင်းမရှိဘဲ ပြည်တွင်းတွင် စတင်ကူးစက်ခံရ

ရန်ကုန်၊ မတ် ၂၇

မြန်မာနိုင်ငံတွင် Covid 19 ရောဂါလူနာ ၃ ဦး ထပ်မံတွေ့ရှိရပြီး လူနာ စုစုပေါင်း ၈ ဦး အထိရှိလာကာ ဗဟန်းမြို့နယ်မှ လူနာမှာ ပြည်ပခရီးသွားခြင်းမရှိဘဲ ပြည်တွင်းတွင် စတင်ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အသက် (၂၉) နှစ်အရွယ် အမျိုးသား (၁) ဦး သည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ ဘာဘေးဒိုးနိုင်ငံ၊ အင်္ဂလန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ (၂၁-၃-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာကြောင်းသိရှိရသဖြင့် ၎င်းအား ဝေဘာဂီအထူးကုဆေးရုံကြီးတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှ စ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပါကြောင်း၊ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန် မြို့) သို့ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့(၂၆-၃-၂၀၂၀)ရက်နေ့တွင် လာရောက်ပြသခဲ့ရာ ပြင်းထန် အဆုတ်ရောင်ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ သီးခြား ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊ ၎င်းမှာ ပြည်ပနိုင်ငံများသို့ လွန်ခဲ့သော (၁၄) ရက်အတွင်း ခရီးသွားရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသား ခရီးသွားများနှင့်အတူ ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့ကြောင်းသိရှိရကြောင်း၊ (၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရကြောင်း သိရှိရသည်။

နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့မှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ပြီး ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်၍ Hotel Quarantine ဆောင်ရွက်စဉ် (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရကြောင်း၊ အဆိုပါလူနာထံမှ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ပေးပို့ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သောဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရကြောင်း၊ အဆိုပါလူနာသည် ဆွစ်ဇာလန်နိုင်ငံတွင် ရောက်ရှိစဉ် (၁၃-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဖြစ်သော ၎င်း၏ ဖခင်နှင့် (၂) နာရီကြာ အနီးကပ် ထိတွေ့ခဲ့သည့်ရာဇဝင်ရှိကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts