Covid 19 ရောဂါကြောင့် ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများအားလုံး ညနေ ၄ နာရီ ပိတ်မည်

Covid 19 ရောဂါကြောင့် ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများအားလုံး ညနေ ၄ နာရီ ပိတ်မည်
ရန်ကုန်၊ မတ် ၂၅
မြန်မာနိုင်ငံတွင် ကူးစက်လျက်ရှိသော Covid 19 ရောဂါကြောင့် ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ ရှိ တန်ခိုးကြီးဘုရားများအားလုံး ညနေ ၄ နာရီ ပိတ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ယနေ့ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး Covid 19 ရောဂါကြောင့် ဘုရားဖူးများ ကပ်ရောဂါဘေးမှ ကင်းဝေးစေရန် ဘုရားဖူးချိန်ကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သာ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်အပါအဝင် တန်ခိုးကြီး ဘုရားစေတီများတွင် တရားဝင် ထုတ်ပြန်ကြေညာချက်ကပ်ထားသည်။
“ဒီနေ့ကစတာပါ။ သာသနာရေးဦးစီးဌာနက ညွှန်ကြားတာပါ။ အဓိကက Covid 19 ကြောင့်ပါ” ဟု ဗိုလ်တထောင်စေတီတော်ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဘုရားစေတီများတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့်ပတ်သက်၍လည်း လတ်တလောကာလအတွင်း မလုပ်ဆောင်ရန် ညွှန်ကြားချက်ရှိကြောင်း၊ ဘုရားရင်ပြင်တော်များတွင် ပိုးသတ်ဆေးရည်ဖြင့် ပက်ဖျန်း ရှင်းလင်းမှုများကိုလည်း လုပ်ဆောင်ရန် ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။


သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ