AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် အစိုးရ ကြေညာ

AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် အစိုးရ ကြေညာ
ရန်ကုန်၊ မတ် ၂၃
ရခိုင်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် သတ်မှတ်ကြေညာကြောင်း အမိန့်ကြေညာချက်ကို အစိုးရက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်သမ္မတက AA အဖွဲ့၏ လုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက်ဖြစ်သည်ဟု ယူဆသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတက မတရားဥပဒေပုဒ်မ ၁၆ အရ အထက်ဖော်ပြပါ အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာကြောင်း ဖော်ပြထားသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ