All News Local News

အာရှရန်ကုန်ဘဏ် တည်ဆဲဥပဒေဖောက်ဖျက်သဖြင့် ဘဏ်လုပ်ငန်းလိုင်စင်ရုပ်သိမ်းခံရ

အာရှရန်ကုန်ဘဏ် တည်ဆဲဥပဒေဖောက်ဖျက်သဖြင့် ဘဏ်လုပ်ငန်းလိုင်စင်ရုပ်သိမ်းခံရ

ရန်ကုန်၊ မတ် ၁၇

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်ကို တည်ဆဲဥပဒေဖောက်ဖျက်သဖြင့် ဘဏ်လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ညနေပိုင်းမှစပြီး အာရှရန်ကုန်ဘဏ်၏ ဘဏ်လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းကြောင်း၊ ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်တွင် အုပ်ချုပ်သူ ခန့်ထားပြီး စီမံအုပ်ချုပ်ကာ ဘဏ်ခွဲများတွင် ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ယူနိုင်ရန် စီစဉ်ထားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သည့်တည်ဆဲဥပဒေချိုးဖောက်ကြောင်းကိုမူ ဗဟိုဘဏ်၏ ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အာရှရန်ကုန်ဘဏ်သည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သက်တမ်း ၂၅ နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။

ဗဟိုဘဏ်တွင် မတည်ရင်းနှီးငွေကျပ် ခုနစ်ဘီလီ ယံခန့်ထားရှိသောဘဏ်ဖြစ်ပြီး ကော်မာရှယ်ဘဏ်အမျိုးအစားဖြစ်သည်။ §ဘဏ်ခွဲပေါင်း ၁၃ ခုရှိပြီး ဒါရိုက်တာအဖြစ် ဦးကျော်မြင့်၊ ဘဏ်ဥက္ကဋ္ဌအဖြစ် ဦးမျိုးပိုင် တို့က ဆောင်ရွက်နေကြောင်း ဘဏ်၏အကြောင်း သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts