All News Health International News

အသက် ၈၆ နှစ်အရွယ် စပိန်တော်ဝင်မင်းသမီး Maria Teresa ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်

အသက် ၈၆ နှစ်အရွယ် စပိန်တော်ဝင်မင်းသမီး Maria Teresa ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ကွယ်လွန်

ရန်ကုန်၊ မတ် ၂၉

စပိန်တော်ဝင် မင်းသမီး ဖြစ်သည့် အသက် ၈၆ နှစ်အရွယ် Princess Maria Teresa de Borbón-Parma သည် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကွယ်လွန်သွားပြီဖြစ်ကြောင်း စပိန်မှလာသော သတင်းများတွင် ဖော်ပြထားသည်။

စပိန်နိုင်ငံဘုရင် Felipe VI နှင့် ဆွေမျိုး တော်စပ်သူ စပိန်တော်ဝင်မင်းသမီးသည် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားခြင်းဖြစ်ကြောင်း သူမ၏ မောင်ဖြစ်သူ စပိန်တော်ဝင်မင်းသား Sixto Enrique de Borbonက လူမှုကွန်ရက်မှတစ်ဆင့် သတင်း ထုတ်ပြန်ကြေညာသည်။

စပိန်တော်ဝင်မင်းသမီးသည် ၁၉၃၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ဈာပနာကို လာမည့် သောကြာနေ့ တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts