interview Web TV

သင်္ဃန်းကျွန်း အိမ် ၂ လုံးတွင် နေထိုင်သည့် တရုတ် ၁၁၈ ဦး တရားဝင်ဗီဇာဖြင့် မတ်လ ၁၉ ရက်နေ့ ဝင်ရောက်ခဲ့၊ ယူနန်မှဖြစ်ပြီး အွန်လိုင်းရှော့ပင်းလုပ်ရန် လာရောက်ဟု ထွက်ဆို(ရုပ်/သံ)

သင်္ဃန်းကျွန်း အိမ် ၂ လုံးတွင် နေထိုင်သည့် တရုတ် ၁၁၈ ဦး တရားဝင်ဗီဇာဖြင့် မတ်လ ၁၉ ရက်နေ့ ဝင်ရောက်ခဲ့၊ ယူနန်မှဖြစ်ပြီး အွန်လိုင်းရှော့ပင်းလုပ်ရန် လာရောက်ဟု ထွက်ဆို(ရုပ်/သံ)

By ရန်ကုန်ခေတ်သစ်

သင်္ဃန်းကျွန်းမြို့နယ်တွင် မတ်လ ၂၁ ရက်နေ့ ညပိုင်းက တရုတ်လူမျိုး ၁၁၈ ဦး ဝင်ရောက်နေထိုင်နေသဖြင့် ရပ်ကွက်ပြည်သူများက တိုင်ကြားရာ အဆိုပါ တရုတ်လူမျိုး ၁၁၈ ဦးကို ၁၄ ရက်တိတိ အသွားအလာ ကန့်သတ်ခြင်းဖြင့် စောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ တရုတ် ၁၁၈ ဦးနှင့်ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သင်္ဃန်းကျွန်းမြို့နယ်မှာ တရုတ်တွေ ဝင်လာတဲ့ကိစ္စ နောက်ဆုံး အခြေအနေလေး သိချင်ပါတယ်။ ရပ်ကွက်ထဲမှာ တရုတ်လူမျိုး ၁၀၀ ကျော်လောက် ဘယ်လိုဝင်ပြီး နေထိုင်ပါသလဲ။

ဖြေ။ ။ အားလုံးဗီဇာနဲ့လာတယ်။ တစ်အိမ်မှာ ၅၄ ယောက်၊ နောက်တစ်အိမ်မှာ ၆၄ ယောက်၊ စုစုပေါင်း ၁၁၈ ယောက်။ အဲဒီအိမ် ၂ လုံးစလုံးက တစ်ဦးတည်းပိုင်တာပါ။ နောက်တစ်ခု လေဆိပ်ကနေ ဗီဇာနဲ့ ဝင်လာတာ၊ ဒါပေမယ့် ကိစ္စက ပြဿနာက ရပ်ကွက်ထဲမှာ ဒီလူတွေ ဒီလောက်အများကြီးနေနေတာကို ပြည်သူတွေက လက်မခံနိုင်ဘူး။ အဲဒီတော့ ကျနော်တို့ကို အကြောင်းကြား၊ ကျနော်တို့က သက်ဆိုင်ရာဌာနတွေနဲ့ သွားပြီး တွေ့ဆုံ ရှင်းလင်းလိုက်တဲ့အခါကျတော့ သူတို့ကို အပူချိန်တိုင်းတဲ့အခါမှာ အားလုံးက Normal ပဲ။ ဘာမှ ပြဿနာမရှိဘူး။ အခု ကျနော်တို့ လဝက ဝန်ကြီးနဲ့ တွေ့ဆုံပြီး ဘယ်လို ကွပ်ကဲ ညွှန်ကြားမလဲမသိဘူး။

မေး။ ။ တရုတ် ၁၁၈ ဦးနေနေတဲ့ အိမ် ၂ လုံးစလုံးက ကပ်နေတာလား။ တွဲထားတာလား။

ဖြေ။ ။ မကပ်ဘူး။ တစ်လမ်းစီပါ။ တစ်ခုက နှင်းဆီနီလမ်း အိမ်နံပါတ် ၉၉ ၊ တစ်ခုက ပန်းဝါလမ်း အိမ်နံပါတ် ၄၃ ။ ကွာပါတယ်။

မေး။ ။ အဲဒီ တရုတ် ၁၁၈ ဦးက ဘယ်နေ့ကတည်းက ရောက်တာလဲ။

ဖြေ။ ။ သိပ်မကြာသေး မတ်လ ၁၉ ရက်နေ့လောက်ကမှ ရောက်တာ။

မေး။ ။ ဒီတရုတ်တွေက အိမ်ငှားပြီးတော့ နေတယ်ဆိုတော့ ဘာလာလုပ်ကြတာလဲ။

ဖြေ။ ။ သူတို့က အပြောအရတော့ Software ရေးမှာရယ်။ အွန်လိုင်းရှော့ပင်းလုပ်မှာရယ်။ တရုတ်ပြည်က ပစ္စည်းကို မြန်မာပြည်မှာ ရောင်းမယ်။ အွန်လိုင်းနဲ့။ မြန်မာပြည်က ပစ္စည်းကို တရုတ်ပြည်မှာ ရောင်းမယ် ။ လက်ရှိ စစ်ဆေးပေါ်ပေါက်ချက်အရ အဲဒီလို ရှိပါတယ်။

မေး။ ။ မြန်မာပြည်ကို ပထမဆုံး ရောက်လာကြတဲ့ သူတွေလား။

ဖြေ။ ။ ဟုတ်တယ်၊ အဲဒီလို ပြောရမှာပေါ့။ သူတို့ ဒီနိုင်ငံကို အဝင်တုံးက သိပ်မကြာသေးဘူး။

မေး။ ။ သူတို့ တရုတ်ပြည်ဘယ်အပိုင်းကလဲ။ ဝူ

ဖြေ။ ။ အများစုကတော့ ယူနန်က ပါ။

မေး။ ။ အဲဒီတရုတ် ၁၁၈ ဦးကို ဘယ်မှာ ထိန်းသိမ်းထားပါလဲ။

ဖြေ။ ။ သူတို့နေနေတဲ့ အိမ်ထဲကနေ အပြင်မထွက်ရဆိုပြီး ထိန်းသိမ်းထားပါတယ်။ အခုက လဝကဝန်ကြီးလည်း ဘာညွှန်ကြားမယ်ဆိုတာ မသိသေးဘူး။ လုပ်ပိုင်ခွင့်ရှိသလောက်တော့ အဲဒီနေရာက ၁၄ ရက်မထွက်ရဆိုတာမျိုးတော့ ကျနော်တို့ ကိုင်တွယ်ထားပါတယ်။

မေး။ ။ အိမ်ရှင်တွေက နိုင်ငံခြားသားကို ငှားတဲ့အခါမှာ ဥပဒေတွေ ရှိတယ်မလား။ ရပ်ကွက်ထဲမှာ အဲဒီလို နေတာကို အသိမပေးတာလား။

ဖြေ။ ။ မှန်ပါတယ်။ ဥပဒေတွေ ရှိပါတယ်။ အသိမပေးဘူးဆိုတာက အားလုံးတော့မဟုတ်ဘူး။ တစ်အိမှာ ၁၀ ယောက် ။ တစ်အိမ်မှာ ၂၂ ယောက် နေတယ်လို့ အသိပေးပြီး ၄၄ ယောက်ကို အသိမပေးတဲ့သဘောပေါ့။ Form C လို့ ခေါ်တယ်။ ပုံစံဂပေါ့။ အကုန်လုံးကို မတိုင်တာ။ အကုန်လုံးကတော့ ခိုးဝင်မဟုတ်ဘူး။ လေဆိပ်ကနေ ပတ်စ်ပို့နဲ့ တရားဝင်ဝင်လာတာ။

မေး။ ။ အဲဒီတရုတ်တွေအားလုံးက ဘာဗီဇာနဲ့ လာတာလဲ။

ဖြေ။ ။ အကုန်လုံးတော့ ကျနော် မသိဘူး။ သက်ဆိုင်တဲ့ လဝကကို မေးမှ ရမယ်။

တရုတ် ၁၁၈ ဦးကို အပြင်မထွက်ရဆိုပြီး ထိန်းသိမ်းထားပါတယ်(ရုပ်/သံ)

"တရုတ် ၁၁၈ ဦးကို အိမ်ထဲကနေ အပြင်မထွက်ရဆိုပြီး ထိန်းသိမ်းထားပါတယ်။ အခုက လ၀က၀န်ကြီးလည်း ဘာညွှန်ကြားမယ်ဆိုတာ မသိသေးဘူး"ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ဦးနှင့်တွေ့ဆုံခြင်းwww.khitthitnews.com

Posted by Khit Thit Media on Sunday, 22 March 2020

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com