All News Health Local News

ရန်ကုန်တွင် အင်္ဂလန်မှ ပြန်လာသူတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိ၊ မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ၃ ဦးရှိလာ

ရန်ကုန်တွင် အင်္ဂလန်မှ ပြန်လာသူတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိ၊ မြန်မာနိုင်ငံတွင် COVID 19 ရောဂါပိုးကူးစက်ခံရသူ ၃ ဦးရှိလာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ရန်ကုန်တွင် အင်္ဂလန်နိုင်ငံမှ ပြန်လာသူတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိရ၍ မြန်မာနိုင်ငံတွင် စုစုပေါင်း ရောဂါပိုးတွေ့ရှိ ကူးစက်ခံထားရသူ ၃ ဦးအထိရှိလာပြီဖြစ်ကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်သည်။

အင်္ဂလန်နိုင်ငံမှ မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်နေသည့် မြန်မာနိုင်ငံသား အသက် (၂၆) နှစ်အရွယ် အမျိုးသားသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ်လ ၂၃ ရက်နေ့၌ အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင်ထားရှိ၍ (isolation) စောင့်ကြပ်ကုသမှု ခံယူခဲ့ကြောင်း၊ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား မတ်လ ၂၄ ရက်နေ့တွင် ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့ခဲ့ရာ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရကြောင်း ဖော်ပြထားသည်။

မတ်လ ၂၃ ရက်နေ့တွင် အမေရိကန်မှ ပြန်လာသူ တစ်ဦးနှင့် အင်္ဂလန်မှ ပြန်လာသူ တစ်ဦးထံမှ COVID -19 ရောဂါပိုး ကူးစက်တွေ့ရှိရကြောင်း ထုတ်ပြန်ထားပြီးဖြစ်ရာ မတ်လ ၂၅ ရက်နေ့ ကူးစက်ခံရသူ ကို ပါထည့်သွင်းတွက်ချက်လျှင် စုစုပေါင်း ၃ ဦး ကူးစက်ခံထားရပြီဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com