All News Local News Peace

ရခိုင်တွင် အင်တာနက်လိုင်းဖွင့်ပေးရေး ဆန္ဒပြကျာင်းသား ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁လ ချမှတ်

ရခိုင်တွင် အင်တာနက်လိုင်းဖွင့်ပေးရေး ဆန္ဒပြကျာင်းသား ၇ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁လ ချမှတ်

ရန်ကုန်၊မတ်လ ၂၅

ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရေး ရန်ကုန်တွင်ဆန္ဒပြခဲ့သောကျောင်းသားကျောင်းသူ၇ဦးကို မတ်လ ၂၅ရက်နေ့တွင် ကမာရွတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁လချမှတ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုစိုင်းသုဝန်ကပြောဆိုသည်။

ယနေ့ ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သော ကျောင်းသား ၇ဦးမှာ ကိုအောင်ပြည့်စုံဖြိုး၊ ကိုနောင်ထက်အောင်၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုသုတစိုး၊ ကိုစစ်နိုင်၊ ကိုသက်တင်အောင် တို့ဖြစ်ကြောင်း အဆိုပါ ရုံးထုတ်သို့ သွားရောက်ဝန်းရံသော ကျောင်းသားများပြောပြချက်အရ သိရသည်။

“ တရားစီရင်ရေး ဟာ စစ်တပ်နဲ့ ပတ်သက်ပြီး ထိလို့ရှိရင် ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးထိတယ်ဆိုလို့ရှိ ရင်ဒီကနေ့လိုပဲ အငြိုှးကြီးကြီးSerious ဖြစ်ဖြစ်ကြီးကို တရားစွဲပြီးထောင်ချနေတာမျိုး။ နောက်ပြီးတော့ ရွေးကောက်ပွဲနီးလာတဲ့ အခြေ အနေမှာ လွတ်လပ်စွာပြောရေးဆိုခွင့်ဆိုတဲ့ဒီမိုကရေစီအခြေခံစံနူန်းကိုပါ ထပ်ပြီး တော့ ချိုးဖောက်တဲ့ ပုံစံမျိုးလို့သတ်မှတ်လို့ရမယ်။ နောက်ပြီးတော့ ရခိုင်မှာဖြစ်နေတဲ့ အင်တာနက် Shut downကိစ္စရယ်နောက်ပြီးတော့ စစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ ကိစ္စရယ်က အရင်ကမှာ ပုံစံတစ်မျိုးနဲ့ တောင်းဆိုခဲ့ပေမယ့် အခုကာလာမှာ ဗိုင်းရပ်စ်ကိစ္စနဲ့ပြည်သူတွေအကုန်လုံးစိုးရိမ်နေတဲ့ အခြေအနေမှာပါ။ထပ်ပြီးတော့ Shut down လုပ်ဖို့ Shut down လုပ်တာကို ရပ်တန့်ပေးဖို့ ပြောတဲ့ကိစ္စကို အဖတ်မလုပ်ရုံသာမကဘဲနဲ့ အဲဒီလိုမျိုး Shut downမလုပ်ဖို့ Shut down လုပ်ဖို့ရပ်ပေးဖို့ ပြောတဲ့သူတွေကိုပါ ထောင်ထဲ ထည့်လိုက်ပြီးတော့အလုပ်ကြမ်းပါထည့်တယ်ဆိုတဲ့ ပုံစံမျိုးကကျွန်တော် တို့တရား စီရင်ရေးက လုံးဝသုံးစားမရလောက်အောင်စုတ်ပြတ်သတ် နေပြီဆိုတဲ့ပုံစံမျိုး ကို ပြောလို့ရတယ် ပြီးခဲ့တဲ့တစ်ခေါက်မှာဆိုရင် တရားရုံးထဲမှာဆိုရင် အကြမ်းဖက်တဲ့ ကိစ္စကဖြစ်ခဲ့တာပေါ့နော်ကျွန်တော်တို့က လက်ရှိပြောရရင်ကျောင်းသား တွေ ပြည်သူ တွေအကုန်လုံးကအားကိုးရာမရှိတော့ဘူးဆိုပြီး ကျွန်တော်တို့ သုံးသပ်လို့ရမယ်တရား စီရင်ရေးပတ်သက်ပြီး ကျွန်တော်တို့ နိုင်ငံတော်ကို အားကိုးစရာလူမရှိ တော့ဘူး ဆိုပြီး တော့ ကျွန်တော်အဲဒီ လိုပဲသုံးသပ်ရမယ်” ဟု ကိုစိုင်းသုဝန်ကပြောဆိုသည်။

ထို့ပြင် ယနေ့အမိန့်ချမှတ်သည့်နေ့တွင် ကျောင်းသားများကို စကားပြောခွင့်မပေးဘဲ အချုပ်ကားပေါ်တန်းတင်ခဲ့ကြောင်း၊ ထို့ပြင် တရားရုံးအတွင်းသို့ မိသားစုများပင်ပေးမဝင်ဘဲ မှတ်ပုံတင်ပြရပြီး လူဦးရေအကန့်အသတ်ဖြင့် ဝင်ခိုင်းကာ ရဲအင်အား ၁ဝဝခန့်ဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ ဒီဟာနဲ့ ပတ်သတ်ပြီးတော့ လောလောဆယ်ကတော့ အဖွဲ့ချုပ်အနေနဲ့ပြန်တိုင်ပင် ပြီးတော့၊ တန်ပြန်အတွက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နှင့် ဒီမတရားအမှုအတွက်ကို တစ်ခုခုကိုပြန်တိုင်ပင်ဖို့တော့ရှိတယ်။ လောလောဆယ်က ဗိုင်းရပ်စ်ကိစ္စနဲ့ပတ်သတ်ပြီးအားလုံးက စိုးရိမ်နေကြတဲ့ကာလမှာ ဒီဟာနဲ့ ပတ်သတ်ပြီးတော့တစ်ခုခုတော့ စဉ်စားပြီးတော့ လုပ်ရမယ့်အနေအထားမျိုးပေါ့” ဟု ကိုစိုင်းသုဝန်ကပြောဆိုသည်။

ဓာတ်ပုံ-ဗကသ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com