Health Local News Peace political news

ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများတွင် COVID 19 ကိုဗစ်ရောဂါကာကွယ်ရေး လက်ဆေးရန် ရေမရှိ၊ အသက် ဖက်နှင့်ထုပ်ထားရ

ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများတွင် COVID 19 ကိုဗစ်ရောဂါကာကွယ်ရေး လက်ဆေးရန် ရေမရှိ၊ အသက် ဖက်နှင့်ထုပ်ထားရ

ရန်ကုန်၊မတ် ၂၉

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် သောက်သုံးရန် ရေပင် အခက်အခဲဖြစ်နေပြီး Covid-19ရောဂါကာကွယ်ရန် လက်ခဏခဏဆေးရန်ဆိုသည်မှာလည်း ရေမရှိ၍ မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီပြောရေးဆိုခွင့်ရှိ သူဒေါ်အေးနုစိန်ကပြောဆိုသည်။

“ Covid -19 အကြောင်းပြောမယ်ဆိုရင် လက်ဆေးဖို့နေသာသာ သောက်ဖို့ရေတောင်မှမရှိတဲ့စစ်ဘေးရှောင် တိုက်ပွဲရှောင် ကျွန်မတို့ ရခိုင်ပြည်သူတွေဘဝကတော့ဒီလောက် ကပ်ကြီးဆိုက်တဲ့အထဲမှာ သေနေကြရတယ်။ ဒုက္ခတွေရောက်ကျရတယ်။ ဘာမှလည်းမရှိဘူး။ အပူချိန်တိုင်းစက်လည်းမရှိဘူး။အင်တာနက်လည်းမရှိဘူး ဖုန်းလည်းမပြောနိုင်ဘူး ကိုယ့် အသက်ကိုပဲဖက်နဲ့ထုပ်ပြီးပြေးနေကျတာ ။ပြေး နေတဲ့အထဲမှ နေစရာတို့ စားစရာတို့ ကလေးတွေ ဒုက္ခရောက်တာတို့ ကိုယ်အင်္ဂါချု့း ယွင်းတာတို့ ဖမ်းဆီးခံရတာ တို့ပျောက်သွားရတာတို့ ကြားထဲမှာ အဲဒီလို Covid- 19 ပြသနာကတော့ စိုးရိမ်တယ်ဆိုပေမယ့် တစ်ပူပေါ်တစ်ပူဆင့်မဟုတ်တော့ပါဘူး” ဟု ဒေါ်အေးနုစိန်ကပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းများမှာ အမ်းမြို့နယ်၊ မြေပုံမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင် မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်၊ စစ်တွေမြို့နယ် တို့ရှိ စစ်ရှောင်စခန်းများဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီက မတ်လ ၂၅ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး အဆိုပါ ကြေညာချက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် စစ်ဘေးဒုက္ခသည်စခန်းများ၌ နေရာထိုင်ခင်းနှင့် အစားအသောက်များရရှိနိုင်ရန် အလွန်ခက်ခဲနေကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု မြန်ဆန်နိုင်ပါသည်၎င်းစစ်ဘေး ဒုက္ခသည်များအား စနစ်တကျစီမံဆောင်ရွက်ပေးရန်၊ COVID -19နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက ထုတ်ပြန်ကြေညာထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာသတိပေး ပညာပေးချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရေးအတွက် အင်တာနက်လိုင်းများ ဖွင့်လှစ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

ထို့ပြင် ချွတ်ခြုံကျကာ စစ်အနိဌာ ရုံကိုခါးသီးစွာခံစားနေကြရသည့် ရခိုင်ပြည်သူများအပေါ်မျှော်လင့်မထားသော COVID -19 အခြေအနေတစ်ရပ်ရပ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများအရေးကို ရေးရူပြီ လက်ရှိ ဖြစ်ပွားနေသောတိုက်ပွဲများကို ယာယီရပ်ဆိုင်းပြီး နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြရန် နှစ်ဖက်စလုံးအားမေတ္တာရပ်ခံအပ်ပါသည်ဟု အချက်၅ချက်ပါဝင်သော ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

COVID -19 သည် ကမ္ဘာလုံးဆိုင်ရာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဆိုးကျိုးကို ဖြစ်စေခြင်းကြောင့် ၎င်းရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သတ်၍ နယ်စည်းမခြား လူမျိုး ဘာသာမခြား ရန်သူမိတ်ဆွေမခြားအဖွဲအစည်းအချင်ချင်း အစိုးရချင်းချင် နိုင်ငံရေးချင်းချင်း ပူပေါင်းဆောင်ရွက်ကြရန် အထူးမေတ္တာရပ်ခံ အပ်ပါကြောင်းလည်း ရခိုင်အမျိုးသားပါတီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ခိုးကိုးရာမဲ့ ဖြစ်နေသော ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လူသားချင်းစာနာသောအားဖြင့် အမြန်ဆုံးကူညီ ဆောင်ရွက်ပေးကြပါရန် မြန်မာနိုင်ငံအစိုးရနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများအာ အလေးအနက်တောင်းဆိုအပ်ပါသည် မြန်မာနိုင်ငံတစ်ဝန်းရှိ လုပ်ငန်းရှင်များနှင့် ကုန်သည်များအနေဖြင့် COVID -19 ရောဂါကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ် နေကြချိန်တွင် လူသားကုန်ပစ္စည်းများ အပေါ်ဈေးနူန်းမြင့်တင်ရောင်း ချင်ခြင်းများ အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ ရှောင်ရှားကြပါရန် အနူးအညွတ်မေတ္တာရပ်ခံ အပ်ပါကြောင်း ထိုထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ ကျွန်မတို့ကတော့ ကိုယ့်ပြည်သူတွေရဲ့ဒုက္ခတွေအတတ်နိုင်ဆုံး ဘယ်လို ကူညီဖြေရှင်းပေးနိုင်မလဲ နှစ်သိမ့်ပြီးတော့ အားပေးနိုင်မလဲ အဲဒီလောက်ပဲတတ်နိုင်ပါတယ်။ အပူတိုင်းစက်မရှိရင်ဘယ်လိုစုဆောင်းပြီး ဝယ်မလည်းအဲဒါမျိုးတွေလောက်ပဲ ကူညီဆောင်ရွက်နိုင်တယ်” ဟု ဒေါ်အေးနုစိန်ကပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မှစစ်ဘေးဒုက္ခသည်စခန်းများတွင် COVID 19 ကာကွယ်ရေး ဆပ်ပြာ နဲ့ နှာခေါင်းစည်းများလည်း အရေးပေါ်လိုအပ်နေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က တရားဝင် ထုတ်ပြန်ကြေညာထားသည်။

လက်ရှိအချိန်တွင် ရခိုင်စစ်ဘေးရှောင် ဒုက္ခသည် ၁သိန်းခြောက်သောင်းရှိနေပြီးရှိ ပုဂ္ဂလိက အလှူရှင်များနှင့် နိုင်ငံရေးပါတီများ CSOများက ပူပေါင်းပြီး ကူညီစောင့်ရှောက်လျက်ရှိ ကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts